//360
မြေမီးဖုတ် အုတ်ခွက်ဘုရားများကို ရှေးဟောင်း စေတီပုထိုးများတွင် ဥဒ္ဒိဿစေတီအဖြစ် ဌာပနာ ပူဇော် ထားလေ့ရှိကြောင်းတွေ့ရှိရသည်။အထူးသဖြင့် ပျုခေတ်ကာလတွင် ဗုဒ္ဓဘာသာ လွှမ်းမိုးသော သင်္ကေတအဖြစ် အုတ်ခွက်ဘုရားများကို သရေခေတ္တရာဒေသ နှင့် ပုဂံ ဒေသတို့တွင် များစွာ တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် အုတ်ခွက်ဘုရားများကို အေဒီ 4-5 ရာစု မှ 15 ရာစု အတွင်း အများအပြား ပြုလုပ် ပူဇော်လေ့ ရှိကြောင်း တွေ့ရှိရသည်။ ရှေးခေတ် ပျူဒေသအုတ်ခွက်ဘုရားများ ပြုလုပ်ရာတွင် မြေပုံစံခွက်၊ ကြေးပုံစံခွက်နှင့် ကျောက် ပုံစံခွက်များကို အသုံးပြုကြကြောင်း တွေ့ရှိရပါသည်။ အုတ်ခွက်ဘုရားများတွင် အသေးဆုံး (၁)လက်မခွဲမှ အကြီးဆုံး (၂)ပေ(၇) လက်မ အထိ တွေ့ရှိရပြီး အဝိုင်းပုံ၊ လေးထောင့်ပုံ၊ တြိဂံပုံ နှင့် ဘဲဥပုံ စသည်ဖြင့် ပုံစံ အမျိုးမျိုးတွေ့ရှိရပါသည်။
ရုပ်တုများသည် ဌာပနာပစ္စည်းများဖြစ်နိုင်၍ ဘုရားရှင် အား မင်းကြီးနှင့်တကွ မိဖုရားကြီး၊ သားတော်၊ သမီးတော်များ၊ မှူးကြီးမတ်ရာ ဗိုလ်ပါအပေါင်းနှင့် သူဌေး၊ သူကြွယ်များ၊ ပြည်သူများ၊ နတ်၊ နဂါး၊ ဘီလူး၊ ဂဠုန်၊ ရသေ့ အပေါင်းတို့က ပူဇော်ကြဟန်
မြေမီးဖုတ် အုတ်ခွက်ဘုရားများကို ရှေးဟောင်း စေတီပုထိုးများတွင် ဥဒ္ဒိဿစေတီအဖြစ် ဌာပနာ ပူဇော် ထားလေ့ရှိကြောင်းတွေ့ရှိရသည်။ အထူးသဖြင့် ပျုခေတ် ်ကာလတွင် ဗုဒ္ဓဘာသာ လွှမ်းမိုးသော သင်္ကေတအဖြစ် အုတ်ခွက်ဘုရားများကို သရေခေတ္တရာဒေသ နှင့် ပုဂံ ဒေသတို့တွင် များစွာ တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် အုတ်ခွက်ဘုရားများကို အေဒီ 4-5 ရာစု မှ 15 ရာစု အတွင်း အများအပြား ပြုလုပ် ပူဇော်လေ့ ရှိကြောင်း တွေ့ရှိရသည်။ ရှေးခေတ် ပျူဒေသအုတ်ခွက်ဘုရားများ ပြုလုပ်ရာတွင် မြေပုံစံခွက်၊ ကြေးပုံစံခွက်နှင့် ကျောက် ပုံစံခွက်များကို အသုံးပြုကြကြောင်း တွေ့ရှိရပါသည်။ အုတ်ခွက်ဘုရားများတွင် အသေးဆုံး (၁)လက်မခွဲမှ အကြီးဆုံး (2)ပေ(၇)လက်မအထိ တွေ့ရှိရပြီး အဝိုင်းပုံ၊ လေးထောင့်ပုံ၊ တြိဂံပုံ နှင့် ဘဲဥပုံ စသည်ဖြင့် ပုံစံ အမျိုးမျိုးတွေ့ရှိရပါသည်။
