<<ရှေ့သို့  

ရှေးဟောင်းယဉ်ကျေးမှုပြတိုက်







ရှေးဟောင်းယဉ်ကျေးမှုပြတိုက်


   ခရစ်နှစ် ၁၉၅၆ ခုနှစ်၊ ကောင်းမှုအလှူရှင် ပြည်မြို့၊ လမ်းမတော်လမ်းနေ ရွှေ-ဦးလူကလေး+ဒေါ်သိန်းချစ် နှင့် သားသမီးတစ်စုတို့က တည်ဆောက်လှူဒါန်းသည်။ ယင်းပြတိုက်တွင် BRITISH LIBRARY LONDON မှတဆင့် ကူးယူရရှိသည့် ဆံတော်စေတီတော်၏ ခရစ်နှစ်(၁၈၃၀)ပြည့်နှစ်မှစ၍ ရှေးဟောင်းရှားပါး သမိုင်းဝင်ပုံများ နှင့် ပြည်တွင်း အလှူရှင်များထံမှ ရရှိသောရှားပါးသမိုင်းဝင် ဓါတ်ပုံများကို စိတ်ဝင်စားဖွယ်ရာ ကြည်ညိုဖွယ်ရာ ဓါတ်ပုံပြခန်း၊ ပြကွက် အဖြစ်ပြသ ထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ထို့အပြင် ယင်းရှေးဟောင်းယဉ်ကျေးမှုပြတိုက်အတွင်း၌ သရေခေတ္တရာမှသည် ယနေ့မျက်မှောက်ခေတ် ကာလအထိ ပါဝင်သောရှေးဟောင်းရုပ်ပွားတော်များ၊ သစ်သား၊ ယွန်း၊ ကြေး၊ ငွေ စသည်တို့ဖြင့် ပြုလုပ်ထားသော အနုပညာလက်ရာပစ္စည်းနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို ခေတ်အလိုက် ရှုချင်စဖွယ် ခင်းကျင်းပြသ ထားပါသည်။
   သက္ကရာဇ် ၁၂၉၃ ခုနှစ်က မန္တလေးမြို့-၈၄ လမ်း၊ ကျောက်သွေးတန်းနေ ကျောင်းအမ ဒေါ်သက်မေ သား မောင်သောင်းညွှန့်၊ သမီး မိမိကြီး တို့က လှူဒါန်းထားသော ဒင်္ဂါးချိန် ၁၁၇၅ ကျပ်သားရှိ ငွေပန်းအိုးကြီး(၁)လုံးနှင့် မန္တလေးမြို့ မေယုယဆန်စက်ပိုင်ရှင် ဦးဘသန်း+ဒေါ်ရှင် သားသမီးတစ်စုတို့က လှူဒါန်းသော ငွေပန်းအိုးကြီး(၁)လုံး၊ ထိုပန်းအိုးကြီး(၂) လုံးမှာ ရုပ်ကြွပုံများနှင့် ခန့်ညားထည်ဝါစွာ ထုလုပ်ထားသော ရှားပါးသောရှေးဟောင်းအနုပညာ လက်ရာပစ္စည်းများကိုလည်း ခင်းကျင်းပြသထားပါသည်။ ထို့အပြင် သက္ကရာဇ် ၁၂၉၄ ခုနှစ်က မင်းလှမြို့ တောင်သူကြီး ဦးဘိုးကြိုင်+ဒေါ်ငွေသင် နှင့် သမီး မအေးစိန် မိသားစုတို့ လှူဒါန်းထားသော ဆင်စွယ်ကြီး (၂)ချောင်းမှာလည်း ပန်းပုအနုပညာလက်ရာများဖြင့် ခြယ်မှုန်းထုလုပ် ထားပုံမှာ ရင်သပ်ရှုမာစရာကောင်းလှသော ရှေးဟောင်းအနုပညာလက်ရာ ရှားပါးပစ္စည်းကို ဖန်ပေါင်းချောင်(၂)ခု အတွင်းမှာ ထည့်သွင်းပြသထားပါသည်။


ကဗ္ဗည်းမော်ကွန်း


   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ (၄.၁၀.၂၀၂၂)ရက်နေ့တွင် ပြည်မြို့ ကျက်သရေဆောင် လေးဆူဓာတ်‌ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးသို့ လာရောက် ဖူးမြော်ကြည်ညိုစဉ် ဗုဒ္ဓပြတိုက်အား မွမ်းမံပြင်ဆင်ရန် လမ်းညွှန်မှာကြားချက်အပေါ် ရွှေဆံတော်စေတီတော် သြဝါဒါစရိယဆရာတော်ကြီး(၉)ပါးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးမျိုးဆွေဝင်း၏ ဦးဆောင်ညွှန်ကြားမှုဖြင့် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပြတိုက်အား ရွှေဆံတော်စေတီတော်ဂေါပကအဖွဲ့သည် (၅.၁၀.၂၀၂၂)ရက်နေ့ မှစ၍ မွမ်းမံ ပြင်ဆင်ခဲ့ပါသည်။
   ဗုဒ္ဓပြတိုက်အား ရွှေဆံတော်စေတီ‌တော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံထိန်းသိမ်း‌ရေးကော်မတီ နှင့် ဂေါပကအဖွဲ့၏အနီးကပ်ကြီးကြပ်မှု၊ ပြည်တက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်(ပြည်)တို့၏ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးကူညီမှု၊ ပြည်နည်းပညာတက္ကသိုလ်၏ ဗုဒ္ဓပြတိုက် အဆောက်အဦးပိုင်းဆိုင်ရာ မွမ်းမံပြင်ဆင်မှု ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)၏ ပြတိုက်အတွင်း ခင်းကျင်းမှုတို့ဖြင့် ဆောင်ရွက်ခဲ့ရာ တန်ဖိုးငွေကျပ်-၇၆,၅၇၃,၉ဝဝိ/- (ကျပ်ခုနှစ်ရာခြောက်ဆယ့်ငါးသိန်း ခုနှစ်သိန်းသုံးထောင့်ကိုးရာတိတိ) ကျသင့် ခဲ့ပြီး (၂၉.၁၂.၂၀၂၂)ရက်နေ့တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
   သို့ဖြစ်ပါ၍ ဗုဒ္ဓပြတိုက် မွမ်းမံပြင်ဆင်ရာတွင် ကုသိုလ်ရယူဆောင်ရွက်ပေးသော ရွှေဆံတော် စေတီတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ ပြည်နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြနန္ဒာလွင်၊ ကွန်ပျူတာတက္ကသိုလ်(ပြည်) ဒုတိယပါမောက္ခချုပ် ဒေါက်တာယုဇန၊ ကထိက ဒေါ်သူဇာဝင်းနှင့် အထက်ပါတက္ကသိုလ်များမှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များ၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် လက်ထောက်ကထိက ဒေါ်ညိုညိုယဉ်မောက်၊ ပြတိုက်၏ ကျွန်း၊ လျှာထိုး၊ ကြမ်းခင်းအလှူရှင် ဦးသောင်း (အလင်္ကာဟိုတယ်)တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
   ဤလေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပြတိုက်အား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးမျိုးဆွေဝင်းမှ ဖွင့်လှစ်ပေးခဲ့ပါကြောင်း ကဗ္ဗည်း မော်ကွန်းတင်အပ်ပါသည်။