//360
ထိုခေါင်းလောင်းလေး၏ အကြောင်းအရင်းခံကား ဤသို့ဖြစ်သည်။ ၁၈၅၂-၅၄ ခုနှစ်တွင် ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲများဖြစ်ပွားခဲ့သည်။ ပုဂံမင်းနန်းချ၍ မင်းတုန်းမင်းက ထီးနန်းသိမ်းပိုက်သည့်အချိန်တွင် စစ်ကိုပြေငြိမ်းခဲ့ကြသည်။စစ်ပြေငြိမ်းသော်လည်း အင်္ဂလိပ်တို့မှာ စစ်နိုင်သူဖြစ်သည့်အလျှောက် မြန်မာနေရာဒေသ အသီးသီးမွ အဖိုးတန် ရတနာ ၊ ယဉ်ကျေးမှုပစ္စည်းများကို ထုံးစံအတိုင်း ယူငင်ကြလေသည်။ပြည်မြို့မှ အင်္ဂလိပ်စစ်သားများက ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ ဂေါ်ဒဝင် အားခေါင်းလောင်းလေး တစ္လုံးကို ဆက်သကြသည်။ ထိုခေါင်းလောင်းလေးမှာ ပြည်မြို့ရွှေဆံတော် ဘုရားပေါ်မှ ယူငင်သွားသော ခေါင်းလောင်းလေးဖြစ်သည်။
ခေါင်းလောင်းများတွင် မှတ်တမ်းတင်ထားသော ခုနှစ်များအရ ၆၂ လုံးတွင် အစောဆုံးခေါင်းလောင်းမှာ မြန်မာသက္ကရာဇ် ၉၉၃ ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက် (ခရစ်နှစ် ၁၆၃၁ ခုနှစ်) ဖြစ်သည်။ ထိုကာလသည် ဒုတိယအင်းဝခေတ် ညောင်ရမ်းမင်းဆက်ဖြစ်သော သာလွန်မင်းလက်ထက်တွင် သွန်းလုပ်လှူဒါန်းခဲ့သော ခေါင်းလောင်းဖြစ်သည်။ နောက်အကျဆုံးခေါင်းလောင်းမှာ မြန်မာသက္ကရာဇ် ၁၂၉၉ ခုနှစ် (ခရစ်နှစ် ၁၉၃၇ ခုနှစ်) ကိုလိုနီခေတ်ဖြစ်သည်။ ထင်ရှားသော ခေါင်းလောင်းနှစ်လုံးမှာ ဘိလပ်ပြန် ခေါင်းလောင်းနှင့် ဒွတ္တပေါင်မင်း ခေါင်းလောင်း တို့ဖြစ်ကြသည်။ ခေါင်းလောင်း ၆၂ လုံးအနက် ထူးခြားသည့် အခြားတစ်ခုမှာ ဒွတ္တပေါင်မင်းခေါင်းလောင်းဖြစ်သည်။ ထိုခေါင်းလောင်းသည် ရွှေဆံတော် ရင်ပြင်ရှိ တနင်္ဂနွေထောင့်၌ တည်ရှိသည်။ GPS Location Point အရ မြောက် လတ္တီတွဒ် ၁၈ ဒီဂရီ ၁၉ ဒသမ ၁၁၂၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၃ ဒသမ ၂၇၁၉ မိနစ်တွင် တည်ရှိပါသည်။ ဤခေါင်းလောင်း၏အမြင့်သည် ၄၆ စင်တီမီတာ၊ ပုစွန်တုပ်ကွေးအမြင့် ၈၉ စင်တီမီတာ၊ ဖောင်းနှုတ်ခမ်းအမြင့် ၃၄ စင်တီမီတာ၊ လုံးဝန်းသော ဖောင်းနှုတ်ခမ်းအချင်းသည် ၁၉၉ စင်တီမီတာ၊ ဖောင်းတိုင်တန်းသည် ၁၈ စင်တီမီတာ၊ ဖောင်းနှုတ်ခမ်း အရွယ်ပမာဏသည် လေးစင်တီမီတာ၊ ခြင်္သေ့ (သို့မဟုတ်) မနုဿီဟရုပ်တု၏ အမြင့်သည် ၁၈ စင်တီ မီတာ၊ ခြင်္သေ့ (သို့မဟုတ်) မနုဿီဟ စီးထားသော သိကြားမင်းရုပ်တုသည် ၂၈ စင်တီမီတာရှိကြသည်။ ခေါင်းလောင်း၏ ခါးပတ်အကျယ်မှာ ခြောက်စင်တီမီတာ၊ ခေါင်းလောင်း၏ဗဟိုချက်မှ ခေါင်းလောင်းနားအထိသည် ၆၇ စင်တီမီတာ၊ ခေါင်းလောင်း၏ အချင်းသည် ၂၀ဝ စင်တီမီတာ၊ ခေါင်းလောင်း၏အထူသည် ရှစ်စင်တီမီတာရှိသည်။