<<  ရှေ့သို့

အရှေ့ဘက်ရင်ပြင်ရွှေသာလျောင်းရုပ်ပွားတော်တောင်ဘက်ရှိခေါင်းလောင်း၁၂လုံး


ဓါတ်ပုံ အလှူရှင်အမည် သက္ကရာဇ် တည်နေရာ တည်နေရာသင်္ကေတ ခေါင်းလောင်းစာ
ခေါင်းလောင်းအမ မကြီး
သား မောင်သာမွှန်း
၁၂၄၅ - ခုနှစ်
(1884 - AD)
ပြည်မြို့၊ ရွှေဆံတော်စေတီ
အရှေ့ဘက်ရင်ပြင်ရှိ ရွှေသာ လျောင်းရုပ်ပွားတော်၏ တောင်ဘက်တွင်ရှိသည်။
A-1ဒုတိယဖောင်းရစ်ရှိစာ
(၁) ကောဇာသက္ကရာဇ် ၁၂၄၅ ခု ပြာသိုလ်လဆန်း ၁၅ ရက် စနေနေ့တွင်။ သာရာဝတီမြို့ ပေါက်တောတိုက် ကံကလေးနေ။ ခေါင်းလောင်းအမ
(၂) မကြီး။ သား မောင်သာမွှန်း။ ရွှေမျိုးတစုတို့က လှူရံခေါင်းလောင်း။ ကြည်းချိန်၊၁၃ဝိ။ ၅ါး။ အကျတ် ၅ဝ မြားကို။ အဖိုးဒင်္ဂါး။ ပြားရည်။ ၃၉၇ိ ၈ဲနှင့်။ ပေး
(၃) ပူဇော်၍။ လှူဘါရသား ကုသိုလ်အားကြောင့်။ ဘဝများစွာ ကျင်လည်ရာဝယ် ဣစ္ဆိကံပဋ္ဌိတံ။ မယျံခိပ္ပမေဝ။ သမိစ္ဆတု ယော မူမပြတ်။ ဓမ္မစက်
(၄) အညီ ပြည့်စုံသည်ဖြစ်၍။ နောင်လာမီးဓေးယျသုံးလူဘကို။ ဖူရဗြည်းခါ။ ကျွတ်တံးပါ၍။ ခေမာရွှေမြို့ ရောက်စေသောဝ်။
ကိုဖို မယား မယ်ဘုံ့
သားသမီးတစ်စု
၁၂၄၀ - ခုနှစ်
(1879 - AD)
ပြည်မြို့၊ရွှေဆံတော်စေတီ အရှေ့ဘက်ရင်ပြင်ရှိ ရွှေသာ လျောင်းရုပ်ပွားတော်၏ တောင်ဘက်တွင်ရှိသည်။A-2ပထမဖောင်းရစ်ရှိစာ
(၁) အစိန္တေယ။ သုံးလောကထွဋ်တင် သပ္ပညုရှင်တော်ဘုရားသည်။ လေးပါးသစ္စာ ပုဒိအားနှင့်။ ချောက်ဖြာရောင်စုံ ၊ ဂုဏ်အနန္ဒပြည့်စုံငှ၍
(၂)။ သုံးလူဖြားသည်။ တရားမြော်မြင်။ ဘွေပလ္လင်ထက်။ လေးအင်သစ္စာ။ဝေသာ ရဇ္ဇ။ . . အတုလမုနိန်။ မာရဇိန်လျှပ်၊၊ ရောင်
(၃) ရှိန်ဝင့်ဝါ။ သစ္စာတရား သိတုံညှာ၍။ ရသည်နေ့က။...အညီပြည့်တထို ဒေသက။ ကြွခဲ့သရော်။ ရှေးနောင်တော်ထန်။ ကြွမြဲလမ်း
(၄) ဖြင့်။ မြန်မြန်သော။ ခါ။ တကာနှစ်ဖော်။ ညီနောင်တော်ကျ။ တဖုဿကို။ တွေ့ ကျသောခါ။ တောင်းပန်ရာတွင်။ ပဌနာရှေးဦး။ တန်တော်ထူကို။ ရှစ် (၅) ဦးတင်လိုက်။ ကိုးကွယ်ထိုက်၍။ ရလိုက်ပေသည်။ . . . တို့နောင်။ မြားမြောင်ကာလ။ ဧရာပထနာမအမျိုတခိုးကြီး။ . .တောင်ပန်ပါ .. သော်
ဒုတိယဖောင်းရစ်ရှိစာ
