ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တနင်္ဂနွေထောင့်ရှိ ရပ်တော်မှုဗျာဒိတ်ပေးရုပ်ပွားတော်ကြီး၏ အလှူရှင်မှာ ပြည်မြို့ ဆင်တဲရွာနေ ဆရာကြီးဦးမန်းဇံ+ဒေါ်နု နှင့် သမီး ဒေါ်မိ မိသားစုတို့က ၁၉၅၃ ခုနှစ်က လှူဒါန်း ပူဇော်ထားကြောင်း၊ ဗိသုကာလက်ရာရှင်မှာ ပြည်မြို့ ဆရာမြိုင်၏တပည့်ဖြစ်သူ မောင်ထွန်းရှိန်_သံလက်သမား အဖွဲ့ ထုံးဘိုမြို့၏ လက်ရာ ဖြစ်ကြောင်း သိရှိရပါသည်။ ထိုရပ်တော်မူ ရုပ်ပွားတော်ကြီးကို ရွှေစင်သင်္ကန်းကပ်လှူရောင်တော်ဖွင့်ခြင်းအလှူရှင်မှာ ၁၉၉၆ ခု၊ မတ်လတွင် ဖခင်ကြီး ဦးထွန်းခင် အားရည်စူး၍ ဒေါ်တင်ရီ (သား) ဦးခင်မောင်ဝင်း+ဒေါ်သီတာအောင် (မြေး) ရဲထူးမောင်၊ လမင်းမောင်၊ ရွှေကူရပ်၊ လမ်းမတော်မှ အလှူတော်ငွေ (၉၅၉၆၅)ကျပ် လှူဒန်းမွမ်းမံခဲ့ပါသည်။