<<  ရှေ့သို့

တောင်ဘက်စောင်းတန်း၏အနောက်ဘက် (မူလထီးတော်အနီး) ၉လုံး


ဓါတ်ပုံ အလှူရှင်အမည် သက္ကရာဇ် တည်နေရာ တည်နေရာသင်္ကေတ ခေါင်းလောင်းစာ
--ပြည်မြို့ ၊ ရွှေဆံတော်စေတီရင်ပြင်တော်၊
တောင်ဘက်စောင်းတန်း၏
အနောက်ဘက်တွင်ရှိသည်။
(တောင်-မြောက်အတန်း၏
မြောက်ဘက်အစွန်)
D-1ကမ္ပည်းစာရေးထိုးထားခြင်းမရှိ
ကိုဖြူနှင့် အမိအဖသားသမီးတစ်စု ၁၂၃၃ - ခုနှစ် (1872 - A.D)ပြည်မြို့၊ ရွှေဆံတော်စေတီရင်ပြင်
တောင်ဘက်စောင်းတန်း
အနောက်ဘက်တွင်ရှိသည်။
(တောင်-မြောက်အတန်း၏
မြောက်ဘက်မှ စတင်ရေတွက်လျှင်
ဒုတိယ မြောက်ဖြစ်သည်)
D-2ပထမဖောင်းရစ်ရှိစာ
(၁) သက္ကရာဇ် ၁၂၃၃ ခု သီတင်းကျွတ်လ္ဆန်း ၆ ရက် အင်္ဂါနေ့လုပ်ပြီးသည်။
(၂) ခေါင်းလောင်းကျေးချိန်၊ ၁၁ဝါ ၇၅။ ဒင်္ဂါးသင့်။ ၂၇၅ိ ၁ံ။ ခေါင်းလောင်းတကာကိုဖြူ
( ၃) အဖဖြစ်သူ ကိုမြတ်ထွေး အမိဖြစ်သူ မယ်ရွှေ သားဖြစ်သူ မောင်မှူး၊အမကြီး ဖြစ်သူ မယ်အုံ၊ အမိဘ
(၄) သားသမီးတစု နိဗ္ဗာန်ဆုသာဓုနတ်လူခေါ်စေသော။
အရီးပိုင်နှင့် သားသမီးတစ်စု၁၂၈၂ - ခုနှစ် ( 1921 - A.D)ပြည်မြို့ရွှေဆံတော်စေတီရင်ပြင်
တောင်ဘက်စောင်း တန်း
အနောက်ဘက်တွင်ရှိသည်။
(တောင်-မြောက်အတန်း၏
မြောက်ဘက်မှ စတင်ရေတွက်လျှင်
တတိယမြောက်ဖြစ်သည်။
D-3ပထမဖောင်းရစ်ရှိစာ
(၁) ကြီးအချိန် ၂ဝဝအဘိုးငွေသင့် ၁၀၀၀
ဒုတိယဖောင်းရစ်ရှိစာ
(၁) ။ ၁၂၈၂ ခုနှစ် တကူးလဆန်း ၅ ရက်နေ့လုပ်မိညည်။ ပြည်မြို့ ဒီစရိတ်အပိုင်၊ ပုတီးကုန်းမြို့။
(၂) ။ ကိုတင့်ကြီးရွာနေ ခေါင်လောင်ဒယါကါမ အရီပိုင်၊ သားအကျိုး ကိုဘိုသိန်း၊ သ္မီးမညို။
(၃) ။ မြည်မမျှရင်၊ မြည်မောင်ကံ၊ တူမောင်ပွင်၊ ပုတီးကုန်းမြို့ ကောင်းမှု။ နိဗ္ဗာန်ဆုနတ်လူ
(၄) ။ သာဓုခေါ်စေသော၊
ကိုပြောင်၊ မသဲမြ မိသားစုကောင်းမှု ၁၂၆၄ - ခုနှစ် (1903 - AD) ပြည်မြို့၊ ရွှေဆံတော်စေတီရင်ပြင်
