<<  ရှေ့သို့

ကျန်စစ်သားမင်းကြီးကျောက်စာ



ကျောက်စာဘာသာပြန်



ပုဂံခေတ် ကျန်စစ်သားမင်းကြီးသည် သက္ကရာဇ်-၄၄၅-ခုနှစ်အေဒီ (၁၀၈၃) မွန်ဘာသာဖြင့် ကျောက်စာ ရေးထိုး ခဲ့သည် ယင်းကျောက်စာကို ရှေးဟောင်းသုတေသနဌာနမှ မြန်မာဘာသာပြန်ထားပါသည် ။

•••မြန်မာဘာသာပြန်ဆိုချက်...... ။

(၁)
။.ဂြီ ။ နမောတဿ ဘဂဝတော အရဟတောသံမာသံဗုဒ္ဓဿ။
သက္ကရာဇ် ၄၄၅-ခု မြိဂသီရ (နှစ်) ဝါခေါင်လဆန်း - သောကြာနေ့
ဥတ္တရဖလဂုဏ္ဏိနက်သတ်(၃)ကန်လဂ်အခါ၌ဓမ္မရာဇာ
မင်းသည်မိမိ၏အဖြစ်ပျက်ဂုဏ်ကျေးဇူးကြောင်းများကိုလူအပေါင်းတို့အားသိစေခြင်းဌာအမိန့်ပြန်၍ရေးသားစေသတည်း ( ၅ )။ ဝ။ ဂြီ ။နမောဗုဒ္ဓါယ ၊နမောဓမ္မာယ၊ နမောသင်္ဃာယ အင်္ဂီရသော သကျမုဏိသဗ္ဗသတ္တာနုကော သဗ္ဗသတ္တုကမောသီဟော။ ရာဇုပတ္တိမဒေသိယိတိ (၈) ၊ အခါတပါးတုံ ဗုဒ္ဓသခင်ဖုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သတင်းသုံးတော်မူစဉ် ဗုဒ္ဓသခင်ဖုရားရှင်သည် (၁၀) ပြုံးတော်မူ၏ ထိုအခါ ဖုရားရှင်၏ စွယ်တော်မှ ခြောက်သွယ်သော ရောင်ခြည်တော်တို့သည် ခပ်သိမ်းသောအရပ်သို့ ထွက်ကြွကွန့်မြူးတော်မူ၏။ ထို့နောက် (၁၂) ခံတွင်းတော်သို့ တဖန်ပြန်၍ဝင်လာကုန်၏။ထိုအခါ ရှင်အာနန္ဒာသည် အံ့ဖွယ်သရဲကိုမြင်၍ လက်အုပ်ချီပြီးလျှင် ပြုံးတော်မူခြင်း၏အကြောင်းကိုဗုဒ္ဓသခင်ဖုရားရှင်အားမေးလျှောက်တော်မူ၏ (၁၄)ထိုအခါ ဗုဒ္ဓသခင် ဖုရားရှင်သည် ရှင်အာနန္ဒာအား ဤသို့မိန်တော်မူ၏။အာနန္ဒာနောင်အခါ(၁၆ )အဘိဉာဏ် ငါးပါးရသော ဗိသ္နူမည်သောရသေ့ တပါးသည် ငါ၏သား ဂဝံပတိသကြားမင်း ဗိဿုကမ္မံ ဝိသကြုံနတ်သား (၁၈) ကဋကမ္မ (အမှူလုပ်) နဂါးမင်းတို့နှင့် အတူ သရေခေတ္တရာ(ဂြီက္ဓေတြ)မည်သောမြို့ကိုတည်ထောင်ပြီးနောက်ဗိဿ္နူ ရသေ့သည် ထိုအဖြစ်မှစုတေခဲ့သော် (၂၀)ဗြဟ္မာပြည်သို့ တက်၍ဖြစ်လတ္တံ့ ငါ၏သာသနာတော် တထောင့်ခြောက်ရာသုံးဆယ့်နှစ် ရောက်သော်အခါ ဗြဟ္မာပြည်မှစုတေ၍(၂၂)နှစ်ပါးသော အမျိုးအနွယ်၌ လာ၍ ဖြစ်လတ္တံ့ ခမည်းတော်ကားအာဒိစ္စဝံသ မင်းမျိုးတည်း။ မယ်တော်ကားဝါး.. ၌... တည်သော - (၂၄)အမျိုးမှ ဖြစ်သတည်း သူသည်အရိမဒ္ဒနပူရမည်သော ပုဂံ (ပေါကာမ်) ပြည်၌-... အရှင်အရဟန်.. (၂၆)အလုံးစုံသောစစ်အင်္ဂါ လေးပါး...တိုင်း.. ငါးဆောင်သောပြာသာဒ်၌များမြတ်သောဗုဒ္ဓ ဘိသိတ်ကိုခံ၍ (၂၈) ငါ၏ သာသနာတော်ကို ချီးပင့်လတ္တံ့… အလုံးစုံသောရတနာဖြင့်ပြီးသောနတ်ပြည်တံခါး၏ ကန့်လန့်ကျင်ကို ဖွင့်ပေး လတ္တံ၊ အလုံးစုံသော သတ္တ၀ါ အပေါင်း.... အလုံးစုံသောအပါယ်လေးပါးကို ဆိတ်ငြိမ်စေလတ္တံ့။ ဓမ္မရာဇာမင်း ဖြစ်လတ္တံ့။
