ဘဏ္ဍာတော်တိုက်၏ နောက်ကျောဘက်တွင် အရှေ့သို့ မျက်နှာတော်မူလျက်တောင်ဘက်သို့ ဦးခေါင်း ပြု ကာ ‘လျောင်းတော်မူရုပ်ပွားတော်မြတ်ကြီး’ တစ်ဆူကို မြန်မာသက္ကရာဇ်(၁၃၁၈)ခု၊ ခရစ်နှစ် (၁၉၅၆) ခုနှစ်တွင် ပြည်မြို့၊ ဆင်စုရပ်နေ ဒေါ်ကြိုင် က ဆောက်လုပ်လှူဒါန်းထားသည်။ ယင်းလျောင်းတော်မူ ရုပ်ပွားတော်ကြီးကို အချိုးအဆက် ပိုမိုကျနအောင်ပြုပြင်ခြင်း၊ သလွန်တော်နှင့် ကျောင်းဆောင်တော်(လေး)ခန်းအားလုံးကို မှန်စီခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ရွှေ(ဆေး)သင်္ကန်းကပ်လှူခြင်း စသည့် ကြည်ညိုဖွယ်ရာပြုပြင်မွမ်းမံမှု ကုသိုလ်ကောင်းမှုအစုစုကို မူလအလှူရှင် ဒေါ်ကြိုင်၊ ညီမ ဒေါ်ဇင် ၏သမီး ပန်းဘဲတန်းလမ်းနေ အစ်မ ဒေါ်မြသွင်၊ ဦးခင်မြင့်၊ ဒေါ်သိန်းတင် သားသမီးတစ်စုတို့က မြန်မာသက္ကရာဇ် (၁၃၅၆)ခု၊ ပြာသိုလ၊ ခရစ်နှစ်(၁၉၉၅ ခု၊ ဇန်နဝါရီလတွင် ငွေ (၁၅၀၀၀၀) (ကျပ်တစ်သိန်းငါးသောင်း) ဖြင့် လှူဒါန်း ပြုပြင် ခဲ့သည်။