တောင်ဘက်စောင်းတန်း
အနောက်ဘက်တွင်ရှိသည်။
(တောင်-မြောက်အတန်း၏
တောင်ဘက်အစွန်ဆုံးတွင် ရှိသည်)
D-4ပထမဖောင်းရစ်ရှိစာ
(၁) သက္ကရာဇ် ၁၂၆၄ ခု တကူးမိဿဆမ်း ပက္ခအခါကောင်းမြတ်သော မင်္ဂလာဖြင့် တွင်ပြည်ရွာနေကိုပြောင်၊ မသဲမျှ၊ တစုတကွသား ကိုမျခင်၊ သ္မီးလှမရွှေမှံ၊ သဒ္ဒါဇော စိတ်သန်း၍ လှူတန်ရန်ခေါင်လောင်းကြည်းချိန်ပေါင်း
(၂) ၅၅ဝ သံတော်ဓါတ်စိန္တေရာကို ဆက်ကပ်ခါလှူတန်၍ ဖျောင့်တမ်းစေတနာဖြင့် ပဌနာဆုတောင်းဝဋ်သုံးဖြာလွတ်ကျောင်းကို သူတော်ကောင်းဒါနပြု၍ ဝါဝပြင် တ . . . . . . . ငါမကျံလှူကြောင်းမှံ၍ နိဗ္ဗာန်ချမ်းသာကို လွယ်ဝါခနရောံယ ပါလိုဝ်ခြင်။
(၃) ဧတေနပုညမကမ္မုနာ ဤကောင်းမှုကြောင့် သုခိကို စိတ်နှစ်ပါးချမ်းသာခြင်းရှိ သည်။ သမ္ပတ္တိတော၊ စည်းစိမ်မြိုးနှင့် ပြိစုံသည်ဟူတွာ၊ ဖြစ်၍၊ အညေဝ၊ သူတပါးတို့ကိုလည်း၊ သုခိကို စိတ်နှစ်ပါးချမ်းသါလေအောင်၊ သပ္ပတ္တိတော၊ စည်းစိမ်မြိုးနှင့်
(၄)ပြိစုံလေအောင်၊ကာတုံ၊ ရွက်ဆောင်ချင်းငှာ၊ ပတော၊ တတ်နိုင်လေ၏။ အန္တေ၊ အဆုံးစွန်း၌၊သီဝံချမ်းသာတကါတို့ထက်လွန်သေါ၊ နိဗ္ဗာန်သို့၊ ဂမေရောံရ လို၏။မေ၊ ငါ၏၊ပုညံ၊ ကောင်းမှုကို ပါဏီနော၊ သတ္တဝါအပေါင်းတို့သည်၊ လဘန္တု၊ရစေကုန်သတည်း
ဒုတိယဖောင်းရစ်ရှိစာ
(၁) ဝါ၊ တနည်းကါး၊ ဧတေနပုကမ္မုနာ၊ ဤကောင်းမှုကျောင့်၊ သုခိ၊ ကောင်းစွာစောင့်စည်သော ဣန္ဒြေရှိသည်၊ သမ္ပတ္တိတော၊ သူတော်ကောင်းဥစ္စာခုနှစ်ပါးနှင့် ပြည့်စုံသည်၊ ဟုတွာ၊ ဖြစ်၍၊ အညေစ၊ သူတပါးကိုလည်း၊ သုခိ၊ ကောင်းစွာ စည်စောင့်သော ဣန္ဒြေရှိလေအောင်၊
(၂) သမ္ပတ္တိတော၊ သူတောင်ကောင်းဥစ္စာခုနှစ်ပါးပြည့်စုံလေအောင်၊ ကါတုံ၊ ရွက် ဆောင်ခြင်းငှါ၊ ပတော၊ တတ်နိုင်လို၏၊ အန္တေ၊ အဆုံးစွန်၌၊ သီဝံ၊ အညိမ်တကါ တို့၏ အထွဋ်သို့၊ ဂမေ၊ ရောံရလို၏၊ မေ၊ ငါ၏၊ ပုံညံ၊ ကောင်းမှုကို၊ ပါဏိနော၊ဇိဝိတိန္ဒြေရှိသမျှတို့သည်၊ လဘန္ဘု ရ၊ကြစေကံသတည်း။