(၁) မလျော်သင့်မှာ။ အဇ္ဇိတာကို၊တည်ရာဖြစ်စေ။ ဖိုးဦးဆွေသို့။ ကြွလေသောခါ။ အဇ္ဇိတာကို ရောက်လာသည်မှတ်။ ဆံမြတ်ကေသာ။ ရလမ်းရာတွင်။ တည်ရာ ဌာန၊ သုဒဿန၊ ကောင်မှုသွယ်ဖြူ ၊ ဂုဏ်မြင့်သူတတ်။ သောက်ရှူရောင်ပ
(၂) တင့်တယ်လှသား။ ဗုဒ္ဓမြတ်စွာ။ တည်နေရာတွင်။ သဒ္ဒါပီတိဇောစိတ်ရှိ၍။ သတိရပေ။အလယ်ရပ်နေ ကိုဖို။ မယားမယ်ဘုံံ့။ သ္မီး မရွှေသက် သားမောင်ဖိုးစောတို့နှင့်တကွ နှစ်သက်ကျေညာ။ သဒ္ဒါဘလဝ။ ပီတိမျှ၍။ ဒါနကြီးစွာ။ တရာ ကကျော်
(၃) ၅ဝ ပေါ်ညား။ အချိန်အားဖြင့်။ ကြီးမားစတောင်စည်ခေါင်လောင်းကို။ သွန်းကြောင်းရေစက်။ ပန်ဆက်ပဌနာ။ သဒ္ဒါကြည်ဖြူပေးလှူသည်မှာ။ ကောဇာ ရေးလစ်သက္ကရာဇ်မှာ။ ၁၂၄ဝ ပြည့်နှစ် သက္ကရာဇ်ပိုင်းချား၍။ ဗုဒ္ဓဿပုဇံ အရဟံ။ ဘဝ
(၄) တုတည်ထားပြု၍။ ယ္ဓုမကြာလှူဒါန်းပါသည်။ ခေမာအမတနိဗ္ဗာနသို့ ။ ရောံရ ပါလိုသော။ ။ ခေမာအမတံ။ ပြည်နိဗ္ဗာန်သို့။ မစံမှီအကြား ဖြစ်ညားလေရာ။ အပါယဇမနိယ ရုံးကွရုတ်ဆိုး။ အမြိုးရုတ်မာ။ မဖြစ်ပါလို ဤကုသိုကြောင့်။ တိုတိုဘဝ
(၅) ဖြစ်သမျှမှာ။ ဘောဝစဉ်စိမ်။ ချမ်းညိမ်သုခ။ ဘရရောဂါ။ ကင်စင်ကွာ၍။ အဌာ ရဿ။ သိပ္ပအပြား၊ ကျားဂါမြင်ဂါ။ မကြာရလွယ်။ လုဝယ် နတ်ထံ။ ကြိမ်ဖံ မြားစွာ။
စံပြီးခါမှ၊၊ နောင်အမထ။ မိဒေယျရှင်။ ဂန့်ဂေါ်ပင်၌။ လေးအင်သစ္စာ၊ ပွင့်သော ခါလျှင်။ ဦးစွာ
တတိယဖောင်းရစ်ရှိစာ
(၁)မ ဆွဖူးတွေရ၍။ နိဗ္ဗာနခေါ် ညာကျွန်းမော်သို့။ ကိုတော်ရောံခါ။ အတူပါ၍။ လျှင်စွာ။ ကျွတ်ရပါလိုသော။ ။ ဤကောင်းမှု၏ အကျိုကိုလည်း ဘိုးဘွား မြားစွာ။ ဖပီတာနှင့် မာတာမယ်မင်ရလျှင်လေစေ။ ။ သဗ္ဗေသတ္တာသတ္တဝါအမြား။ ရေညားကျေးနေ။ တောင်
(၂) ခြေမလပ်မြဲ။ စောင့်ချပ်သည်။ နတ်မြတ်အပေါင်း။ ရကောင်ပါစေ။ လူပြည်လူ ရွာ။ဥာတကာဝေစု ရမှုထင်ရှာ။ သားကသ္မီး။ တသီမြို့ဆွေ အမျှဝေ၏။ ဝသုံ ဒရေအားသက်သေထား၍။ ကျားကြားသမျှ။ (သော)ကတရပ်။ နတ်မျှမကွာ။ ကျွန်ုပ်လှူဒါကို။။ မြားစွာသါဓု ခေါ်စေသော
ဦးရွှေရောက် + ဒေါ်ဖဲ
သားသမီးတစ်စု
၁၂၄၆ - ခုနှစ်
(1885 - AD)
ပြည်မြို့၊ရွှေဆံတော်ရင်ပြင်
ရွှေသာလျောင်းရုပ်ပွားတော်၏
တောင်ဘက်တွင်ရှိသည်။
A-3ပထမဖောင်းရစ်ရှိစာ
(၁) ရိပုံဇေယျတုသပ္ပမင်္ဂလံ။ ။ မှော်ဂွန်းမင်္ဂလာတည်ထွန်းဖြာသား။ ဒိပါဇမ္ဗူသပြေ ငူမှာ။လှိုင် ဆူ ကျော ညာထွက်နတ်ရွာသို့။ နှိုင်းမချိုတယ်။ ရွှေမျိုခေတ္တရာ မည်ညွှန်း သာသား။ သညာနွတ္တဝေါဟာရဖြင့်ပိုင်သ