ရှင်းလင်း ချက်
(၁)မျိလ်အဘိပြာယ်ဟူသောစကားနှစ်လုံး၌ မျိလ် ကား ရွတ်သည် နာခံသည် ဟူသော အနက်ရှိ၏။ အဘိပြာယ်ကား (သက္ကဋ) အာသယ(ပါဠိ)ဟူ၏။ အလိုဆန္ဒ အနက်အဓိပ္ပါယ်ဟူသောအနက်ရှိ၏။ ဤအရာ၌ ဝါကျသွားကို လိုက်၍ အမိန့်ထုတ်သည်ဟု ပြန်ဆိုသည်။ (၂)-ဂြီက္မေတြ (သက္ကဋ) သီရိခေတ္တရာ (ပါဠိ) မှသရေခေတ္တရာ ဟူ၍ ရွှေ့လျှော လာသည်။ ...... ။ ဝ ။သက္ကရာဇ် ၄၄၅ ခု၊ မြိဂသီရ နှစ် ဝါခေါင်လဆန်း ** သောကြာနေ ဥတ္တရဖလဂုဏ္ဏိ နက်သက်ကန်လဂ်အခါ၌ ဓမ္မရာဇာမင်းသည် မိမိ၏ အဖြစ်အပျက်ဂုဏ်ကျေးဇူးအကြောင်းများကို လူအပေါင်း တို့အားသိစေခြင်းငှာ အမိန်ပြန်၍ ရေးသားစေသတည်း။ဝ။ အင်္ဂီရသော သကျမုဏိ သဗ္ဗဘူတာနုကမ္ပာကော သဗ္ဗသတုမောသီဟော ရာဇုပတ္တိ (၃) ဒေသယိတိ။၀၊အခါတပါးတုံ ဗုဒ္ဓဖုရားသခင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဗုဒ္ဓဖုရားသခင်သည် ပြုံးတော်မူ၏ ထိုအခါဖုရားရှင်၏ စွယ်တော်မှ ခြောက်သွယ်သော ရောင်ခြည်တော်တို့သည် ခပ်သိမ်းသောအရပ်သို့ ထွက် ကြွကွန့် မြူးတော်မူ၏ ထိုနောက်ခံတွင်းတော်သို့တဖန် ပြန်၍ဝင်လာကုန်၏ ။ ထိုအခါ ရှင်အာနန္ဒာသည် အံ့ဖွယ်သရဲကိုမြင်၍ လက်အုပ်ချီပြီးလျှင် ရယ်တော်မူခြင်း၏ အကြောင်းကို ဗုဒ္ဓဖုရားသခင်အားမေးလျှောက်တော်မူ၏။ ၆။ထိုအခါ ဗုဒ္ဓသခင် ဖုရားရှင်သည် အရှင်အာနန္ဒာအား ဤသို့မိန့်တော်မူ၏။ ။အာနန္ဒာ နောင်အခါ အဘိဉာဏ်ငါးပါး ရသော ဗိဿနိုးမည်သော ရသေ့တပါးသည် ငါ၏သား ဂဝံပတိသကြားမင်း ဗိဿုကမ္မ ဝိသကြုံနတ်သားကဋကမ္မ [အမှုလုပ်) နဂါးမင်းတို့နှင့်အတူ သရေခေတ္တရာ ( ဂြီက္မေတြ ] မည်သော မြို့ကို
(၂)
တည်ထောင်ပြီးနောက် ဗိဿနိုးရသေ့သည် ထိုအဖြစ်မှ စုတေခဲ့ပြီးသော် ဗြဟ္မာပြည်သို့တက်၍ဖြစ်လတ္တံ့။ငါ၏သာသနာ တထောင့်ခြောက်ရာ (၉)သုံးဆယ်နှစ် ရောက်သောအခါ ဗြဟ္မာပြည်မှ စုတေ၍ နှစ်ပါးသော အမျိုးအနွယ်၌လာ၍ဖြစ်လတ္တံ့။ ခမည်းတော်ကား အာဒိစ္စဝံသမင်းမျိုးတည်း။ •။ ပုဂံ(ပေါကာမ်)မည်သော အရှင်အရဟန် .... (၁၂) များ... မုဒ္ဓာဘိသိက်... ....ရတနာဖြင့်ပြီးသောနတ် ပြည်တံခါး ကန့်လန့်ကျင် ..... (၁၅) လူအပေါင်းတို့ အလုံးစုံ ... ရှိ ....(၁၈)…. တစ်… အရိမဒ္ဒနပြည် ......(၂၁) ...... မင်းနေရာ၌ .... (၄) ....ဘေးဥပါဒ်မရှိ ....ဗုဒ္ဓ….မြတ်သောရတနာ (၂၇) .... ဓမ္မရာဇာမင်းဖြစ်....(၁၀) .....တပါးသောမင်း .......... အရိမဒ္ဒန မည်သောပုဂံမြို့၏ ဧဿန် (အရှေ့မြောက်ထောင့် )အားဖြင့်တည်ရှိသောဇေယဘူမိအရပ်၌ ဂြီတြိ ဘူဝနာ ဒိတျဓမ္မရာဇာမင်းသည် နိဗ္ဗာနမူလ ဗဇြပယမဟာဝိဟာရ ....