<<ရှေ့သို့  

မြတ်စွယ်တော်





ခေတ္တရာမြတ်စွယ်တော် သမိုင်းအကျဉ်း


ကောဇာသက္ကရာဇ် ၁၂၆၁- ခုနှစ်တွင် ပြည်မြို့ ပွင့်လှသိမ်ကုန်း ကျောင်းတိုက် ပထမတိုက်တည် ဦးနာရဒ ဆရာတော်ဘုရားကြီးသည် သံဃာ အဖွဲ့ဝင်များနှင့် ဆရာကြီး ဦးလူဘေ အမှူးပြုသည့် တပည့် ဒါယကာ ဒါယိကာမ များလိုက်ပါလျက် သီဟိုဠ်ကျွန်း (သီရိလံကာ) ကန္ဒီမြို့၌ ဂေါတမမြတ်စွာဘုရား၏ လက်ဝဲအောက် စွယ်တော်မြတ်ကို ဖူးမြော် ကန်တော့ရသဖြင့် လွန်စွာ သဒ္ဓါကြည်ညိုတော်မူရပြီး မြန်မာနိုင်ငံသား ပြည်သူအများပါ ဖူးမြော်စေလိုသော အာသာဆန္ဒ ပြင်းပြလှ၍ ထိုဌာနတွင် သီတင်းသုံးနေထိုင်သော သီဟိုဠ်ကျွန်း ဘုန်းတော်ကြီး ဦးပတိဿအား ဆရာတော်ကြီး ဦးနာရဒနှင့် ဆရာကြီး ဦးလူဘေတို့က စွယ်တော်အစစ်နှင့် သဏ္ဌာန်အဆင်း မယွင်းတူမျှသော စွယ်တော်ပွား တစ်ဆူကို ပြည်မြို့သို့ ပင့်ဆောင်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးပါရန် ခွင့်တောင်း လျှောက်ထား တောင်းပန်မှုအရ သီဟိုဠ်ကျွန်းဘုန်းတော်ကြီး ဦးပတိဿ ကိုယ်တိုင် ကြီးကြပ်စီမံတော်မူပြီးနောက် စွယ်တော်ပွား အတွင်း၌ မြတ်စွာဘုရား၏ ဓာတ်တော်စစ် ကိုးဆူတို့ကို ဌာပနာကာ မြတ်စွာဘုရား၏ စွယ်တော် ဓာတ်မြတ်အစစ်နှင့် ရက်ပေါင်း(၄၀)တိတိ အတူတကွ ကိန်းဝပ်စံနေတော်မူပြီး စွယ်တော်ပွားအား ရွှေကြုတ်၊ ငွေကြုတ် စန္ဒကူးကြုတ်တို့အတွင်း ထည့်သွင်းလျက် ကန္ဒီမြို့မှ ပြည်မြို့သို့ ရန်ကုန်မြို့မှ တဆင့် ပို့ပေးလိုက်ရာ ယင်းမှတဆင့် ပြည်မြို့ ရွှေဆံတော် ရင်ပြင်တော်ပေါ်ရှိ စေတီယင်္ဂဏအသင်းသို့ အကြောင်းကြားချက်အရ အသင်းဥက္ကဋ္ဌ အစိုးရ ရှေ့နေကြီး ဦးလှဘူး အကျိုးတော်ဆောင် ဆရာကြီး ဦးလူဘေနှင့်တကွ စေတီယင်္ဂဏအသင်းသူအသင်းသား အပေါင်းတို့အနေနှင့် ဝမ်းမြောက်ဝမ်းသာစွာဖြင့် စွယ်တော်ပွား ဓာတ်မြတ်ကို ရန်ကုန်မြို့မှ ပြည်မြို့သို့ အထူးမီးရထားဖြင့် ခမ်းနားစွာ ပင့်ဆောင်လာခဲ့ရာ ၁၂၆၁- ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၁)ရက်နေ့ ညနေ(၅)နာရီတိတိအချိန်တွင် ခေတ္တရာမည် မြို့ရွှေပြည်သို့ ရောက်ရှိ၍ ကိန်းဝပ် စံပယ်တော်မူခဲ့ပါသည်။

စွယ်တော်မှာ ပတ္တမြားစေတီ အတွင်း၌ တစ်နှစ်တာ ကိန်းဝပ်စံပယ်တော်မူပြီး အပူဇော်ခံသည့်အခါမှ ထုတ်၍ စိန်စေတီပေါ်တွင် တပ်ဆင်အပူဇော်ခံပါသည်။

