<<ရှေ့သို့  

သာသနာတော် ၂၅၀၀ ပြည့်စေတီ







မြန်မာသက္ကရာဇ် ၁၃၁၈ ခု ၊ ခရစ်နှစ် ၁၉၅၆ ခုနှစ်တွင် ရွှေဆံတော်ဘုရားကြီး ရင်ပြင်တော်အင်္ဂါထောင့်၌ ပြည်မြို့ ခရိုင်ဝန်မင်းဦးချစ်ခင် ကြီးမှူးသော အမှုထမ်းအရာထမ်းပေါင်းစုံက ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှင့် သာသနာတော် ၂၅ဝဝ ပြည့် အထိမ်းအမှတ်အဖြစ် စေတီငယ်တစ်ဆူကို နဂါးမင်း ဘီလူးမင်းစေတီ၏ အရှေ့ဘက်တွင် တည်ထား ကြသည်။ စေတီငယ်သည် ငါးမျက်နှာစေတီဖြစ်သည်။ ဉာဏ်တော်မှာ သေးငယ်လှသည်။ စေတီအောက်ခြေငါးမျက်နှာ တို့၌ မှန်ကျောင်းဆောင်ငါးဆောင်ပါရှိပြီး အနောက်ဘက်မျက်နှာရှိ မှန်ကျောင်းဆောင်အတွင်း၌ အလောင်းတော် နတ်သား မတ်ရပ်လျက် ရွှေဆံတော်စေတီတော်မြတ်ကြီးကို ဦးခိုက်နေပုံနှင့် ကျန်မှန်ကျောင်းဆောင်(၄)ခန်းတို့၌ ပွင့်တော်မူပြီးသော ဘုရားလေးဆူ (မတ်ရပ်ဆင်းတုတော်များ) ကိန်းဝပ်စံပယ်လျက်ရှိသည်ကို ဖူးတွေ့ရပါမည်။