<<ရှေ့သို့  

ဒေါ်စောရင် ဓမ္မာရုံတန်ဆောင်း







ရွှေဆံတော်စေတီတော်ရင်ပြင်၏ အင်္ဂါထောင့်တွင် တည်ရှိပါသည်။ ယင်းဓမ္မာရုံ တန်ဆောင်းခေါင်းရင်းပိုင်း အရှေ့ဘက်နံရံတွင် ရုပ်ပွားတော်(၂)ဆူ ကိန်းဝပ်စံပယ်လျက်ရှိပါသည်။ ၁၉၅၃ ခုနှစ်က ပြည်မြို့ အထည်ကုန်သည် ဒေါ်စောရင်၊ ဒေါ်မြသင်၊ ဒေါ်ခင် တို့က ဆောက်လုပ်လှူဒါန်း ထားရာ ယင်းဓမ္မာရုံတန်ဆောင်းသက်တမ်း(၄၄)နှစ်အကြာတွင် ပျက်စီး ယိုယွင်းမှုများပြားလာသဖြင့် မြန်မာ သက္ကရာဇ် ၁၃၅၉ ခုနှစ်၊ ခရစ်နှစ် ၁၉၉၇ ခုနှစ်တွင် ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ ကြီးမှူး၍ ဗုဒ္ဓံ ဓမ္မံ သံဃံ ဝါတွင်း နိဗ္ဗာန်ဆောင်အဖွဲ့၏ လုပ်အားဒါနနှင့် မြို့သူမြို့သား အများကောင်းမှုပါဝင်သော ကျပ် ၅၁၀၀၀၀ ကျပ်(ကျပ်ငါးသိန်းတစ်သောင်း)ဖြင့် ပြုပြင်မွမ်းမံတည်ဆောက်လှူန်းထားပါသည်။ (ဝါတွင်း နိဗ္ဗာန်ဆော် အဖွဲ့ တည်ရာနေရာဌာနလည်းဖြစ်သည်။)