“မိုးနှင်သာလျှင်၊ ထွန်းဝါပြိုးပြက်၊ ရောင်ချင်းယှက်မျှ၊ တောင်ထက်တောင်မြတ်၊ တောင်ကျောက်ထွတ်၌၊ လူနတ်များရှင်၊ မြသိတင်နှင့်၊ တပြင်မခြား၊ ရှေ့ယွန်းနားဝယ်၊ တရားဘုန်းခေါင်၊ ဒွတ္တဘောင်ဟု၊ ပြည်ထောင်များနတ်၊ တည်ခဲ့မှတ်သည်၊ လျှံပတ်ညီးညီး၊ ခြောက်သွယ်စီးသာ၊ ရွှေထီးရွှေတိုင်၊ ရွှေခိုင်တခဲ၊ လိုဏ်နန်းထဲက၊ ရဲရဲထွန်းပြောင်၊ ကိုယ်တော်ရောင်ဖြင့်၊ ညီနောင်နှစ်ဖော်၊ ကျွန်းလုံးကျော်သည်၊ မည်တော်ဆုတောင်းပြည့်တကား။” စာဆိုရှင်နဝဒေးကြီး