(၂) အချိုလွန်သာပို့တယ် မြို့ ရွှေလေးပိုင်။ နှယ်ဆိုဝ်အပါ။ ရွာတောင်ဂါမ ရပ်ယာန၌။ ထွန်ပတေဇာ ဂုံဏ်အာဏါနှင့်။ ဆယ်သွာပိုင်သ စိုးအပ်ရာသည်။ နာမတွင်မျော။ဦးရွှေရော်နှင့် ၊ ထိုနောံမလွဲ။ မယ်ဖဲးတွင်ပြီးဇနီး
(၃) အိမ့်ရှင်။ မိခင်တော်ဖြူသည်အူ ပုတ္တသြယဿတု။ နာမဂုဏ်လှိုင်မောင်ဖိုးခိုင် နှင့် သက်ပိုင်ခေါ်ညွှန်း မသာဒွန်းက၊ သားလှအငယ်။ တသွယ်မေါင်ဖိုးလှိုင်။ ချစ်ပြိုင်သက်သွင် အိမ်ရှင်မှံစွာ။ မသင်ဇာ၊ ဒိကာတွင်ပြီး
(၄) သ္မီး မရွက်၊ သ္မက်မောင်အောင်ကောင်း၊၊ ဆင့်လောင်မည်းကြီးတသီး မောင်ဖိုး သင်။ ထို့ပြင် တသွယ် သ္မီးငယ်သက်စု မပု မူပျက်သ္မက်မောင်ရွှေမှူး၊၊ ခေါ်ထူး သညာ စုံလင်စွာနှင့်။ ဆွေညှာတိရင်းသာ ခြင်ပေါက်ဖေါ်တော်တော်
(၅) သမျှမကျံရယ်။ တူကွညီညာ စုံလင်စွာနှင့်၊၊ ဘဝပါဇိနော်သုံးလူဘော်၏။ လွန်ပေါ်လျှံဝါသာသဏါ၌။ လူဖြစ်မိုက်နှင့် ကျုံကျိုက်အခါ။ နှစ်ချိုက်စွာဖြင့်။ နိယါ နိက ဝဋ်ဒုက္ခမှ ထွက်ရစိန်ငှါ။ တက်သဒ္ဒါနှင့်။ သံဝါညိမ့်မြောင်းကျည်းခေါင်
(၆) လောင်ကို၊၊ ချိန်ပေါင်ပိတ်သာ၊၊ ၁ဝဝ စွန်ကယ်။ ၂ဝ နှင့်ငါး။ ချိန်သားအတင်။ ငွေဝင်သပြာ။ ၃၄၀၃ိ ၃ံ။ ပူဇော်လပ်၍၊၊ထူးမြတ်ကောင်းစွာ၊၊သဒ္ဓါနအာမီဿ ကို။ နိဗ္ဗာန်ပစ္စယော ဘုရားဟော ဒေသနာ လာသည် ကိုမျှော်ထောက်၍
ဒုတိယဖောင်းရစ်ရှိစာ
(၁) ခုရောက်သီကောဇာတထောင်သာ၍။ နှစ်ရာစွန်းကယ်လေးဆယ်နှင့် ခြောက်ရောက် သည့် သက္ကရာဇ် နှစ်၏အရ။ မာသအလိုဝါဆိုလ။ ဆန်စ ၂ ရက် နံနက်ခါ စေသည့် အင်္ဂါနေ့တွင်။ လပြည်တင်၍။ ငွေမှင်ရေး သားသေချာထားသည်။ ။
(၂) မှတ်သားစေပိုနောင်လာတည်။ ။ သဒ္ဓဒါနံ အာသဝက္ခရံ ဝဟံဟောတု။ ဤကောင်းမှုကျောင့်။ ၄ ခုအာသဝေါ။ ကုံစင်လျှော၍။ သံယောဇန။ ဩဃရောဝနီဝရဏနှင့်။ ဂန္ဓမိုက်မှောက်။ နောင်အဝိဇ္ဇ ဒိဌိကွာ၍။ နိဗ္ဗူတာရပ်။ ရွှေပြည် မြတ်
(၃) သို့။ ကူခတ်တုပ်ခြောက်ရောက်ရပါကျောင်း ဆုယူတောင်၏ ။ ကျောင်းကုသလ မြတ်ပုံည ကိုမိ ဘ ဆရာညာတကာနှင့် ရာဇာသနင်း။ မင်းမှစ၍။ မကျွင်ရစေ။ သဗ္ဗေသတ္တာသတ္တဝါကို ဘယ်မှာမလပ်။ သုံးရပ်ဘုံသူ နတ်လူဗြဟ္မာ
