<<ရှေ့သို့  

ဘိုးဘိုးအောင် မူလဂူဟောင်း







ပျူပန်းတင်စေတီ၏ အနောက်ဘက်ကပ်လျက်ရှိသော အုတ်လှေကားမှာ အောက်ဘက်သို့ ဆင်းသွား ပါလျှင် အုတ်လှေကားဆုံးသည်နှင့် ဘိုးဘိုးအောင်ဂူဟောင်းဟူ၍ ရေးသားထားသည့် အဆောက်အအုံ တစ်ခုကို တွေ့ရမည် ဖြစ်ပါသည်။ ထိုအဆောက်အအုံ၏ အတွင်း ခေါင်းရင်းဘုရားခန်းတွင် ဗျာဒိတ်ပေး ရုပ်ပွားတော် တစ်ဆူ ကိန်းဝပ်စံပယ်တော် မူလျက်ရှိပါသည်။ ဘုရားခန်း၏ လက်ဝဲဘက်အရှေ့နားတွင် ကျောက်ဂူတစ်ခုပြုလုပ်ထားပြီး ထိုကျောက်ဂူအတွင်း၌ ဘိုတိုးအောင် တရားအားထုတ်နေပုံ၊ ယင်းကျောက်ဂူရှေ့နားတွင် ဗောဓိပင်အနီး၌ ဘိုးဘိုးအောင်က ခွေးများကို ထမင်းကျွေးနေပုံများကို အင်္ဂတေကျောက်ရုပ်များပြုလုပ်၍ ဘိုးဘိုးအောင် တစ်နေ့တာဆောင်ရွက်ခဲ့ပုံများကို ပြုလုပ် ပြထားပါသည်။ ဘုရားခန်းတွင်လည်းကောင်း၊ ဘုရားခန်း၏ လယ်ကာဘက်၌ ဘိုးဘိုးအောင်၏ ပုံတော်ချိတ်ဆွဲထားသည့် အုတ်ဂူအတွင်း၌လည်းကောင်း၊ တရားအားထုတ်လိုသူများ၊ အဓိဌာန်ဝင်လိုသူများနှင့် ပုတီးစိပ်လိုသူများအတွက် သီးသန့်နေရာများစီမံဆောင်ရွက်ပေးထားသည်။ ဤဘိုးဘိုးအောင် မူလဂူဟောင်းနေရာသည် ဦးအောင်ထွက်ရပ်ပေါက်သည့်တိုင်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နေထိုင်သွားခဲ့သည့် အောင်မြေနေရာပင် ဖြစ်ပါသည်။ ထို့ကြောင့် ဂမ္ဘီရပုဂ္ဂိုလ်များ၊ အဓိဋ္ဌာန်ဝင်ရာ ပုတီးစိပ်ရာ ပြည်ဝင်ပြည်ထွက် အောင်မြေနင်းဌာနလည်း ဖြစ်ပါသည်။ ဤနေရာသည် ဆိတ်ဆိတ်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိလှသဖြင့် တရားထိုင်သူများ၊ အဓိဋ္ဌာန်ဝင်သူများ ပုတီးစိပ်သူများနှင့် စည်ကားလျက်ရှိသည်။ (ထိုနေရာ၌ ဘိုးဘိုးအောင် ပုတီးစိပ်ဂါထာဖြင့် အဓိဌာန်ဝင်ကြသည်။ အနည်းဆုံး ပုတီးကိုးပတ်စိပ်ကြ၏။)