စေတီတော်မြတ်ကြီးဂေါပကအဖွဲ့သည်နှစ်စဉ်မြန်မာနှစ်သစ်ကူးနှစ်ဆန်းရက်များမှစ၍ (၉)နေ့(၉)ညတိုင်တိုင်ဆံရှင်တော်စေတီတော်ရင်ပြင်ပေါ်တွင်အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကိုကျင်းပမြဲဖြစ်ပါသည်။ဤသို့နှစ်စဉ်ကျင်းပမြဲဖြစ်သော အသံမစဲမဟာမဌာန်းရွတ်ပွါးပူဇော်ပွဲကိုမြန်မာနှစ်ကူးနှစ်ဆန်းရက်များတွင် (၉)နေ့(၉)ညတိုင်တိုင် ဩဝါဒါစရိယဆရာတော်ကြီး(၉)ပါးဦးဆောင်၍ ဆံတော်ရှင်စေတီတော်မြတ်ကြီးရင်ပြင်ပေါ်ရှိကျားပျံဓမ္မာရုံတွင် သံဃာတော်(၁၀၈)ပါးတို့ကပဌာန်းဒေသနာတော်မြတ်ကို အသံမစဲရွတ်ဖတ်ပူဇော်တော်မူကြပါသည်။
စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့သည်နှစ်စဉ်အစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် ပူဇော်ပွဲများတွင် ပထမဆုံးကျင်းပသည့် ပူဇော်ပွဲမှာ မြန်မာနှစ်ဆန်း(၁)ရက်နေ့တိုင်း ကျင်းပမြဲ ဖြစ်သည့် အန္တရာယ်ကင်း ပရိတ်တရား တော်များ ရွတ်ဖတ် သရဇ္ဈာယ်တော် မူသည့်ပူဇော်ပွဲ ပင်ဖြစ်ပါသည်။ ဤသို့ရွတ်ပွားပူဇော်ရသည့်ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြသော လူမျိုုးမရွေး၊ ဘာသာမရွေး၊ နိုင်ငံသူ/သား အပေါင်းနှင့် ပြည်မြို့ အတွင်းနေထိုင်ကြသည့် လူမျိုးဘာသာမရွေး၊မြို့သူမြို့သား အပေါင်းတို့အားဘေးအန္တရာယ် အသွယ်သွယ်မှ ဘေးရန် ခပ်သိမ်းငြိမ်းစေဘို့၊ ဒေါသခပ်သိမ်းငြိမ်းစေဘို့၊ ဆင်းရဲခပ်သိမ်းငြိမ်းစေဘို့ နှစ်စဉ်မြန်မာ နှစ်ဆန်း(၁)ရက်နေ့ နံနက်ပိုင်းတွင် ဂေါပကအဖွဲ့ဩဝါဒါစရိယ ဆရာတော်ကြီး(၉)ပါး ဦးဆောင်ပြီး ဘာဏာကသံဃာတော်(၁၅)ပါး၊ပေါင်း(၂၄)ပါးတို့သည် ပြည်မြို့၊ရပ်ကွက်ပေါင်းစုံ၊လမ်းပေါင်းစုံတို့သို့မော်တော်ယာဉ်တန်းဖြင့် လှည့်လည်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ကြရာဂေါပကအဖွဲ့ဝင်များနှင့်ဝေယျာဝစ္စအဖွဲ့ဝင်များက ဆရာတော်၊သံဃာတော်များကြီးများ ကြွချီရာလမ်းကြောင်းတစ်လျောက်ရှိစေတီပုထိုးများမှ ဂေါပကအဖွဲ့များ ရပ်ကွက်အဖွဲ့အစည်းများနှင့် ရပ်ကွက်သူ/သားများက စဉ်ကားသိုက်မြိုက်စွာဆီးကြို ကြည်ညိုဖူးမြော်၍လှူဖွယ်ပစ္စည်းမျိုးစုံနှင့်ဝတ္ထုငွေများလှူဒါန်းကြပါသည်။