၁၉၄၈ ခုနှစ်တွင် ပြည်မြို့၊ စစ်ကဲလမ်းနေ အငြိမ်းစားဝန်ထောက်ကြီး ဦးကြံလှိုင်+မင်းကတော် ဒေါ်စိန်ရင် တို့က ငါးပင်လေးခန်းရှိ အုတ်တိုက်မ္မာရုံတန်ဆောင်းကို ဆောက်လုပ်လှူဒါန်းထားပါသည်။ ဓမ္မာရုံတန်ဆောင်းကြီး အတွင်း၌ ရုပ်ပွားတော်မြတ်(၇)ဆူ ကိန်းဝပ်စံပယ်လျက်ရှိပါသည်။ ယင်းဓမ္မာရုံတန်ဆောင်းကြီး၏ အတွင်းပိုင်ရှိ တိုင်လုံးကြီးနှင့်တကွ အတွင်းနံရံအားလုံးကို မှန်စီးခြင်းပြုကြ သည့် အလှူရှင်များမှာ ဦးစိန်ထွန်း+ဒေါ်ခင်စန်းတင့် မိသားစု နှင့် အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးကြီးညွှန့်တင်+ဒေါ်ခင်စန်းတင့် မိသားစုနှင့် အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးကြီး ညွန့်တင်+ဒေါ်ခင်မျိုးဦး သား မောင်ကျော်မျိုးညွန့်၊ သမီး မသူသူအိဟန် မိသားစုတို့က မြန်မာသက္ကရာဇ် ၁၃၅၅ ခု၊ ခရစ်နှစ် ၁၉၉၃ ခုနှစ်တွင် ပြုပြင်မွမ်းမံလှူဒါန်းခဲ့ကြသည်။