<<ရှေ့သို့  

မြတ်စွယ်တော်တိုက်







မြန်မာသက္ကရာဇ် ၁၂၆၁ ခု၊ တန်ဆောင်မုန်းလ၊ ခရစ်နှစ် ၁၉၀၀ ပြည့်နှစ်က သီဟိုဠ်ကျွန်း(ယခုသီရိလင်္ကာ နိုင်ငံ) ကန္ဒီမြို့မှ ပင့်ဆောင်လာသော ‘မြန်မာပြည်ပထမမြတ်စွယ်တော်’ ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက် ဖြစ်ပါ သည်။ဒုတိယကမ္ဘာစစ်အတွင်း ရင်ပြင်တော်ပေါ်ရှိ မြတ်စွယ်တော်တိုက်အပါအဝင် အဆောက်အအုံ၊ ဓမ္မာရုံ၊ တန်ဆောင်းဇရပ် စောင်းတန်းများပါမကျန် မီးလောင်ပြာကျခဲ့ရသည်။ ထို့ကြောင့် မြတ်စွယ်တော်တိုက်ကို မြန်မာ သက္ကရာဇ် ၁၃၁၁ ခု၊ ခရစ်နှစ် ၁၉၅ဝ ပြည့်နှစ်တွင် အသစ်ပြန်လည်တည်ဆောက် လှူဒန်းကြသည်။ မြတ်စွယ်တော်တိုက်ကောင်းမှုရှင်မှာ ပြည်မြို့ လက်ဖက်ခြောက်ကုန်သည်ကြီး ဦးစံဒွန်း+ဒေါ်လွန်းမေ နှင့် ကျောက်မဲ မြို့နေ နှမ ဒေါ်မြင့် တို့က ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ရင်ပြင်တော်၏ စနေထောင့် အောက်ခံမြေသား ရွေ့လျားမှုကြောင့် ပိုင်တိုင်များစိုက်၍ လည်းကောင်း၊ သံကူကွန်ကရစ်မြေထိန်းနံရံများကာရံခြင်းနှင့် မြေသားသိပ်သည်းခိုင်မာအောင် ပြုပြင် ဆောင်ရွက် ပြီးမြတ်စွယ်တော် တိုက်ကိုလည်း ပြန်လည်ပြုပြင်ခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၁၃၅၃ ခု၊ သီတင်းကျွတ်လ၊ ခရစ်နှစ် ၁၉၉၁ ခု၊ အောက်တိုဘာလတွင် မြတ်စွယ်တော် တိုက်ကိုအများပြည်သူကောင်းမှုဖြင့် မူလအလှူရှင်များလှူဒါန်းစဉ်က ခန်းပွင့်(၄)ခန်းမှ (၃)ခန်း တိုးချဲ့ ဆောက်လုပ် ခဲ့ရာယခုခန်းပွင့်(၇)ခန်းဖြစ်လာပြီး ဘုရားဖူးပြည်သူများ ပိုမိုများပြားစွာ စွယ်တော်တိုက်အတွင်း ဝင်ရောက် ဖူးမြော်နိုင်ကြပါသည်။ မြတ်စွယ်တော်တိုက်ခေါင်းရင်းခန်းတွင် မြတ်စွယ်တော် (၁)နှစ်တာ ကိန်းဝပ်စံပယ်ရန် ဂန္ဓကုဋီတိုက် ကိုပါ တည်ဆောက်ထားပါသည်။ ယင်းဂန္ဓကုဋီတိုက်အတွင်း၌ မြတ်စွယ်တော်နှင့်တကွ စိန်စေတီ၊ ပတ္တမြားစေတီတော် တို့ ကိန်းဝပ်နိုင်ရန် ကြေးစေတီတော်ရှိရာ ယင်းကြေး စေတီတော်အတွင်း(၁)နှစ်တာ ကိန်းဝပ်စံပယ်တော်မူပါသည်။