တနင်္ဂနွေထောင့်မှာပင် မြတ်စွာဘုရားရှင်၏ (၁၀၈)ကွက် စက်လက္ခဏာများပါရှိသည့် ခြေတော်ရာတစ်ဆူကို နဂါးနှစ်ကောင်ပတ်ထားသည့်ပုံဖြင့် ပြုလုပ်လှူဒါန်းထားပါသည်။ အလှူရှင်မှာ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကလူကြီး ဦးစိန်+ဒေါ်အေးရင် နှင့် သားသမီးများဖြစ်ကြသည့် ပြည်မြို့၊ လမ်းမတော်လမ်းနေ စိန်ရွှေရတနာကုန်သည်ကြီး ဦးကျော်ရှိန်+ဒေါ်လှခင် သားသမီးတစ်စုကောင်းမှုဖြစ်ပါသည်။ သာသနာတော်နှစ် ၂၅၁၂ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၃ဝ ပြည့်နှစ်၊ ဝါဆိုလပြည့် အင်္ဂါနေ့တွင် ခြေတော်ရာနှင့်တကွ တန်ဆောင်းပါပြီးစီးကြောင်းသိရပါသည်။