<<ရှေ့သို့


လေးဆူဓာတ်ပျော်ရွှေဆံတော်ဘုရားကြီး၏တန်ဆောင်တိုင်လတွင်ကျင်းပသောပွဲတော်များ










ပြည်ရွှေဆံတော်ဘုရား ပုညကရဏ ၄ ထပ်ဓမ္မာရုံကြီး ဖွင့်ပွဲ (၁၉.၁၁.၂၃)



ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ပုညကရဏ ၄ ထပ်ဓမ္မာရုံကြီး ကို ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၇)ရက်နေ့ (၁၉.၁၁.၂၀၂၃) တွင်ဖွင့်လှစ်ခဲ့ပါသည်။



ဗုဒ္ဓပူဇနိယပွဲတော် (တန်ဆောင်တိုင်)

နှင့်

ပြည်မြတ်စွယ်တော်ပွဲ



တန်ဆောင်မုန်း လဆန်း(၈)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် ရွှေဆံတော် စေတီတော် မြတ်ကြီး၏ (၂၆၁၁)နှစ်ပြည့် ဗုဒ္ဓ ပူဇနိယပွဲ တော်ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် စေတီတော် မြတ်ကြီး၏ ရင်ပြင်တော် ပေါ်၌ မြတ်စွာဘုရား အမှူးရှိသော ပင့်သံဃာ(၁၀၈)ပါးအား ဆွမ်းဆန် စိမ်းလောင်းလှူ ပူဇော် ပွဲကျင်းပပါသည်။ ရပ်ဝေးရပ်နီး အလှူရှင်များ ကိုယ်တိုင် ကိုယ်ကျ လာရောက် လောင်းလှူပူဇော်ကြပါသည်။ တန်ဆောင်မုန်း လပြည့်ကျော်(၂)ရက်နေ့ ညတွင် ဗုဒ္ဓမြတ်စွယ်တော် ကို အခမ်းအနားဖြင့် ပင့်ဆောင် ပိတ်သိမ်းပါသည်။ ည(၆)နာရီတွင် ပြည်မြို့ ရွှေလက်လှရပ်ကွက် (ပုညဘာဂသမ္မာဆန္ဒ အရုဏ်တော်ဝတ် အသင်း)မှ ရွတ်ဖတ် ပူဇော်ကန်တော့ပါသည်။ ည(၈)နာရီတွင် ဩဝါဒါ စရိယ ဆရာတော်ဘုရားကြီးများ ကြွရောက်တော်မူကြ၍ ဗုဒ္ဓမြတ်စွယ် တော်အား အများပြည်သူဖူးမြော်ရန် အပူဇော်ခံထားသည့် ပလ္လင်တော် ပေါ်မှ ဂန္ဓကုဋီတိုက်အတွင်းရှိ ကြေးစေတီ အတွင်းသို့ အခမ်းအနားဖြင့် ပင့်ဆောင်ပိတ်သိမ်းခဲ့ပါသည်။