(၄) ပါယ်လေးရွာကို မမျံရအောင်ရပါလေစေ ပေဝေအမျှ သွမ်ချရေဇက်ဝဇိမြွက်၍ နှစ်သက်လှစေ သုံန္ဒြေကို သက်သေပံကြားတိုင်တည်တားသည်။ ။အမာ သာဓု သာဓု ခေါ်စေသော၀်။ ။
မောင်ဝိုက် + မယ်သီး သားသမီးဆွေမျိုးတစ်စု၁၂၃၂ - ခုနှစ်
(1871-A.D)
ပြည်မြို့၊ ရွှေဆံတော်ရင်ပြင်
ရွှေသာလျောင်းရုပ်ပွားတော်၏
တောင်ဘက်တွင်ရှိသည်။
တောင်ဘက်အတန်း -
အရှေ့မှ အနောက်သို့
လေးလုံးမြောက်ခေါင်းလောင်း
A-4ပထမဖောင်းရစ်ရှိစာ
(၁) မင်္ဂလာညွန့်ရှင်း။ မှော်ဂွန်းတင်အံ့။ အဌဂံသင်။ မဂ္ဂင်ရှစ်ချက်။ သောင်ပြန်ရွက်ဖြင့်။ ပြည့်နှက်ကုန်စင်။ လူဗိုလ်အင်ကို။ ဘုန်းရှင်းတို့ထိပ်။ ပြည်နိဗ္ဗူထီး။ ရွှေ ပြည်ကြီးသို့။ အပြီးပို့မည်။ စိတ်ရည်နက်လေး။ ကြိုက်စဉ်ကြွေလျှက်။ ရှစ်စင်မင်္ဂဖြင့်။ ကောင် ထက်တင့်အောင်။ များမြောင်သင်္ချေ ကုဌေချောံဆယ်။ ဗိုလ် ဝယ်အသိမ်း။ အပြည့် သိမ်း၍။ မြို့ငြိမ်းရာခေတ်။ ဗိုလ်ဗိုတစ်ကို။ နန်း
(၂) စက်တောင်မြိုက်။ မကိုဋ်သရမ္ဘူ။ ခပ်သိမ်းသူတို့။ ကယ်သူယုံပြီး။ ငြမ်းကြီးဆင် ကါး။ သတ္တဝါအများ။ အကျွတ်ထား၍။ တရားရေဧ။ တိုက်ကြွေးကုန်လျင်း။ ။ သနှင်းမြတ်စွာ။ စိန္တေယျာသည်။ ကာမာသဝေါ။ အစယောသဉ်။ သုံလေါကတွင်း။ တိုက်ခပင်းဝယ်။ မကြွင်းထိုမြို့ ။ ကုတို့သူကြီး။ ။ ချိမ်ကြီးသဖွယ်။ ချိမ်တွယ်ခဲ့ပြီး။ မှီးစိမ့်တံ့ငှါ။ သဒ္ဒါရုံခံ။ ဂန္ဓံပြန့်လျှောင်။ ခေါင်း
(၃) ခေါင်းလောင်းကြဉ်းချိန်။ စဉ်းချိမ်လှတ်ကါ။ တရားတကယ်။ သုံးဆယ်နှင့် ငါး ပိသာထား၍။ သွန်းထားကုန်ထ။ အဝတတောင်။ ဇောံဆောင်လေးသစ်။ တ တောင်ဖြစ်အံ့။ စနစ်ပုံယူ။ သွန်းလုတ် . .။ ကြည်ဖြူနှတ်လေး။ သဒ္ဓါနွေးလျက်။ ရှေးအရင်းပြု။ ဥပတမ္ဘတံ။ တောံပြန်သမှု။ ယ္ခုဘဝ။ ပစ္စက္ခတွင်။ ငါကုန်လျင် လဉ်း။ ရှေးအင်ကုသိုလ်။ မှီခိုရမြောံ။ အထောံအပင့်။ ဖြစ်သဖြင့်လျှင်
(၄) တဖြင့်တုန်ရှောင်း။ ပေါင်တဉ်မြို့နယ်။ ထွက်လှယ်တအင်။ ပန်းတစ်ရွာမ။ ပုံည အတိုက်။ မောင်ဝိုက်မဉ်သီး ဇနီးမအ။ သားမွန်တတွေ။ လူရေလှတင့်။ နှုံးသင် ရင်လျာ။ မောင်ရွှေစာနှင့်။ သညာ့ခေါ်ရိုး။ မစိုးသမီး။ တသီးတဝေး။ မယ်တွေဖြူ က။ စသဉ်တမူ။ ဦးမြတ်သူမယ်မ။ မကွဲအကို။ နတ်လိုပုံသွေး။ ကိုပိုလေးနှင့်။ညီထွေးမောင်ထူး။ အထူးမောင်ဝိုင်း။တသိဏ်ရုပ်ပြု၊၊ မောင်ဥကို ၊ ဆွေစုံဉာတကာ။…..။ နယ်