ကုန်သည် ဦးမောင် + မမစါ မိသားစု၁၂၃၃ - ခုနှစ် (I872 - A. D)ပြည်မြို့၊ ရွှေဆံတော်ဘုရား ၊
တောင်ဘက်စောင်းတန်း၏
အနောက်ဘက်တွင်ရှိသည်။
(အရှေ့အနောက်တန်း၏
အရှေ့ ဘက်အစွန်ဆုံးတွင်ရှိသည်။
D-5ပထမဖောင်းရစ်ရှိစာ
(၁) နမောတဿ ဘဂဝတော၊ အရတော၊ သမ္မာသမ္ဗုဒ္ဓဿ။ ။ ဝိသယာဟု။ စက္ကဝါရစ်ခွေ။ အထွေထွေဝယ်။ အညေဆိုညား။ ခေတ်ရပ်များ၌၊ မြတ်ဖြားစိန္တေ။မပွင့်ချေတည့်။ အောင်မြေဆက်ဆက်။ ဘူမိနက်ဟု။ ဤစက္ကဝါ။ မဏ္ဍလါ၌။ ဦးစွာပေါ်ထွန်း၊ ဇမ္ဗူကျွန်းဝယ်။ မှော်ဂွန်းဥဒါန်း။ ထိန်မခန်းတည့်။ လျှံသန်းပြိုး ပြက်၊ မိုဃ်းလုံးလက်မျှ။ ဘုန်းစက်ဆူဆူ။ ပွင့်တော်မူ၍။ နတ်လူရတ်ခွင်။ ကျွတ် တန်းဝင်ကို။
(၂) မဂ္ဂင်ဘုံဆောင်။ စုံရွှေဘောင်ပြင်။ ငွေသောင်သဲငူ။ ကျွန်းနိဗ္ဗူသို့။ ကယ်ယူဆောင် ဟိက်။ ကူးရာဆိတ်တည့်။ ဘိတ်ဘိတ်လျှံထိန်။ ဖန်ရပိန်သို့။ ငါးကြိန်ဖွင့်ရပ်။ ဘဒ္ဒကပ်ဝယ်။ သုံးထပ်မာရဇိန်။ ထွန်းတဲ့ထိန်မှ။ မုနိန္ဒြေ။ သုံးလူဆွေတို့။ ကုဋေ ပိတ်လိန်း။ တိုက်တသိန်း၌။ ရိုက်ဟိန်းသံဝါ။ တူရိယာဟု။ အင်္ဂါကိုးမည်။ တရားစည်ကို။ ကျည်ကျည်ကြူးရင့်။ တီးဆော်မျှင့်လျှက်၊ လေးဆင့်မြောံတွင်။ အောင်ပွဲတည်သည်။ ထွဋ်
(၃) တင်သကျ။ ဂေါဓမ၏။ မိန့်ပြကျမ်းလာ။ သာသနာဝယ်။ မင်္ဂလာသီရိ။ ပြောင် ပြောင်ငြိသား။ ဘူမိအောင်မြေ။ သရေခေတ္တရာ၊ ဝေါဟာလသီ။ ပြည်မြို့ကြီး ၌။ ဝေးနီးခိုလှုံ၊ အိုးတန်းဘုံဝယ်။ မှိတုံရိပ်လည်။ ကုန်သည်ဦးမောင်။ ရွက်ဆောင် ညီညာ။ မမစါနှင့်။ ဆွေညာထိုထို။ မြားပုဂ္ဂိုတို့။ မဂ်ဖိုလ်ရှစ်တန်။ မြိုက်နိဗ္ဗာန် ကို။ အားသန်ကြိုးပန်း။ ရွယ်ရည်မှန်းလျှက်။ ရွှင်လန်းသဒ္ဒါ။ တူမျှပါ၍။ လော ဟာငွေ