ကိုတည်တော်မူ၏ ထိုသို့ပြုလုပ်ရာ၌ အခြားမင်းများ(၂) (ထိုမင်းကဲ့သို့)လူသူမရှိ။ဝါ။ပြိုင်ဖက်မရှိ။ထို့နောက်ပျက်စီးယိုယွင်း ကွယ်ပျောက် တိမ်မြုပ် သွားသော ပိဋကတ်သုံးပုံကို စုဆောင်း သိမ်းဆည်း သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်တော်မူ၏။ ထိုသို့ပြုလုပ်ရာ၌ အခြားမင်းများ(ထိုမင်းကဲ့သို့) တူသူမရှိ ။ဝါ။ပြိုင်ဖက်မရှိ။ ထို့နောက် အခြားမင်းများဖျက်ဆီးသော ......ဖုရားသခင်၏သုံးခုသော • • ဂြီဗဇြာသ်ကို(၄)ဂြီတြိဘုဝနာဒိတျဓမ္မရာဇာမင်းသည် တပါးမက များလှစွာသော ရတနာတို့ကိုယူ၍သင်္ဘောဖြင့်ပို့စေပြီးလျှင် မြတ်သော" ဂြီဗဇြာသ်"ကိုပြုလုပ်ပြင်ဆင်စေ၏ (လယ်မြေကိုလည်း ဝယ်တော်မူ၏ ကန်လည်းတူးတော်မူ၏။ လယ်မြေ၌ရေ၀ပ်အောင်လည်းပြုတော်မူ၏။ တမံတာရိုးကိုလည်း ဆည်တော်မူ၏။ ဖရောင်း ဆီမီးကိုလည်းမငြိမ်းမသေအောင်ထွန်းညှိပူဇော်စေ၏။စည်ကြီးတူရိယာ အတီးအမှုတ် အဆိုအက တို့ဖြင့် (ပူဇော်သည်မှာလည်း) ရှေးကထက်ကောင်းမွန်သာယာလှ၏ (၆) ထိုသို့ပြုရာ၌ အခြားမင်းများ (ထိုမင်းကဲ့သို့) တူသူမရှိ၊ဝ ၊ပြိုင်ဖက်မရှိ ။ထို့နောက်ဟောင်းနွမ်းပျက်စီးယိုယွင်းနေသော ဓမ္မာသောကမင်း ပြုလုပ်ခဲ့သော အဆောက်အဦကြီး(မဟာဝါဝတ္တု) တို့ကိုလည်း ဂြီတြိဘုဝနာဒိတျ ဓမ္မ ရာဇာမင်းသည် အသစ်ပြုပြင်ဆောက်လုပ်တော်မူ၏ ထိုသို့ပြုလုပ်ရာ၌အခြားမင်းများ(ထိုမင်းကဲ့သို့) တူသူမရှိ၊ ဝါးပြိုင်ဖက်မရှိ။ ထို့နောက်အရိမဒ္ဓနပြည်၌ သီတင်းသုံးနေထိုင်ကုန်သော အရှင်သံဃာ အပေါင်းတို့အား (၈)ဂြီတြိဘုဝနာဒိတျ ဓမ္မရာဇာမင်းသည် ပစ္စည်းတို့ဖြင့်အစဉ်အမြဲ စွန့်ကြဲပေးကမ်းလှူဒါန်းတော်မူ၏။ ထိုသို့ပြုလုပ်ရာ၌ အခြားမင်းများ (ထိုမင်းကဲ့သို့) တူသူမရှိးဝါးပြိုင်ဖက်မရှိ ထို့နောက် မင်းများတို့သည် ယူဆောင်ခဲ့သောအတိုင်းအရှည်မရှိ ထိုအခါဂြီတြိဘုဝနာဒိတျဓမ္မရာဇာမင်းသည် စောလီမင်း (ကျေးကုလားမင်း) ပုဂံပြည်သို့ ရောက်လာကြောင်းကြား သိတော်မူလတ်သော် (၁၀)မင်းကြီးဆင်ခြင်စဉ်းစားသည်မှာ ဤရတနာ သုံးပါးမှတပါးအခြား အကြောင်းသည် ပစ္စုပ္ပန်သံသရာ၌ ကြီးပွားချမ်းသာ ခြင်းကိုဖြစ်စေသော နိဗ္ဗာန်သည် သတ္တဝါတို့ အားမရှိ ဤရတနာသုံး ပါးသည်သာလျှင် ကြီးပွားချမ်းသာဘိ၏။
(ရှင်းလင်းချက်)
(၁) နိဗ္ဗာ နမလဗဇြဗယမကာဝိဟာရ ရွှေစည်းခုံစေတီကိုဆိုလိုသည်
(၂)ကာသိပတိကာအနက်မထင်။
(၃)တြက်ပ္လင်အနက်မထင်
(၄)ဂြီဗဇြာသ်-ဟူသည် ဖုရားဖြစ်ရာ ဗုဒ္ဓဂယာမဟာဗောဓိ ဝဇိရာသန ပလ္လင်ကို ဆိုလိုသည်။