(၅) ဟံရင်ကြူ၊၊ မမင်သူယဉ်။ ဦဦအောင်သောင်း၊ အပေါင်းညီညာစုံ အင်္ဂါဖြင့်။ စေတနာထား။ သဒ္ဓါပွား၍၊ တရားအမြိုက်။ တိုက်ကျွေးတုန်ရှောင်း။ ဤခေါင်း လောင်းကို။ သွန်းလောင်းစိမ့်ငှာ။ ဆွေဉာမျိုးစု၊ အပေါင်းမှုဖြင့် ။ကုလ ..။ အတိတ်ဆော်ဒိုး။ ရှေးအကြိုးကြောင့်။ မညိုးစိမ့်တွေ။ သံဝေဂလန်း၊ တရားငြမ်း ဖြင့်။ ပြွမ်ပြွမ်မဆိပ်။ ဦးထိပ်ဆရာ။ သန်းဝါအောင်မြင်။ လူရင်လူကြော့မောင် ဖော့...။
(၆) လက်သ္မားလဉ်း။ လွှားလွှားမွန်းပြင်။ လက်ရေးအင်မြင့်။ လုံးခင်သံဉောင်း။ ဆု တောင်းရွှေစာ။ အက္ခရာကို။ ထောင်နှစ်ရာကျော်။ စွန်းပေါ်သုံးဆယ်။ နှစ်ခုဘွယ် တွင်။ အံ့ဖွယ်ပြီးမြောက်။ လှောံ၍သလိုက်။ ရေတင်တိုက်ခ။ မောင်ဝိုက်မယ်သိ။ ဆွေမှီမျိုးစု။ ဤကောင်းမှုကြောင့်။ လေးခုအပယ်။ ရှစ်သွယ်ရပ်ပြစ်။ ဆိုးညစ် ယုတ်မာ။ မိစ္ဆာအပေါင်း။ သုမကောင်းနှင့်။ မပေါင်းရတွေ။ ဖြစ်လောမှ၊၊ တပ ကြိမ်ကြိမ်။ စဉ်စိန်
(၇) ကြွယ်ဝ၊ သုခတက်တိုး။ မိုးဃ်နှယ်သွန်းခါ။ ရတနာရွှေငွေ။ များစေသတဉ်း။ . . . နည်းအကြောင်း။ ဤခေါင်းလောင်းကို။ သွန်းလောင်းသမှု။ ပြုသည်ကု သိုလ်။ တောညိုဟေမဝန်။ ရဂုံမွန်ထ။ . . . ကရဝိတ်ငှက်။ တွန်သည်ချက်နှင့်။ ပြည့်နှက်သံချို။ အသန္တိခေါ်။ ဝေပီကျော်သို့။ မြွက်ဖေါ်သန့်စင်။ မဂ်ဖိုလ်တင်၍။ သာရွှင်သာညောင်း။ အပေါင်းဆွေမျိုး။ ကုသိုလ်ကျိုးကြောင့်။ ပြည့်ဖြိုးအိမ်ငှာ။ နိပ္ပူတာသို့။ မှံစွာရောံရပါလိုသော
ဒုတိယဖောင်းရစ်ရှိစာ
(၁) ကြည်ချိန် ၁၄၇ဝိ။ ငွေသင်။ အစုစုပေါင်၊ ၄၅၀ိ
ဦးရွှေသာ + မမင်းအူ
သားသမီးတစ်စု
၁၂၆၃ - ခုနှစ်
(1902 - AD)
ပြည်မြို့၊ ရွှေဆံတော်အရှေ့ရင်ပြင်
ရွှေသာလျောင်းရုပ်ပွားတော်၏
တောင်ဘက်တွင်ရှိသည်။
တောင်ဘက် အတန်း-
အရှေ့မှအနောက်သို့
ငါးလုံးမြောက်ခေါင်းလောင်း
A-5ပထမဖောင်းရစ်ရှိစာ
(၁) တေဘုမ္မတံ။ ဝဋ်ဒုက္ခ။ ကျမ်းကံပါဠိ။ လါရှိသည်အလျောက်၊၊ အလွယ်တကူ။ တွက်ပျောံအောင်။ မဖောက်မပျံ။ ဇောဝသိစိတ်သံ၍။ ပရိတံဒါန။ သီလနှင့် ဘာဝနာ။ မျိုးရိက္ခာလုံလောက်အောင်