(၄) သွင်။ ကြေးသန့်စင်ဖြင့်။ လှုရှင်သမုတ်။ ပစွန်တုတ်ပါ။ သွန်းလုပ်ခေါင်းလောင်း။ ကျတ်ချိန်ပေါင်းသော်။ တသိန်းကျော်၏။ ထိုရောအခါ၊ လူကောဇာကာ။ ။ ၁၂၃၃ ခု။ ဥတုနွေကျုံ။ လနယုန်ဝယ်။ မေခုံရာသီ။ ပုဏ္ဏမီတု။ တူညီသမျှ။ ကြယ်ဇေဋ္ဌတို့။ ထွန်းပဝင်းဝါ။ ပွင့်လင်းသာ၍။ ဒေဝါနတ်ရှင်။ ဖန်စီရင်သို့။ အောင်မြင်လျောံပါတ်။ အပြီးသတ်လျှက်။ ဖြူးမတ်မြင့်ခေါင်။ သူစက်အောင် ဝယ်။ နေရောင်တူ
(၅) လျော်။ ရွှေဆံတော်ကို။ ရည်ရော်ကြည်ဖြူ။ အသံလှူ၏။ နတ်လူပရိသတ်။ သူတော်မြတ်တို့။ မပြတ်သဒ္ဓ။ ပူဇော်ကြလျှင်။ သုခကြီးစွာ။ ပွားတို့ရာဟု။ စေတနာမညှိုး။ သဒ္ဒါနှိုး၍။ ။ ကိုယ်ကြိုးအောင်လန်း။ မြောံပါသည်။ ။ သဒ္ဒဒါန။ ဤပုညကြောင့်။ ဘဝဆုံးစွန်။ ဆင်းရဲလွန်၍။ ပြည်မွန်အောင်ချက်။ နိဗ္ဗာန်ဘက်သို့။ ။ ဆက်ဆက်ဧကံ။ ရောကံလိုသော။ နိဗ္ဗာန်မရ။ သေးသမျှ လည်း။ ဘဝများစွာ။ သံသရာဝယ်။
(၆) ပါရိက။ ကင်းလွတ်ကြ၍။ ဩောဃလေးဖြာ။ သာဝရာဟု။ ချာချာလှည့်စီး။ စက်ဝဲကြီးမှ။ ခရီးတိုလို့။ ထွက်မြောကံလို၏။ ပုဂ္ဂိုအပေါင်း။ သူမြတ်လောင်း တို့။ ကျင့်ကောင်းဆယ်လီ။ ပါရမီကို။ အညီကျိုးစား။ လိုက်မိညား၍။ ။ တရားအထွဋ်တိုင်လိုသေား။ ။ မဟာကုသလ။ မြတ်ဘာဂကို။ မိဘဆရာညာတကာနှင့်။ မဟာဝသုန္တိ။ အညီပညတ်။ မြေစောင့်နတ်ကို။ အမှတ်လည်း ရည်။ သက်သေတည်
(၇) ၍။ ရေကြည်ဧမျ။ သွန်းလောင်းချ၏။ လောကလုံးစုံ။ ဘုံသုံးဆဲ့တစ်။ အဖြစ် များစွာ။ သတ္တဝါအနန္တ။ ရှိသမျှတို့။ ကြွင်းရမကျန်။ မျှဝေဘန်၏။ သုံးတန်သုံ လူ။ နတ်နှင့် လူတို့။ ကြည်ဖြူရှေးရှု။ ဤကောင်းမှုကို။ ။ သာဓုအောင်သံ။ ရွတ်စေသေား။ ခေါင်းလောင်းတကာ ဦးရွှေမောင်၊ ခေါင်းလောင်း အမ မ မစါတို့။ သံသရာ ရှေ့ရရှု။ ဤကောင်းမှုကို။ ဆုမြတ်နိဗ္ဗာန်။ ကျိုအာသံ၍။ လျှင်ချန်မပြတ်။ လူ နတ်သာ ဒုခေါ်စေ သော။
ဦးပြည်၊ မယ်ခွေးနှင့် သားမြေးတစ်စု၁၂၇၃ - ခုနှစ် (1912- A.D) ရွှေဆံတော်ဘုရားရင်ပြင်တော်ရှိ
တောင်ဘက်စောင်းတန်း၏
အနောက်ဘက်တွင်ရှိသည်။
အရှေ့အနောက်တန်းအရှေ့ဘက်မှ
