<<ရှေ့သို့



ရွှေဆံတော်ဗုဒ္ဓပြတိုက်နှင့်ပတ်သတ်သော အကြောင်းအရာများအားရွေးချယ်ကြည်ရှု့ရန်











လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏

ဗုဒ္ဓပြတိုက်ဖွင့်ပွဲသတင်း



(၁၆.၁.၂၀၂၃) ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး၏ဗုဒ္ဓပြတိုက် ဖွင့်လှစ်ပွဲသတင်းအား ကြည့်ရှု့နိုင်ပါသည်။


































ဖွင့်ပွဲမှတ်တမ်း


ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပြတိုက် ဖွင့်လှစ်ခြင်းအခမ်းအနား မှတ်တမ်းအားကြည့်ရှုနိုင်ပါသည်။






ကဗ္ဗည်းမော်ကွန်း


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ (၄.၁၀.၂၀၂၂)ရက်နေ့တွင် ပြည်မြို့ ကျက်သရေဆောင် လေးဆူဓာတ်‌ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုစဉ် ဗုဒ္ဓပြတိုက်အား မွမ်းမံပြင်ဆင်ရန် လမ်းညွှန် မှာကြားချက်အပေါ် ရွှေဆံတော်စေတီတော် သြဝါဒါစရိယ ဆရာတော်ကြီး(၉)ပါး နှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးမျိုးဆွေဝင်း၏ ဦးဆောင်ညွှန်ကြားမှုဖြင့် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပြတိုက်အား ရွှေဆံတော်စေတီတော်ဂေါပကအဖွဲ့သည် (၅.၁၀.၂၀၂၂)ရက်နေ့ မှစ၍ မွမ်းမံ ပြင်ဆင်ခဲ့ပါသည်။ဗုဒ္ဓ ပြတိုက်အား ရွှေဆံတော် စေတီ‌တော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံ ထိန်းသိမ်း‌ရေးကော်မတီ နှင့် ဂေါပကအဖွဲ့၏ အနီးကပ် ကြီးကြပ်မှု၊ ပြည်တက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်(ပြည်) တို့၏ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးကူညီမှု၊ ပြည်နည်းပညာ တက္ကသိုလ်၏ ဗုဒ္ဓပြတိုက် အဆောက်အဦးပိုင်းဆိုင်ရာ မွမ်းမံပြင်ဆင်မှု ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း(ပြည်)၏ ပြတိုက်အတွင်း ခင်းကျင်းမှုတို့ဖြင့် ဆောင်ရွက်ခဲ့ရာ တန်ဖိုးငွေကျပ်-၇၆,၅၇၃,၉ဝဝိ/-(ကျပ်ခုနှစ်ရာ ခြောက်ဆယ့်ငါးသိန်း ခုနှစ်သိန်း သုံးထောင့်ကိုးရာတိတိ) ကျသင့် ခဲ့ပြီး (၂၉.၁၂.၂၀၂၂)ရက်နေ့တွင် အောင်မြင်စွာ ပြီးမြောက် ခဲ့ပါသည်။သို့ဖြစ်ပါ၍ ဗုဒ္ဓပြတိုက် မွမ်းမံပြင်ဆင်ရာတွင် ကုသိုလ်ရယူ ဆောင်ရွက်ပေးသော ရွှေဆံတော် စေတီတော်မြတ်ကြီး ဘက်စုံပြုပြင် မွမ်းမံထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ စေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ပြည်နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြနန္ဒာလွင်၊ ကွန်ပျူတာတက္ကသိုလ်(ပြည်) ဒုတိယပါမောက္ခချုပ် ဒေါက်တာယုဇန၊ ကထိက ဒေါ်သူဇာဝင်း နှင့် အထက်ပါတက္ကသိုလ်များမှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် လက်ထောက်ကထိက ဒေါ်ညိုညိုယဉ်မောက်၊ ပြတိုက်၏ ကျွန်း၊ လျှာထိုး၊ ကြမ်းခင်းအလှူရှင် ဦးသောင်း (အလင်္ကာဟိုတယ်) တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ဤလေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပြတိုက်အား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးမျိုးဆွေဝင်းမှ ဖွင့်လှစ်ပေးခဲ့ပါကြောင်း ကဗ္ဗည်း မော်ကွန်းတင်အပ်ပါသည်။










abc