<<ရှေ့သို့  

ဦးမောင်ကြီးတန်ဆောင်း







မြန်မာသက္ကရာဇ် ၁၃၁ဝ ပြည့်နှစ်တွင် ပြည်မြို့နေ ပရိက္ခရာကုန်သည်ကြီး ဦးမောင်ကြီး+ဒေါ်တင် သားသမီး တစ်စုတို့က ဆောက်လုပ်လှူဒါန်းထားသော ဂန္ဓကုဋိတိုက်နှင့် ရုပ်ပွားတော်တစ်ဆူအား ဖူးတွေ့ရပါမည်။ ယင်း နောက်ဘက် တိုးချဲ့ဆောင်ကိုလည်း မြန်မာသက္ကရာဇ် ၁၃၂၆ ခုနှစ်က ထပ်မံ တိုးချဲ့ ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ယင်းအတွင်း ပိုင်း၌ နိဗ္ဗာန်ရောက်နည်း ခရီးလမ်းညွှန် ဗုဒ္ဓအနှစ်ချုပ်တရားကို စက်ဝိုင်းပုံများဖြင့် ပြသထားပါသည်။ ယင်းတန်ဆောင်းအနောက်ဘက်တွင် ကပ်လျက် ကဗ္ပည်းကျောက်စာ(၂) ချပ်ရှိသည်။ တစ်ချပ်မှာ ရွှေစင် ရွှေသားမြန်မာရွှေထီးတော် ကမ္ပည်းကျောက်စာနှင့် ပစ္စယာမှ ပန်းတင်ခုံအထိ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း ကမ္ပည်းကျောက်စာ တို့ဖြစ်သည်။