<<ရှေ့သို့  

ခြေရာတစ်ထောင် မောင်မဲခေါင် အဓိဋ္ဌာန်ဂူနှင့် ဓမ္မာရုံတန်ဆောင်း







၁၉၅၀ ပြည့်နှစ်က ပြည်မြို့ လမ်းမတော်လမ်းနေ ရွှေ-ဦးလူကလေး၊ ဒေါ်သိန်းချစ်နှင့် သားသမီးတစ်စုတို့က ရွှေဆံတော်ဘုရားကြီးရင်ပြင် တနင်္လာဂြိုဟ်စင်အရှေ့ဘက်ရှိ လေးပင်သုံးခန်း အုတ်တိုက်ဓမ္မာရုံတန်ဆောင်း တစ်ဆောင်ကိုလည်းကောင်း၊ ခြေရာတစ်တောင် မောင်မဲခေါင် အဓိဋ္ဌာန်ဂူကို ပြုပြင်မွမ်းမံပြီး ဂူအမိုးပေါ်တွင် ပုံဂံရွှေစည်းခုံပုံတော်စေတီငယ် တစ်ဆူကိုလည်းကောင်းတည်ထားကိုးကွယ်သည့် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။ လေးပင်သုံးခန်း၊ အုတ်တိုက်ဓမ္မာရုံတန်ဆောင်းအတွင်း တောင်ဘက်နံရံ၌ ရွှေသင်္ကန်းကပ်လှူထားသည့် ရုပ်ပွားတော်(၃)ဆူမှာ တံကဲများဆင်ယင်ထားသည့် ရွှေပလ္လင်တော်ထက်၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိပါသည်။ ယင်းရုပ်ပွားတော်(၃)ဆူတို့၏ အလှူရှင်ကမ္ပည်းများမှာ အရှေ့ဘက်မှ အနောက်ဘက်သို့ အစဉ်အတိုင်း- - ၁၃၁၃ ခု၊ ရွှေကိုလှစိန်+မလှကြည် နှင့် သားသမီးတစ်စုကောင်းမှု၊ - ၁၃၁၃ ခု၊ ရွှေ ဦးလူကလေး+ဒေါ်သိန်းချစ် ကောင်းမှု၊ - ၁၃၁၃ ခု၊ ကိုလှညိမ်း+မတင်အေးနှင့် သားသမီးတစ်စုကောင်းမှု ဟူ၍ ပါရှိပါသည်။