ပတ္တမြားစေတီ





ရွှေဆံတော် စေတီတော် ဂေါပကအဖွဲ့ဝင်များ ကျားပျံဆေးပေါ့လိပ် တိုက်ပိုင်ရှင် ဦးအုန်းမောင်+ဒေါ်သန်းစိန်တို့၏ဖခင် ရန်ကုန်မြို့(၅၁)လမ်းနေ၊ ကျားပျံ ဦးသန်းမောင် ကွယ်လွန် သွားသည့်အတွက် ၎င်းတို့မိသားစု ပြုလုပ် ကိုးကွယ်ခဲ့သည့် “ပတ္တမြားရွှေစေတီ” ကို ဦးသန်းမောင်၏ဇနီး ဒေါ်ကောက်က ပြည်မြို့ ရွှေဆံတော်စေတီတော်ကြီးသို့ လှူဒါန်းလိုကြောင်းကို သားဖြစ်သူ ဂေါပကအဖွဲ့ဝင် ဦးအုန်းမောင် မှတစ်ဆင့် ဂေါပကသို့ အကြောင်းကြားလာရာ ဂေါပကအဖွဲ့မှ ဝမ်းပန်းတသာ လက်ခံပြီး ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပက အဖွဲ့ဝင်များဖြစ်ကြသည့် ဦးကျော်ရှိန်၊ ဦးဘဦး၊ ဦးချိန်၊ ဦးတင်လှိုင်၊ ဦးလှကြည်၊ ဦးတင်ဝင်း၊ ဦးစိန်လှ၊ ဦးအုန်းမောင် (ဆီစက်)တို့ ပါဝင်သော ဂေါပကအဖွဲ့သည် ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် ရန်ကုန်သို့ သွားရောက်ပြီး ပတ္တမြားရွှေစေတီကို အလှူခံရယူခဲ့ကြသည်။ ဂေါပကအဖွဲ့ဝင်များ ပြည်မြို့သို့ ပြန်လည်ရောက်ရှိပြီး “ပတ္တမြားရွှေစေတီ”ကို အသေးစိတ် စစ်ဆေး ချိန်တွယ် မှတ်တမ်းတင်ခဲ့ရာ ပတ္တမြားရွှေစေတီတော်၏ အောက်ဖိနပ်တော်မှ စိန်ဖူးအထိ ဉာဏ်တော် ၉ ၃/၄ လက်မ ရှိပါသည်။ စေတီတော်အစိတ်အပိုင်းနှင့် ပတ္တမြားစာရင်းမှာ -

(၁) စိန်ဖူးတော်တွင် ပတ္တမြားလုံးချော = ၁ လုံး (၆ ရတီခန့်)
(၂) ငှက်မြတ်နားတွင် ပတ္တမြားဖွယ် = ၃ လုံး
(၃) ထီးတော်တွင် ပတ္တမြားဖွယ် = ၈ လုံး
(၄) ခေါင်းလောင်းအပေါ်နှုတ်ခမ်းတွင် = ၁၀ လုံး
(၅) ခေါင်းလောင်းအောက်နှုတ်ခမ်းတွင် = ၃၁ လုံး
(၆) ခေါင်းလောင်းအောက်ခံရှစ်မြှောင့်ပုံ၌ = ၄၀ လုံး
(၇) အပေါ်ပစ္စယာပန်းတောင်း၌ = ၆၀ လုံး
(၈) အလယ်ပစ္စယာ၌ ရွှေစေတီရံ (၄) ဆူ =-
(၉) အလယ်ပစ္စယာ၌ ပတ္တမြားဖွယ် = ၇၂ လုံး
(၁၀) အလယ်ပစ္စယာနှင့် အောက်ပစ္စယာရှိ ပန်းအိုး(၈)လုံးတွင် ပတ္တမြား = ၃၂ လုံး
(၁၁) အထက်ပစ္စယာ၌ မုခ်ပေါက် (၄) ခု =-
(၁၂) အောက်ပစ္စယာ၌ ပတ္တမြားဖွယ် = ၆၄ လုံး
(၁၃) မုခ်ဦး (၄) ခုနှင့် ထောင့် (၄) ထောင့်တွင် ခြင်္သေ့(၄)ကောင် =-
    ________________
စုစုပေါင်း ပတ္တမြား = ၃၂၁ လုံး


ရွှေစေတီ ရွှေချိန်


    ကျပ် ပဲ ရွေး
(၁)ထီးတော် -
(၂)ဖောင်း+သပိတ်မှောက်+ခေါင်းလောင်း ရှစ်မြှောင့်ချိုး
(၃)အပေါ်ပစ္စယာ+စေတီရီ(၄)ဆူ
(၄)အလယ်ပစ္စယာ+အောက်ပစ္စယာ+မုခ်(၄)ပေါက် ပန်းအိုး(၈)လုံး ၁၄
(၅)ခြင်္သေ့တစ်ကောင် ၁၄ဲ ၁ွး x ၄ ကောင် ၁၀
(၆)အောက်ဆုံးမုခ်ဦးတစ်ပေါက် ၁၁ဲ -၅း × ၄ ပေါက် ၁၄
                                                                                                                       
ရွှေနှင့်ပတ္တမြားအလေးချိန် ၃၃ ၁၀
(နုတ်) ပတ္တမြားအလေးချိန် -
                                                                                                                       
ရွှေချိန်ပေါင်း ၃၃
ရွှေစေတီအတွင်း မြတ်စွယ်တော်ကိန်းဝပ်ရန် အထိုင်လုပ်ရွှေ - ၂ ၁/၂
                                                                                                                       
ရွှေစေတီရှိ အသားတင်ရွှေချိန်ပေါင်း ၃၃ ၁၂ ၂ ၁/၂


ပတ္တမြားစေတီတစ်ဆူလုံး ကာလတန်ဖိုး


(၁) ရွှေ ၁၀၀၀၀ ကျပ်ဈေးနှုန်းနှင့် တန်ဖိုး = ၃၃၇၃၉၇ ကျပ်
(၂) ပတ္တမြားလုံးချောကြီး (၆ ရတီခန့်) တန်ဖိုး = ၁၀၀၀၀၀ ကျပ်
(၃) ပတ္တမြားဖွယ် (၃၂၀) လုံး ၂၀ ကျပ်နှုန်းနှင့် တန်ဖိုး = ၆၄၀၀ ကျပ်
_______________
စုစုပေါင်းကာလတန်ဖိုး = ၄၄၃ရ၉ရ ကျပ်



မှတ်ချက်။ ။*(၁၉၈၇ ခုနှစ်၊ ကာလတန်ဖိုး (ကျပ်လေးသိန်းလေးသောင်းသုံးထောင်ခုနစ်ရာ ကိုးဆယ့်ခုနစ်)

 <<