(၂) နိဗ္ဗာန်ရောက်မုတိ။ တရားသံဝေဂရှေ့သွားနှင့် ဝတ်သုံးပါလွတ်သော။ လှူဒါနအမျိုးမျိုး။ အဖိုးတဉ်တေါင်တော်မှာ။ ချိန်ယါကျော်။ ခေါင်းလောင်း . . .နောက်စောင်းတန်းရွှေပန်းခိုင်။ ရှင်
(၃) ပျိုင်သဒ္ဓါ။ မျင်ပါဟူးတောင်သေလော။ ဒတ်မွေတော်ကိန်းဝပ်ယါ။ လှူဒါန်ချေ စေသော။ စေတီတော်တစ်ဆူ လူတို့မှီယံ။ ယေကံရေတွင်း။ ထိသ္ခင် နောက်ထပ်။ ဇရပ်နှင့်တဇောင်း တခွန်
(၄) ဖျဉ်လောင်၍။ မှော်ဇာကျောင်းကိုတော်။ ပျော်နေသိဝိဟာ။ စတူဒိစေတနာနှင့်၊မည်ဝေါဟာ ကုတီအိန်။ ရွှေဝတိန်ဘုံမိ။ ပြည်သီရိခေတ္တရာ ရှေ့ပြုပ္ပါတောင်ခြေ မှာ။စေတီ
ဒုတိယဖောင်းရစ်ရှိစာ
(၁) တော်ပါသ။ နှစ်ထါနတွင်။ တီထွင်ကဲ၍။ ဘဝင်မဆိတ်။ ကုသိုလ်ဟိတ်ကြောင့် ဇောစိတ်သဒ္ဓါ။ ဆီးမီးရောင်ပုံပမာ ရွှေဘုံသာကိုတော်မှာ စိန်တောင်မျှတောင်။ ကိုးနဝရတ်အရေရောင်။
(၂) ခုလောကလူဘောင်မှာ။ လှူဒါန်းအရတ်ရတ်။ ပုည။ ဒါယါကာ။ ပညတ်မှား အမည်ထူးချား။ ဦးရွှေသားနှင့် မီယားမမင်းအူ။ သားကိုကြာညွန့်။ သမီးမလှ လေးတို့နိဗ္ဗာန်ကို။ ယွယ်ချ၍။ လှူဒါနကောင်း
(၃) မှုကို။ နတ်လူသာဒုခေါ်သော။ သက္ကရာဇ် ၁၂၆၃ ခု။ မထောရွာ
--ပြည်မြို့၊ ရွှေဆံတော်ရင်ပြင်တော်
ရွှေသာလျောင်းရုပ်ပွားတော်၏
တောင်ဘက် မြောက်ဘက်စောင်းတန်း-
အရှေ့မှအနောက်သို့
ခုနစ်လုံးမြောက်ခေါင်းလောင်း
A-6ကမ္ဗည်းစာရေးထိုးထားခြင်းမရှိ
ဆရာတော် ဦးရာဇိန္တအမှူးထား၍
ကိုရွှေကံ + မနန်းသူ ကောင်းမှု
၁၂၅၃ - ခုနှစ်
(1902 - AD)
ပြည်မြို့ ရွှေဆံတော်ရင်ပြင်တော်
ရွှေသာလျောင်းရုပ်ပွားတော်၏
တောင်ဘက်တွင်ရှိသည်။
မြောက်ဘက်တန်း-အရှေ့မှအနောက်သို့
ခြောက်လုံးမြောက် ခေါင်းလောင်း
A-7ပထမဖောင်းရစ်ရှိစာ
(၁) အကြီးအမှူး ဦးရာဇိန္တကိုယ်တော်တာပွန်မြို့ စီရင်စုဂြိုလေးပင်ရွာနေ ကိုရွှေကံ မနန်းသူတို့ ကောင်းမှု၊
ဒုတိယဖောင်းရစ်ရှိစာ (အနောက်ဘက်)
(၁) သက္ကရာဇ် ၁၂၅၃ ခု တံဆောင်မုံလပြည်ကျော် ၈ ရက်နေ့ သာရာဝတီတာပွန် မျိုစီရင် စုဂြိုလေးပင်ရွာနေ၊ ဘုရားကူကျောင်း
(၂) ခေါင်းလောင်း၊ ရေတွင်း၊ ပဉ္စင်းဒါရကာကိုရွှေကံမနန်းသူသားကိုတေ၊ ကိုအောင် မှံကိုဖိုးသွင်၊ သ္မီး မဂွန်း မငွေပန်း၊ မငွေစိုင်၊ မြည်း
(၃) မောင်ဖိုးမြမောင်သာဧ၊ မရင်မယ်၊ သားမြေတစုတို့နှင့်တိုင်ပင်၍ ကျေးချိန် ၁၂ဝ ကို။ ဖိုးသင့်ငွေ၁၅ဝိပေး၍ သဒ္ဒဒါနဖြစ်စေချင် အ