ရေတွက်လျှင် ဒုတိယမြောက်ဖြစ်သည်။
D-6ပထမဖောင်းရစ်ရှိစာ
(၁) သက္ကရာဇ်။ ၁၂၇၃ ခုနှစ်။ ဝါခေါင်လဆန်း။ ၁၁ ရက်နေ့။ ရသော့မြို့ပိုင်။ ဘိုး။ ဦးပြည်။ ဘွားမယ်ခွေး။
(၂) မထောရွာနေ။ အဘဦးရွှေဘော်။ အမိ မယ်ညိန်းမှတ်။ မယ်ညိန်းမှတ်သမီး။ မလေးပုံ။ဘကြီးရိုးရာ။
(၃) သ္မီး ဒေါ်မင်းအူ။ ဒေါ်မင်းအူသား။ ကိုကြာညွန့်။
သမီး မလှလေး။ ဒေါ်မင်းအူ။ အသက်။ ၈ဝ။ ကျော်မလှူသည်။
(၄) ခေါင်းလောင်း။ ၂ လုံးနှင့်။ ရွှေပန်းခိုင်။ ၁ ။ နှင့်။ အဘိုးငွေ။ ၁ဝ၆၀ိ။ ဤ ကောင်းမှု။ နိဗ္ဗာန်ဆုသာဓု။
နတ်လူ။ ခေါ်စေသော်။
ဒုတိယဖောင်းရစ်ရှိစာ
(၁) ခေါင်းလောင်းကျေးချိန် ၁၅၆ါ။ အဘိုးငွေ ၄ဝဝိ။
ဦးတုပ်၊ မမှော် မိသားစု၁၂၄၁ - ခုနှစ် (1880 - A.D)ရွှေဆံတော်ဘုရားရင်ပြင်တော်ရှိ
တောင်ဘက်စောင်းတန်း၏
အနောက်ဘက်တွင်ရှိသည်။
အရှေ့အနောက်တန်း
(အရှေ့မှ စတင်ရေတွက်လျှင်
တတိယမြောက်ဖြစ်သည်)
D-7ပထမဖောင်းရစ်ရှိစာ
(၁) သက္ကရာဇ်။ ၁၂၄၁ ခု။ ဝါဆိုလအတွင်း။ ပြည်မြို့ အလယ်ရပ်နေ။ ဥပါသကာ - ဒါယကာ ဦးတုပ်။ ဒါယကာမ။ မမှော်။ မောင်နှံဇနီး။
(၂) သားကြီး မောင်အံ။ တတုံရင်နှစ်သမီး။ မငွေနှင့်တို့သည်။ သံသရာနှောင်အိမ်။လောင်ရှိန်စွဲညိ။ မချိဆင်းရဲသော) ဇာတိဇရာ။ ဗျာတိမရဏ။ ဝတ်
(၃) ဒုက္ခမှ။ မောစနတ္တာရ။ လွတ်မျောံပါရခြင်းအကျိုးငှါ။ ဣမံဧကတိသရဇတံ။ အချိမ် ၁၃၀။ သွန်းလုပ်အပ်သော။ ကျေးခေါင်းလောင်းကို။ ဗုဒ္ဓမြတ်စွာဘုရား
(၄) အား ပူဇေမိ။ ပူဇော်ပါ၏။ ဣမိနာပုညကမ္မေန။ ဤသို့ ရွှင်လမ်း။ ပီတိဖျမ်း လှူဒမ်းပူဇော်ရသော။ ကုသိုကံစေတနာကြောင့်။ အဟံ။ အကြွန်န်ုပ်တို့ သည်။ ပညာ
(၅) ပတိလာပေါစ။ ဝရဇိမ့်ပမာ။ အရာရာကို။ လွယ်စွာထိုးထွင်း။ တပ်သောပညာဏ်ပညာကို။ လွယ်စွာရခြင်းသည်လည်းကောင်း။ ဝတ္တိစ။ မဟာသာဂရ ဒီလှိုင်း ကဲ့သို့။ ရ
(၆) အပ်ပညာ လွပ်စွာခြင်းသည်လည်းကောင်း။ ဝေပုံလာစန ဘဝတာ။ ရှစ်မျက်နှာ ၌။တိမ်တောင်တက်သို့။ ရအပ်ပညာ။ ပျမ့်နှင့်စွာရှိခြင်းသည်လည်းကောင်း။