(၅)ဟာဝါ ဝတ္ထု-ဟူသည် သီရီဓမ္မာသောကမင်းတည်ထားခဲ့သောအဆောက်အဦကြီးများကို ဆိုလိုသည်။ထိုအခါမင်းကြီးသည် ဗုဒ္ဓရတနာ၏ ဂုဏ်တော် ဓမ္မရတနာ၏ ဂုဏ်တော် သံဃရတနာ၏ ဂုဏ်တော်တို့ကို (၁၂) ရွှေပြားပေါ်၌ ဟင်္သပြဒါးဖြင့် ရေးစေပြီးလျှင် စောလီမင်း(ကျေးကုလားမင်း)သို့ပို့စေသော် မူ၏ အားလုံးသော အခြံအရံနှင့်တကွ စောလီမင်းသည် ဂြီတြိဘုဝနာဒိတျဓမ္မရာဇာမင်းပေးပို့လိုက်သော ဗုဒ္ဓဓမ္မသံဃတို့၏ ဂုဏ်ကျေးဇူးတို့ကို ကြားသိသောအခါ မိမိစွဲမြဲ နေသော မိစ္ဆာဒိဋ္ဌိအယူမှ သမ္မာဒိဋ္ဌိ အယူသို့ တဖန်ကူးပြောင်းသက်ဝင်သွားတော့၏။ စောလီမင်းသည် မြင်၍ ဝမ်းမြောက်ဝမ်းသာဖြစ်ဘိ၏(၁၄)
(၃)
ပုလဲမျက်နှာကြက် ရတနာခုနှစ်ပါးဖြင့်ပြီးသော ပဒေသာပင် ရတနာခုနှစ်ပါးဖြင့်ပြုလုပ်သော မွမ်းမံခြယ် လှယ်အပ်သော အနားကွပ်၌ ဒေါင်းရံလျှက်ရှိသော ဥဒေါင်းထီး ထီးဖြူဆောင်းကုန်သော အထူးထူးသော ဝတ်စားတန်ဆာ ရုပ်ဆင်းဝါနှင့် ပြည့်စုံသော သမီးတော်တပါးကို ဂြီတြိဘုဝနာ မင်းအား လာရောက်ဆက်သ ပူဇော်တော်မူ၏။ ထိုသို့ပြုလုပ်ရာ၌ အခြားမင်းများ(၁၆)ထိုမင်းကဲ့သို့ လူသူမရှိ-ဝါ- ပြိုင်ဖက်မရှိ - - - ထို့နောက် မြို့သူမြို့သားနယ်သူနယ်သားများ တောသူတောင်သားများတို့၏ အပူဇော်တို့သည် စွမ်းအားအလျှောက် အသီးသီး ပူဇော်ကြကုန်၏၊ပူဇော်ဖွယ်ဖြစ်ကုန်သောရွှေထီး ငွေထီး ရွှေမျက်နှာကြက် ရွှေဖြင့်တွဲရရွဲရကုန်သော ရွှေကဲ၊ရွှေယပ်၊ ရွှေဖျာ၊ ရွှေခြေနင်း၊ ရွှေခြေအိပ်၊ ရွှေသိန္ဒိ၊ ရွှေဆုက်ဇ၊ ရွှေခြင်္သေ့ရုပ် ပဒေသာပင် - (၁၈) ပြသာဒ် • • • • ရတနာခုနှစ်ပါး ဖြင့်ဆန်းကြယ်သော ရွှေဖြင့် ပြုလုပ်သော တပါးမကများလှသော ဆင်ရုပ် လူရုပ် နတ်ရုပ် တစ္ဆေ သရဲရုပ်တို့ဖြင့် သူတို့သည် များစွာပူဇော်ကြကုန်၏။ ထို့နောက် ဖယောင်းဆီမီး ဒေါင်းလန်း ရွှေပန်းတရာ တထောင် နှစ်ထောင် တို့ဖြင့် နေ့စဉ်မပြတ် လစဉ်မပြတ် ပူဇော်ကြကုန်၏၊ထို့နောက် ပန်းထီး ပုဆိုးထီး (၂၀) ဆယ်ထပ်မှ အထပ်ငါးဆယ် အထပ်တရာ တရာ့တဆယ်တထပ် တို့ဖြင့် သူတို့၏ပူဇော်ခြင်းကားများပြားလှဘိ၏။ ထိုအခါ ဆင်ပြောင်တို့သည် . . .. နှင့်ကောက်ယူ၍ ဝါ ပွေ့ယူ၍ - - - ပန်း ....မင်းအားလာရောက်ပူဇော်ကြကုန်၏ မင်းတို့သည်လည်း ကခုန်ကြကုန်၏ သတ္တဝါများ၏ အရုပ်များ ကဲ့သို့လည်း ကောင်း တစ္ဆေသရဲရုပ် နတ်ရုပ်လည်းကောင်း လူတို့သည် ပြုလုပ်ကြ၍ (၂၂) ကခုန် မင်းတို့ထံဝင်ရောက် ကခုန်သီဆိုကြကုန်၏။ ထိုနောက်မြို့တိုင်း နယ်တိုင်းတောတိုင်းတို့၌ ဖြစ်သောအဆိုအက ကဲ့သို့သူတို့သည် . . . မင်းအားလာရောက်ကခုန်သီဆိုပူဇော်ကြကုန်၏ အကျိုးအာနိသင်ရှိသော တရားတော်ဖြင့် လူအပေါင်းတို့အား မင်းသည်သွန်သင် ဆုံးမသောအခါ လူအပေါင်းတို့ ကောင်းချီးနုမော် သာဓုခေါ်သော (၂၄) ဖရောင်း ဆီမီးပန်းပေါက်ပေါက်တို့သည်လည်းမပြတ်မဆဲ မိုးကြီးသည်းသကဲ့သို့တည်း။ ရွှေငွေပစ္စည်းပူဇော် သောသူတို့သည် များပြားလှဘိ၏ ကခြင်းသီခြင်းဖြင့် သက်ရှိသတ္တဝါတို့ကို လွှတ်ခြင်း သည်လည်း တဆယ် နှစ်ဆယ် တရာ တထောင် အားဖြင့် မင်းအား အမျှပေးဝေသည်မှာ များပြား လှဘိ၏။ နောက်ကာလ ဖြစ်သော လူအပေါင်းတို့သည် နိဗ္ဗာန်ရောက်သည်တိုင်အောင် ပစ္စုပ္ပန်သံသရာ၌ ချမ်းသာပါစေသတည်း။ အရပ်တိုင်း၌ နောက်လူတို့သည် ကာလအစဉ်မပြတ် - - မင်း၏မေတ္တာစိတ်အစွမ်းဖြင့် (၂) ....များတို့သည် လမ်းငယ် လမ်းမကြီး မင်းနေရာမှ မပြေးသွားကြကုန်.... လှောင်အိမ်အမိုးပေါ်၌လာရောက်နားနေ ....မင်းသည် လက်ဖြင့် ပွတ်သပ်တော် မူ၏. . (၄)• • • • ဓမ္မဌက်ဟူသောအမည်ကိုမင်းပေးတော်မူ၏ ထိုနောက် လူအပေါင်းတို့သည် ကြာပန်းနှင့် ဝင်ရောက်ခစားသောအခါ စည်တော် သံကိုကြား၍သွား ... တစ်ကောသ နှစ်ကောသ - တစ် ...နှစ်…သူတို့သည် အဝေးသို့ပြေးသွား …..(၆)ထို့နောက်မင်း၏ ရှေ့တော်၍ ရှိနေကြကုန်သော သူတို့သည်…ရွှေကလသာအိုးဖြင့် မင်းသည် ရေစက်သွန်းချပြီးသောအခါ သူတို့သည် ထွက်သွားကြ၏ သဗိုလ်ပါအပေါင်းတို့အား အမိန့်ထုတ်ပြန် - ထမင်းပေးရန် မင်းကြီးသည် ခွင့်ပြုတော်မူ၏ သူတို့၏ ရွှေပန်းနှင့်တကွ..လာ...နေ့စဥ်ဖိုလ်ပါ အပေါင်းတို့အား အမိန့်ထုတ်ပြန်...တိရစ္ဆာန် .(၈)ဝမ်းမြောက်ဝမ်းသာ ဖြစ်သော ဓမ္မ ငှက်မည်သော ....နေ့စဥ် ထမင်းပေးရန် မင်းကြီးသည် ခွင့်ပြုတော်မှု၏ ...မင်းကြီး... ကြာပန်း.... ကြာညိုပန်းသည်အခြားပန်းများ ...ထက်အခါမဲ့ ပွင့်ကြကုန်၏(၁၀)သူတို့သည်...ရှစ်ခု....တို့လည်းပွင့်ကုန်၏...အလုံးစုံသော သစ်ပင် ဝါးပင် - - - - - တို့သည် ပွင့်ကုန်၏။
(၄)
မွှေးကြိုင်သောသစ်သီးတို့သည် ချိုမြိန်ကောင်းမြတ်သော အရသာရှိကုန်၏ ...ယူသူ.. (၁၂)ဂြီတြိဘူဂနာဒိတျ ဓမ္မရာဇာမင်းဖြစ်သော အခါမြေ ကြီးသြဇာတို့သည် တိုးတက်ဖြစ်ပေါ် လာကုန်အံ့ဟု ဖုရားသခင် ဗျာဒိတ်ထားတော်မူ၏ - - - အခြားမင်းတို့သည် ထိုမင်းကဲ့သို့တူသူမရှိ ပြိုင်ဖက်မရှိ • အရိမဒ္ဒနပူရမည်သော ပုဂံ (ပေါကာမ္မ) ပြည်၌ (၁၄) ဤကဲ့သို့ နိဒါန်း ပျိုးတော်မူ၏။၀။ ဗျာ (ကတောဓမ္မရာဇာ) န သတ္တုနာ (ဝရဘူပတိ) ယောဂြီတြိဘုဝနာဒိတျဓမ္မရာဇာတိနာမ) ကော ။ဝ။ ဝေ(ဠုပဗ္ဗဏ္ဏာဇာတာပိတာအာ ဒိစ္စဝင်္သဇော) ဒွိ ဟိဝသေ) ဟိ(နဘူတောဓမ္မရာဇာ)။ဝ။....(ပုညောဒါနမှိဗလဝါ) • • • • • (အနန္တဘောဂသံပု) ဏ္ဏော (ကောဋ္ဌာပရနပ္ပကော) ။ဝ။(တေဇ)သိ....(ယသောသံမရာဇဓမ္မေသု) (အပွေမ) တ္တော ဝိစ (က္ခ) ဏော (၀။ စကု) သင်္ဂဟဓမ္မေဟိ ..... ( ဇနံရညဇတိ) .... (၁၈)... (ရတနတ္တယမာမကော။ဝ) ....