<<ရှေ့သို့  

ကျားပျံဓမ္မာရုံသစ်ကြီး







ခရစ်နှစ် ၁၉၈၉ ခုနှစ်က ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် စနေထောင့်သည် အောက်ခံ မြေသား မခိုင်မာမှုကြောင့်လည်းကောင်း၊ မြေသားရွေ့လျားမှုကြောင့်လည်းကောင်း နိမ့်ကျသွားသည်တို့ကြောင့် ယင်းရင်ပြင် ပေါ်ရှိ လေးလံလှသည့် အဆောက်အအုံများဖြစ်သည့် ကျားပျံမ္မာရုံဟောင်း ခြောက်ခန်းတွဲသီလပေးဓမ္မာရုံနှင့် ဆင်းတုတော်ကြီး ခြောက်ဆူတန်ဆောင်းများကို ဖျက်သိမ်းခဲ့ရသည်။ ဤသို့ စနေထောင့်မြေရွှေ့လျားမှုကို သိပ်သည်းခိုင်မာအောင်ဆောင်ရွက်ပြီး ခြောက်နှစ်ခန့်အကြာတွင် ကျွမ်းကျင်သူဆောက်လုပ်ရေးအဖွဲ့(ပြည်)နှင့် ဧရာဝတီတံတား စီမံကိန်းအင်ဂျင်နီယာများ၏ ခွင့်ပြုချက်အရ ယခင် ဖျက်သိမ်းခဲ့သော (သီလပေးမ္မာရုံ+ကျားပျံဓမ္မာရုံ+ခြောက်ဆူတန်ဆောင်း) စသည့် အဆောက်အအုံ(၃)ခု နေရာဟောင်း တွင် အပေါ့စားခန့်ညားလှပသည့် ကျပ်ငွေသိန်း(၃၀)ကုန်ကျသည့် ကျားပျံမ္မာရုံသစ်ကြီးကို ကျား ဦးအုန်းမောင်+ဒေါ်သန်းစိန် တို့က ပြန်လည်တည်ဆောက်လှူဒါန်းခဲ့သည်။ ယခင်က ခြောက်ဆူတန်ဆောင်းရှိ ရုပ်ပွားတော်ကြီး ခြောက်ဆူကိုလည်း ယင်းဓမ္မာရုံသစ်ကြီး တောင်ဘက် ခေါင်းရင်းပိုင်း၌ ရွှေ့ပြောင်းစံပယ်တော်မူလျက်ရှိသည်။ ယခုအခါ ဤကျားပျံဓမ္မာရုံအသစ်ကြီး၌ပင် ဝါတွင်းသီလပေးပွဲများ၊ တရားပွဲများ နှစ်စဉ်နစ်တိုင်း ကျင်းပခြင်း၊ စွယ်တော်ဖွင့်ပွဲအခမ်းအနားကို နှစ်စဉ်ကျင်းပခြင်းများ စဉ်ဆက်မပြတ်ကျင်းပနိုင်သလို အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲများကိုလည်း (၂၁)ကြိမ်မြောက် ပူဇော်ပွဲမှစတင်၍ ဤကျားပျံမ္မာရုံသစ်ကြီး၌ ရွှေ့ပြောင်းကျင်းပနိုင်ခဲ့သည်။ (ယခင် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို တနင်္ဂနွေထောင့်ရှိ ရွှေဦးလူကလေးဓမ္မာရုံတန်ဆောင်းတွင် ကျင်းပခဲ့သည်။)