ဘုရားဖြစ်ပြီးနောက် မဟာဗောဓိပလ္လင်တော်နှင့်တကွ အနီးပတ်ဝန်းကျင်ရှိ နေရာခြောက်နေရာ၌ တစ်နေရာတွင် ခုနှစ်ရက်စီ သီတင်းသုံးတော်မူသည်။ ယင်းခုနှစ် နေရာ ခုနှစ်ဌာနကို သတ္တဌာန ဟုခေါ်၏။ (၁)ရှေးဦးစွာ မဟာဗောဓိပလ္လင်တော်၌ နိဗ္ဗာန်ချမ်းသာကို အာရုံပြုလျက် ခုနှစ်ရက် သီတင်းသုံးသည်။ ၄င်းကို ပလ္လင်္ကသတ္တာဟ ဟုခေါ်သည်။ (၂)ဗောဓိပင်၏ အရှေ့မြောက်ဘက် (၁၄)လံအကွာရှိ ကုန်းငယ်အပေါ်၌ ခုနှစ်ရက် ရပ်လျက် “ဗောဓိရွှေပလ္လင်ဝယ် သဗ္ဗညုတဉာဏ်တော်ကို ရပေတကား” ဟု မျက်စိ မမှိတ်ဘဲ ဗောဓိပင်နှင့်ပလ္လင်တော်ကို ကြည့်တော်မူသည်။ ၄င်းကို အနိမိသသတ္တာဟ ဟုခေါ်သည်။ (၃)ဗောဓိပင်နှင့် အနိမိသကုန်းအကြား၌ ခုနှစ်ရက်စင်္ကြံလျှောက်၍ နေတော်မူသည်။ ၄င်းကို စင်္ကမသတ္တာဟ ဟုခေါ်သည်။ (၄)ဗောဓိပင်နှင့် အနောက်မြောက်ဘက် အတောင်(၄၀)ကွာအရပ်ရှိ နတ်တို့ ဖန်ဆင်းသော ရတနာအိမ်တော်၌ ခုနှစ်ရက် နေတော်မူသည်။ ထိုသို့ နေတော်မူစဉ် အဘိဓမ္မာ တရားတော်ကို ဆင်ခြင်သုံးသပ်တော်မူသည်။ ရတနာအိမ်တော်၌ နေတော်မူ သည်ကို ရတနာဃရသတ္တာဟ ဟုခေါ်သည်။ (၅)ဗောဓိပင်အရှေ့မျက်နှာ(၃၂)လံအကွာရှိ အဇပါလ (ခေါ်)ဆိတ်ကျောင်းညောင်ပင် ရင်း၌ ခုနှစ်ရက် နေတော်မူသည်။ ထိုစဉ် မာရ်နတ်သမီးသုံးယောက်နှင့် ဟုံဟုံကပုဏ္ဏား တို့အား တရားပြ၍ ချွတ်တော်မူသည်။ နိဗ္ဗာန်ချမ်းသာကို အာရုံပြု၍လည်း စံပယ်တော် မူသည်။ ယင်းသို့ နေတော်မူသည်ကို အဇပါလသတ္တာဟ ဟုခေါ်သည်။ (၆)ဗောဓိပင်၏ အရှေ့တောင်မျက်နှာအရပ်ရှိ မုစလိန္ဒအိုင်အနီး ကျည်းပင်ရင်း၌ မုစလိန္ဒနဂါးမင်း၏ အစောင့်အရှောက်ကို ခံယူလျက် နိဗ္ဗာန်ချမ်းသာကို ခုနှစ်ရက် အာရုံဝင်စား သီတင်းသုံးသည်။ ယင်းသို့ပြုသည်ကို မုစလိန္ဒသတ္တာဟ ဟုခေါ်သည်။ (၇)ဗောဓိပင်၏ တောင်မျက်နှာအရပ်ရှိ ရာဇာယတန (ခေါ်) လင်းလွန်းပင်ရင်း၌ သမာပတ်ဝင်စား၍ ခုနှစ်ရက် သီတင်းသုံးသည်။ ယင်းသို့ပြုသည်ကို ရာဇာယတန သတ္တာဟ ဟုခေါ်သည်။