ဒေဝ... .ပူဇသက္ကာရ... .(နောသံပုဏ္ဏာရာဇဣဒ္ဓိဟိ) ....(ဏ္ဏာမ)....(နာရာဒိပေါ )၊ဝ၊ (အရိမဒ္ဒနသခါဓ်တေ ပေါကာမေနဂရုတ္တမော). ....(၂၀)......။ဝ။......(ဂုနမတ္တနော)........(ဇာ).....(ကုလော)....။ဝ။......မြို့ကို တည်ထောင်သည်၊ ထို့နောက် အရှင်ဂဝံပဟိမထေရ်သည် ဗိသ္နုရသေ့အား ဤသို့မိန့်တော်မူ၏ ....မြတ်စွာဘုရားသခင် သည်အရှင်အား ဗျာဓိတ်...(၂၂)ဓမ္မရာဇမင်းဖြစ်လတ္တံ့ဆိုသည်မှာ အမည်မှန်ပင်လော့ နောင်အခါ၌လည်း သခင်သည်အလုံးစုံသော သတ္တဝါတို့၏ အကျိုးစီးပွားကိုပြုတော်မူလတ္တံ့ ...နိဗ္ဗာန်.... ဓမ္မရာဇမင်းဖြစ်ခြင်း...သုံးဘဝ....ထိုအခါသိကြားမင်း (ဗိဿုကမ္မ) ဝိသကြုံနတ်သားကဋကမ္မ (အမှုလုပ်) နဂါးမင်း တို့သည် (၂၄) လက်အုပ်ချီမိုး... ထိုအခါဗိဿ္နုရသေ့သည် ဖိတ်ကြားသည်ကို ကြားပြီးနောက် ...ထိုအခါ မြတ်စွာဘုရား.....ကြာမြင့်...မင်း.. လူများသည်လည်းကောင်း အခြားသတ္တဝါများသည်လည်းကောင်း • -- - (၂၆) မင်းသည် အမြဲမပြတ်ရေစက်သွန်းချလှူဒါန်းသည်မှာလည်း များပြားလှဘိ၏ တထောင်မက နှစ်ထောင်မက များပြားလှသော မရေမတွက်နိူင်အောင် ဖုရားလွှတ်ခြင်းလည်းကောင်း၊ စေတီတည်ခြင်းလည်းကောင်း ၊ ကျောင်းဆောက်ခြင်း လည်းကောင်း၊ကန်တူးခြင်းလည်းကောင်း၊အရံဥယျာဉ်စိုက်ပျိုးခြင်းလည်းကောင်း(၂၈) မင်းပြုလုပ်သော ကုသိုလ် ကောင်းမှုကဲ့သို့ သူတို့သည်... ခပ်သိမ်းသောသတ္တဝါတို့အား သံသရာမှ ထွက်မြောက်စေ နိုင်ကုန်၏၊ ထိုနောက် မြို့တိုင်းနယ်တိုင်း ရွာတိုင်းတောတိုင်းရှိ လူအများတို့သည် ....ကခုန် ...နောက် •• မိဘတို့အား လုပ်ကြွေးကြ ကုန်လော့ အလှူပေးခြင်း သီလဆောက်တည်ခြင်း ကုသိုလ်ကောင်းမှုတို့ကို မမေ့လျော့ကြကုန်လင့်။ -..........
(ရှင်းလင်းချက်)
၁။ အုလ်ဝေါး သည် ဗ္လးဂေါးဆိုသောပုဒ်နှင့်တူ၍ ထိုနောက် ဟူသောအနက်ရှိသော ပုဒ်မျိုးဖြစ်သည်။
၂။ကြုံဆိုသောပုဒ်သည် ကြီုက ဆိုသောခေတ်မွန် စကားမျိုးဖြစ်သည်။ အကျိုးအာနိသင် ဟူသောအဓိပ္ပါယ်ရသည်။
၃။ဗလ်ကားဗဝပ် အစုအပေါင်းအခြွေအရံ အသင်းအပင်းဟူသော အနက် အဓိပ္ပါယ်မျိုးသက်ရောက်သည် ထူးခြားသောဝေါဟာရတည်း။
၄။ဒင်နင်အနားကွပ် အနားပတ်သည် ဟူသော အနက်ရှိသည်။
၅။အုလ်ဝေါးသည်ဗ္လဂေါးဆိုသောပုဒ်နှင့်တူ၍ ထိုနောက်ဟူသော အနက်ရှိသော ပုဒ်မျိုး ဖြစ်သည်
၆။သာမတှံ (သက္ကဋ) သာမတ္တိယ (ပါဠိ) အစွမ်းသတ္တိ စွမ်းနိုင်ခြင်း။
၇။သိန္ဓိ အနက်မထင်
၈။ ဆုက်ဇု အနက်မထင်။
၉။ အလ်ဝေါးသည် ဗ္လကား ဆိုသောမွန်နှင့်တူ၍ ထိုနောက်ဟူသော အနက်ရှိ သောပုဒ်မျိုး ဖြစ်သည်။