(၄) ကြိုးငှါဆန်တော်ရှင်မြတ်စွာဘုရားအား လှူဒါန်းပူဇော်ပါသည် ပူဇော်ယသော အကျိုး၊ ပု၊ တိအာ၊ နှင် ပြည့်စုံပါလို၏။
ဒုတိယဖောင်းရစ်ရှိစာ (အရှေ့ဘက်)
(၁) စိရံတိဌတု၊ ဗောဓိအောင်မြေပလ္လင်ဘွေထက် မှေးယှက်ဝိဇ္ဇာ ထောင်ငါးရာဝက် သံသာစက်ကို ပယ်ဖြတ်အရဟတ်၊ ကြွင်းမဲ့သတ်၍။ မရှိသန္ဓေ။ ပရမေထွဋ်တင်။
(၂) သုံးလူရှင်၏။ ကေသင်ဓာတ်မြတ်။ ကိန်းဝတ်စံပျော်။ စေတီတော်အား။ ဣမံ လောဟာဂဏ္ဍသဒ္ဒ။ စေတီယဿဒေမ။ မြွက်ဟသံချို။ ကြည်ညိုသဘော။ ပီတီဇောနှင့်။ မနောပြောင်စင်း။
(၃) ပူဇော်လျင်၏။ သင်ကုသလ။ မြတ်ပုညကြောင့်။ သြဃ၊ ယောဂါ။ ဂန္ဓ။ နီဝရဏ။ လေးဖြာအပါယ်။ သုံးသွယ်သောကပ်။ ရပ်ပြစ်ရှစ်တန်၊ ငါးတန်ရန်သူ၊ မပြုစကား၊မဂ်ပြင်တား၍။ ဘုရားသာ
(၄) ဝက၊ သုဘူတနှင့် ထေရ်အရှင်ကဲ့သို့၊ ကျော်ထင်တံခိုး၊ မြေမိုးအောက်ထက်။ဘဝဂ်တုံမှု၊ ဓမ္မစည်ကြီး၊ ဆော်ခတ်တီး၍၊ ပြည်ကြီးသာယာ၊ နိဗ္ဗုုတာကို၊ မကြာခန၊ ရောက်လေသောဝ်။
ဦးရွှေလယ် + အရီးရွှေ
သားသမီးတစ်စုကောင်းမှု
၁၂၇၂ - ခုနှစ်
(1911 - AD)
ပြည်မြို့၊ ရွှေဆံတော်အရှေ့ဘက်ရင်ပြင်
ရွှေသာလျောင်းရုပ်ပွားတော်၏
တောင်ဘက်တွင်ရှိသည်။
A-8ပထမဖောင်းရစ်ရှိစာ
(၁) ပြည်မြို့၊ ပန်တင်ရပ်နေ။ ပန်းတင်ဆရာ။ မောင်ဘိုစံ။
ဒုတိယဖောင်းရစ်ရှိစာ
(၁) သက္ကရာဇ် ၁၂၇၂ခု၊ တ္သော်လင်းလ္ဆန်း ၂ ရက်နေ့တွင် လုပ်ရေးသါး၍ ပြည် ဆည်ပါသည်။ ခေါင်းလောင်း၏ ဒါယကာ ဦးရွှေလယ် ဒါယကာမ
(၂) အရီရွှေ မယ်ညွန့်သားမောင်သာထူး မောင်သာ ဥူ၊မောင်ချိတ်မြီး မရုပ်ဆိုး သားချင်း မောင်လှဗူး မောင်အောင်ညိန် မောင်လူမောင်
(၃) မောင်လူဆောင် မတင် မောင်ဘိုးရန် မြီးမကလေး မထွေးသေး မောင်မြတင် သားသမီးတစု ကောင်းမှု၊ နိဗ္ဗာန်ဆုသာဓုနတ်လူခေါ်
(၄) စေသော်….. ခေါင်းလောင်းကျီးချိန် ၁၃ဲ၆ါ
ဦးဖိုင်း + အရီးကြင်
သားသမီးတစ်စု
၁၂၆၈ - ခုနှစ်
(1907 - AD)
ပြည်မြို့၊ ရွှေဆံတော်အရှေ့ဘက်ရင်ပြင်
ရွှေသာလျောင်းရုပ်ပွားတော်၏
တောင်ဘက်တွင်ရှိသည်။
A-9ဒုတိယဖောင်းရစ်ရှိစာ
(၁) သက္ကရာဇ် ၁၂၆၈ ခု အုပ်ဆွဲရွာနေ ခေါင်းလောင်းဒါရကာ ဦးဖိုင်း။ ဒါယကာမ အရီးကြင်
