ရွှေသာလျောင်းရုပ်ပွားတော်ကြီး၏ တောင်ဘက်ကပ်လျက် ဆုတောင်းပြည့်စေတီရှိသည်။ ယင်းစေတီ၏ မုခ်ဦးရှေ့နေရာတွင်ကပ်လျက် ကြွေကျောက်ပြားကလေးများ လှပစွာခင်းထားသည့် ‘အောင်မြေတန်ဆောင်း’ ကို ပြည်မြို့နေ ဦးမြမောင်+ဒေါ်ဟန်သီ၊ ဒေါ်မြကျင် နှင့် သား မောင်ထိန်ဝင်း တို့က တည်ဆောက်လှူဒါန်းထားပါသည်။ ယင်းအောင်မြေတန်ဆောင်းရှေ့ ရင်ပြင်ပေါ်၌ ကြွောက်ကျောက်ပြားအဖြူရောင်များ ခြံရံ၍ အလယ်၌ နီညိုရောင် ကြွေကျောက်ပြား(၉)ချပ်အောက်တွင် အောင်မြေသွင်းကာ ‘အောင်မြေ’ ဖော်ထုတ်ထားသည်နှင့် ဆက်စပ်နေသည့် တန်ဆောင်း ဖြစ်၍ အောင်မြေတန်ဆောင်းဟု အမည်တွင်လျက်ရှိပါသည်။