၁ဝ။ကြုံသောမွန်သည် ကြိုကရိုဘိ ခေတ်မွန်စကားမျိုးဖြစ်သည် အကျိုးအာနိသင်ဟူသော အဓိပ္ပါယ်ရသည်။
(၅)
အင်းဝခေတ်သက္ကရာဇ်(၈၈၇) ခုနှစ်တွင် ပြည်မြို့ရောက် "ဆရာတော် ရှင်မဟာရဋ္ဌသာရ စပ်ဆိုထားသော ပြည်ရွှေဆံတော်ဘုရား ရတု (ပ)ဌာနေတော်၍ ရွှေလှော်ရည်စင်၊ ရည်ရွှင် ထွန်းရောင်၊ဝင်းဝင်းပြောင်သား ထက်ခေါင်ဘိနပ်၊ လုံးရပ်ခပင်း၊ မကြွင်းပတ်ကုံး၊ ဖေါင်းလုံးခရားသီး၊ ရွှေတိပြီးသား၊ရွှေထီးကိုးဆင့်၊ ရောင်လျှံမြင့်နှင့်၊ စွင့်စွင့်ဝန်းကျင်၊ ဝေးနီးမြင်သည်၊ ဆံရှင်ဘုရား၊ ထိုသည်ကားဟု အများလူရွှင်၊ ကြည်လင်ကော်ရော်၊ ညွတ်ပူဇော်သည်၊ ဆံတော်သျှင်တောင်၊ဝီဂန်ချောင်သို့၊ လူ့ဘောင်မျက်ရှု၊ ပျော်ရာပြုသည်၊ အတုမဲ့ရှောင် မြေထဲကျောင်း၌ အပေါင်းညီညာ၊ ဆည်းကပ်လာသည် နရာတမွတ်၊ ဧကရတ်လည်း၊ လေးမြတ်ကြည်စွာ၊ လွန်သဒ္ဓါ သည်၊ သင်္ဃာတို့မိ၊ ဘုန်းတော်ရှိ၊ ဝိစိကိစ္ဆာ၊ သင်္ကာပျောက်မှု၊ နှစ်ခုပဉ္စာပြဿနာ ကို၊ ဖြေပါစိမ်ကြောင်း၊လက်စုံပေါင်း၍၊ ဆံညောင်းဖွဲ့ရွှဉ်း တင်ပျဉ်ခွေလျက်၊ ခြေတော်စက်ကို၊ ဦးထက်တင်ထား၊ မေးလျှောက်ကြားသည်၊ ရွှေနား ရှိုင်းတော်မူဘုရား ။ (ဒု) စာပေပျော်၍၊ မွေ့လျော်ငြိမ်းချမ်း၊ကျောင်းသင်္ခမ်း၌ ရွှင်ဝမ်းမြောက်မြား၊ လူရွှင်အားကို၊ တရားမေတ္တာဘာဝနာနှင့်၊ သီလာစာရ၊ ဂုဏ ပြည့်ဖြိုးမြင့်မိုရ်မိုး၍၊ ပုထိုးကြီးတောင်၊သာထွတ်ခေါင်ငယ်၊ တန်ဆောင်မှန်ကင်း၊သကျမင်းဟု၊ သတင်းမျှပြည့်စုံထသည်၊ဓမ္မခေါင်အား မြတ်ဘုရား။သုံး ပါးဝိရတီ၊ မရှိစပါဗြဟ္မာမှာဟု၊ ကျမ်းလာဆတ်ဆတ်၊ ပရမတ်ပါဠိ၊ မှန်စွာရှိလျှက်၊သီရိပုည၊ မျိုးသကျကို၊ ဓမ္မဒေသနာ၊ဟောပိမ့်ဋ္ဌာဟု၊ဗြဟ္မာသဟံ၊ခြေငံဧးဧးနှုတ်သံလေးနှင့် ဒေသေတုဘန္တေဘဝဂါဓမ္မံ၊ ဒညာတာရောဘဝိဿန္တိက်ဤသို့ရှိသား၊ပါဠိတွတ်တွတ်၊ ရွတ်ဘိသံသာ၊လျှောက်သောခါလည်း၊ဝါစာကောင်းချည်း၊ ဖြစ်သည်တည်းဟူ၊ အသဲစိတ်တွင်း၊မှတ်ကြခြင်းကို၊ စိုးမင်းတကာ၊ပူဇော်ရာသည်၊ သင်္ဃာတို့မိ ဘုန်းတော်ရှိလျှင်၊ သိတော်မူလျောက်၊ ငြိရှောက်မရှိ၊ကျမ်းဂန်ညှိ၍ပါဠိအဋ္ဌကထာ၊ဋီကာလက်သန်း၊ဆန်းကျမ်းအနု၊ ကြည့်ရှုစကောင်း၊ ပိုင်မိန်တောင်းနှင့်၊ ကျမ်းပေါင်းများစွာ၊ ဤသို့လာဟု၊ ပညာစက်သွား၊သန်လျှက်ဖြင့် လွှားလွှားပိုင်းတော်မူ ဘုရား။ (တ) ညာကြေကျော်၍ ၊ ထင်ပေါ်သတင်း ထိန်ထိန်ချင်းသား နဝင်းရွှေကျောင်းကျိန်းအောင်းအစ၊ ပါဒဝန်တောင်၊ပျော်ပြီးနောင်မှ၊ သာခေါင်လွန်ကဲ၊ ကျောင်းမြေထဲနှိုက်၊ ရိပ်တဲနှင့်သာ၊ တင့်ရာမှာလည်း၊ အံ့အာသရဲ၊ စာသင်ပွဲနှင့်၊ လက်ဝဲလက်ယာ၊ ဝေးနီးလာ၍နည်းနာနယ၊ ခံလာကြသည်၊ သင်္ဃာဦးစွန်းကြီးဘုန်းတန်းနှင့်၊ ရွှင်လန်းသောခါ၊ နတ် ဗြဟ္မာတို့၊ လက်ယာမျိုးလျက်၊ လက်ဝဲရွက်၍ တွက်တွက်ခေါက်ခေါက်၊ မလန်းပေါက်ဖြင့်၊ ဝမ်းမြောက်သာကြည် တီးကြသည်ဟု၊ ကျမ်းမည်ပရမတ်၊ လာတုံလတ်သား၊ဖောဌဗ္ဗရုပ်၊ မရှိငုပ်လျက် ဂွမ်းထုပ်နှစ်ပါး၊ထိသောလားလျှင်၊ မကြားလက်သနိဖြစ်လေတန်လျှက်၊ သံဝန်ယူဇနာသင်္ချာတစ်သောင်းကြား လေကြောင်းကို ဝမ်းခေါင်းထဲက ကြံကြတုံရှောင်၊လူအပေါင်းတို့၊ ခနောင်းလှိုက်ထိုး၊ တံပိုးပစ်ချောက် နောက်မှုန်နည်၊သားဆေးရည်သို့မကြည်မောဟ၊ စိတ်ထိုမျှကို၊ လွလွဖြူအောင်၊ ဉာဏ်ရောင်တော်ဝင်း နေမြင်ထွန်း၍မေးမြန်းပဉ္စာ၊ ပြဿနာကို ကျမ်းလာစေ့စေ့ဖြေပြီး၍လျင် ခြင်္သေ့မျိုးတွင်းတန်ခိုးကြီးစွာ၊ ကေသရာဟု၊ ဂူဟာလိုဏ်နန်း၊ဟောက်သံမွန်းသို့ဆန့်တန်းလက်ရုံးကြီးသည့်အသံ၊ ကြေညာလျှံက၊ မင်းဝံတောင်ပေါက်၊ ငါတယောက်လျှင် မြောက်ကဝိ၊ပညာရှိဟူ၊သိလေလူရွှင်၊ဤပွဲတွင်နှိုက်၊ထွတ်တင်ဦး စွန်း၊ နှုတ်သံမွန်း၍ ရွှင်လန်းကျိုင်းတော်မူဘုရား၊ ( ကောက်နှုတ်ချက်) လက်ဝဲနော်ရတာ စုဆောင်းထားသည့် စာဆိုတော်မျာရတုပေါင်းချုပ် ( ၁၉၆၆ ခု ) ဟံသာဝတီပုံနှိပ်တိုက် ရန်ကုန်မြို့။ ရှင်မဟာရဋ္ဌသာရ ဆုတောင်း - ယတ္ထက် မေ ကဟံပုညံ၊ တတ္တကေန ဘဝါဘဝေသံသရန္တော ဥစ္စကုလေ၊ တိက္ခပညာဓိကော ဘဝေးပုညဝါသေဝ သိတွာန၊ အန္တံ ဒုက္ခဿ နိဗ္ဗာနံ ။ မေအကျွန်ုပ်သည်ယတ္ထကံ၊ အကြင်မျှလောက်ပုညံကောင်း မှုကို ကတံ ပြုအပ်ပြီ၊ တတ္ထကေန၊ထိုမျှလောက်သောကောင်းမှုကြောင့်၊ ဘဝါဘဝေဘဝကြီးငယ်၌၊ သံသရန္တော၊ ကျင်လည်ခဲ့သည်ရှိသော်၊ ဥစ္စကုလေ၊ ကြီးမြင့် မြတ်သောအမျိုး၌၊ ဘဝေ၊ ဖြစ်ရပါလို၏။ တိက္ခပညာဓိကော၊ ထက်သောပညာရှိသည်။ဘဝေ၊ ဖြစ်ရပါလို၏။ ပုညဝါသေ၊ ဘုန်းရှိသော မင်းတို့၏နေရာဖြစ်သောပြည်ကြီး၌ ဝသိတွာန၊ နေရပြီး၍ ဒုက္ခဿ၊ ဆင်းရဲ၏အန္တံ အဆုံးဖြစ်သော၊ နိဗ္ဗာနံနိဗ္ဗာန် တည်းဟူသော ရွှေပြည်သို့၊ ဘဝေ၊ ဖြစ်ရပါလို၏။ ( သက္ကရာဇ် ၈၈၇- ခုနှစ်တွင် ပြည်ဘုရင် ဆင်ဖြူ ရှင် သတိုးမင်းစောသည် ဆရာတော် ရှင်မဟာရဋ္ဌ သာရအား အင်းဝနေပြည်တော်မှ ပြည်မြို့သို့ပင့်ဆောင်လာခဲ့သည် ။ ဆရာတော်သည် ပြည်မြို့သို့ရောက်လျှင် ရွှေဆံတော်စေတီတော် မြတ်ကြီးတွင် အဖူးအမြော်ရောက်ရှိကာ၊ ဆုတောင်းခဲ့သောဂါထာ ဖြစ်သည် ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ တို့ဗမာဝတ်ရွတ်စဉ်၊ စာမျက်နှာ (၂၆၁-၂၆၂) မန္တလေး ကြီးပွားရေးစာအုပ်တိုက်၊ ( ၁၉၇၆) ပထမနှိပ်ခြင်း။ ( ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဦးမြဝင်း.မှ ကျေးဇူးပြုသည်။]