(၂) သားကြီး ကိုမိုးညှင်း ခင်ပွန်း မဒုပ်မ သ္မီးအငယ်မ အေးဒုပ်မြည်းကြီး မအေး ယင် မြည်း အ
(၃) ငယ်မောင်ဖိုးကျိုင် သ္မီားတစုတို့ကောင်းမှုနိဗ္ဗာန်ဆုကို သာဒုနတ်လူခေါ်စေသောဝ်
(၄) ခေါင်းလောင်းကြီးချိန် ၁၁၅ါ အဖိုးငွေ ၃၀၀
ကိုဆောင်း + မယ်ချိုနှင့်
သားသမီးများ
၁၂၂၉ - ခုနှစ်
(1868 - AD)
ပြည်မြို့၊ ရွှေဆံတော်အရှေ့ဘက်ရင်ပြင်
ရွှေသာလျောင်းရုပ်ပွားတော်၏
တောင်ဘက်တွင်ရှိသည်။
A-10ပထမဖောင်းရစ်ရှိစာ
(၁) ရွှေနန်းစိုက်ထူ။ ရိပ်ပြူလှစ်ပွင့်။ ဘုန်းရိပ်ထင်သည်။ မင်းမင်းစံရာ။ ခေတ္တရာပိုင်။ ပြည်ခရိုင်တွင်။ ဂုဏ်လှိုင်တင်ကြူ။ ရွှေကူအပ်မှင်။ ထိုအရပ်တွင်။ မလပ်သဒ္ဒါ။ ဤကါယါ၏။ နိစ္စာတင်မှု၊ တရာ
(၂) ရှိ၍။ တွင်မှုကိုဆောင်း။ ညံ့ဖြောင်းမရိမ်းချစ်ရေလိမ်ရာ။ ။သညာမယ်ချို။နုပျိုရောင်ဖပ်။ မယ်ဆိတ်မကြီး။ တသီမယ်ရိပ်။ တွင် နှိတ်သ္မီး။ ရှုမညီးသည့်။သ္မီးသုံးဖြာ။ မာတာပီတ။ ပေါင်ငါးဝတို့။ သမ္ဗုဒ္ဓမြတ်။ သုဒပ်
(၃) သိပ်ဖွေ။ မြတ်စိန္တေကို။ စေတနာသံ။ မြတ်နိဗ္ဗာန်ကို။ ဧကန်ရည်ရွယ်။ ပင်လယ် ပြောဝှမ်း နတ်ရတ်ကန်မှ။ တသံမညိုး။ ကျွတ်ခလို၍။ ရွှင်ရိထွန်ညှိ။ ဝိဗသီ ဘုရား။ မှိုဝ်သားတွင်ချင်း။ ခရုဝင်းသဒ္ဒ။ မြတ်ဒါကြောင်။
(၄) ဂေါတမဘုရား။ မိန်ကြားဟောရာ။ သာသနာဝယ်။ မမုရာတင့်။ ဖျစ်ကုကိုးရှင် သိသက်သေ၊စဉ်ကျင့်ဖွေ၍။ စွန်တွေသဒ္ဒ တွင် .. သုံးရာ။ ပိဿသုံးခု စွံမှုတွင်ဖွဲသုံးဆဲ့ငါးကျပ်။ သပ်မှတ်ခေါင်းလောင်း။ ဝင်းပြီရာ
(၅) နှစ်ကောဇာမှာ။ ထောင်နှစ်ရာကျော်၊ စွန်းပေါ်ကိုးခု၊ ရတုနှင့်ဖွဲ့၊ တပို့တွဲဝယ်ကျော်မြဲဆယ်ရက်။ ဆုတ်သက်အခါ။ ပြီရာမှတ်ခန်း။ မက်ဖိုလ်နန်းကို။ စံမြန် ရလို။ကောင်းဆုဆို၏။ ရေညိုသိတာ။ ဘွေဝလါဝယ်၊ ဝေဇယာနတ်
(၆) မြတ်ကဏ္ဍပုံ လှိုင်လင်ထုံသှ် ကြာပဒုံမာ၊ ငုံအဖြာတွင်။ စံရာနေမှတ်။ သူရပ်၊သတိ။ ဒေဝီမကျွင်း။ ယမမင်ကျော်။ သုံးပေါ်လောက။ ဒေဝဒေဝါ။ ဗြဟ္မနတ်ထား။နှုပ်သံသေနှင်၊တစ်ကြွေးသာဒုခေါ်စေသောဝ်
(၇) သက္ကရာဇ် ၁၂၂၉ - ခု တပို့တွဲပြည့်ကျော် ၁ဝ ရက်နေ့ သွန်လောင်၍ပြီသည်
(၈) ခေါင်းလောင်းကျဉ်းချိန် ၁ဝ၃၃၅ိ
မှတ်ချက်။ ။ ခေါင်းလောင်းနှုတ်ခမ်းမှအထက်၆လက်မအကွာရှိ ခြင်္သေ့ရုပ်များတုတ်ထမ်း၍ တွားသွားပုံပတ်လည်ပါရှိသည်။