(၇) . ဤကောင်းမှုအဘို့ကိုလည်း။ မွေသမိခင်။ မွေသဖခင်။ ဆရာသ္ခင်။ ရေမျေရှင်။ ဘဝရင်မင်တရားကြီးမှစ၍။ ၃၁- ဘုံ ကျင်လည်ကုံသော။ လူနတ်
ဒုတိယဖောင်းရစ်ရှိစာ
(၁) သတ္တဝါအပေါင်းတို့ကို။ အမျှပေးဝေပါကုံ၏။ အဟံ။ အကျွပ်နုပ်တို့နှင့်။ သံမံညီ မျှသော။ ကုသိုအဖို့ကို။ လဘန္တူ၊ရကုန်သည်ဖြစ်ပါစေကုန်သောဝ်။
(၂) အဖိုးတံဒင်္ဂါး ၃၈၇ိ။
ကိုရွှေသော်၊ မလုပ် မိသားစု၁၂၆၀ - ပြည့်နှစ် (1899 - A.D)ရွှေဆံတော်ဘုရားရင်ပြင်တော်ရှိ
တောင်ဘက်စောင်းတန်း
အနောက်ဘက်တွင်ရှိသည်။
အရှေ့အနောက်တန်းအရှေ့ မှစတင်
ရေတွက်လျှင် စတုတ္ထမြောက်ဖြစ်သည်။
D-8ပထမဖောင်းရစ်ရှိစာ
(၁) သက္ကရာဇ်။ ၁၂၆ဝ ပြည့်နှစ်။ ဆင်မကျပ်။ အုပ်ရှစ်ကုံးရွာနေ။ ဒါရကာ။ ကိုရွှေ သော်။
(၂) ဒါရကာမ။ မလုပ်။ သမီး။ မသီဟ။ သားကြီး။ မောင်ဘိုးကြော်။ သားငရ်မောင်ထွန်းယ။ မြည်း။ မစိန်ညွန့်။
(၃) မောင်အုံးဘူးတို့။ ကောင်းမှု။ နိဗ္ဗာန်ဆု။ သာဓုနတ်လူခေါ်စေသော်။
(၄) ကျီးချိန်။ ။ ၁ဝ၅ါ။ ၅ဝိ။ ။ ငွေသင်။ ။
ဦးထွန်းအောင်။ မရွှေမိတ် မိသားစု၁၂၃၃ - ခုနှစ် (1872 - A.D)ရွှေဆံတော်စေတီရင်ပြင်
တောင်ဘက်စောင်းတန်း၏
အနောက်ဘက်တွင်ရှိသည်။
အရှေ့အနောက်တန်းအနောက်
ဘက်ဆုံးတွင် ရှိသည်။
D-9ပထမဖောင်းရစ်ရှိစာ
(၁) ပြည်မြို့ ကိုးမန်းရပ်နေ အဖ ဦးရွှေဒုပ်။ အမိ မယ်တုံ။ မိထွေး မသာကောင်း။
(၂) ခေါင်းလောင်းဒကာ။ ဦးထွန်းအောင်။ ခေါင်းလောင်းအမ။ မရွှေမိတ်။ သ္မီးမရွှေ
(၃) သက်။ သားမောင်ကြီးတိုင်နှင့် သံသရာရှေ့ရှု။ ဤကောင်းမှုကို။ ဆုမြတ်နိဗ္ဗာန်။
(၄) . . .။ သက္ကဒါနအမှုကို။ အမျှပေးဝေပါသည်။ နတ်လူသာဓုခေါ်စေသော။
(၅) သက္ကရာဇ် ၁၂၃၃ ခု၊ တော်သလင်းလပြည့်ကျော်လေးရက် တနင်္လာနေ့ ဆယ်နာရီအချိန်
(၆) တွင်သွန်းလုပ်၍ပြီးသည်။ ၊၊ ကြီးချိန် ၁၃၇၇၅ိရှိသည်။