ဒွတ္တဘောင်မင်းကြီးသည် ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဖူးမြော်ရန် လာရောက်သောအခါ ရွှေဆံတော် စေတီတော်မြတ်ကြီး၏ အရှေ့ဘက်ရှိ ဇေယျပထဝီ အောင်မြေကုန်းတွင် မင်းကြီးစီးတော်ဆင်နှင့်မြင်းတို့ကို ချည်နှောင်ထားလေ့ရှိသည်။ မှူးကြီးမတ်ရာသေနာပတိတို့ ဆင်တပ်ကြီးကို အရှေ့ဘက်စောင်းတန်းထိပ်တွင် စခန်းချခဲ့သဖြင့် ယခုအခါဆင်တဲကျောင်းဟု အမည်တွင်ခဲ့သည်။ ဒွတ္တဘောင်မင်းကြီး နတ်ရွှာစံသောအခါ သားတော်ရဟန်းနာအရှင်စန္ဒာသိရီနှင့်အရှင်စန္ဒာဂရာဇာတို့ သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်လာသော ဓာတ်တော်နှင့် မင်းမိဖုရား၏ လက်ဝတ်တန်ဆာတို့ကို ဌာပနာပြီး ရဟန္တာအရှင်သူမြတ်နှစ်ပါးနှင့် ပန်ထွာမိဖုရားတို့ ကြီးကြပ်ကာ ဆင်ချည်တိုင်နှင့် မြင်းချည်တိုင် ညီနောင်စေတီနှစ်ဆူကို တည်ထားတော်မူခဲ့သည်။ ထို့နောက် ဆင်ချည်တိုင်၊ မြင်းချည်တိုင် စေတီနှစ်ဆူမှာ နှစ်ကာလကြာနှောင်းလာသောအခါ ပျက်စီးလာသဖြင့် ဆရာတော်ဘဒ္ဒ န္တတေဇဝန္တ ဦးဆောင်ပြီး ဇေယျပထဝီကုန်းမြေပေါ်ရှိ ဆင်ချည်တိုင်၊ မြင်းချည်တိုင် စေတီတော်နေရာတွင် ဆယ်ထပ်ကြီးဘုရားကို ( ၁၂၈၀ )ခုနှစ်မှစပြီး တည်ထားခဲ့ရာ နှစ်ကြိမ်တိုင်တိုင် အထမမြောက်ဘဲ ပြိုကျခဲ့သဖြင့် ( ၁၂၈၂ )ခုနှစ်တွင် ဗေဒင်ပညာရှိများ၏ တွက်ချက်မှုအရ ကဏာ ဇာလီကိန်း နက္ခတ်ကျနေသဖြင့် မောင်နှမအရင်းအထက်အောက်ဖြစ်ပြီး မောင်ဖြစ်သူစနေသားနှင့် နှမဖြစ်သူ ကြာသပတေးသမီးတို့ အုတ်မြစ်ချမှသာလျှင် အောင်မြင်မည်ဖြစ်သဖြင့် လိုက်လံရှာဖွေရာ အချို့မိဘများမှာ မိမိတို့သားသမီးများကို ဘုရားတည်ရန်အတွက် စတေးလိမ့်မည်ဟုယူဆပြီး မိမိတို့သားသမီးတို့ နှင့်အတူ ထွက်ပြေးတိမ်းရှောင်နေခဲ့သည်။ သို့ရာတွင် မိဘများ၏ ခွင့်ပြုချက်အရ မောင်တင်မောင် ( ဂ)နှစ်သားနှင့် မခင်သန်း ( ၅ )နှစ်သမီး မောင်နှမနှစ်ယောက်တို့ကို ဝါးတပြန်သာသာနက်သော မြေကြီးကျင်းထဲသို့ လူကြီးများကပွေ့ချီကာဆင်းပြီး ရွှေချထားသော အုတ်နှစ်ချပ်ကို ကိုင်ဆောင်စေလျှက်အုတ်မြစ်ချခဲ့သည်။ ထိုအခိုက် ကျင်းကြီးနှုတ်ခမ်းများ စစ်ဗာရီများက သေနတ်များကိုမိုးပေါ်သို့ ထောင်ပြီးပစ်ဖောက်ရာ မြေကြီးမှာသိမ့်သိမ့်ခါခဲ့သည်။ အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ်ပုပ္ပါးဆရာကြီး ဦးစော်ဘွားမှ ပန္နက်ချသော မောင်နှမ နှစ်ယောက်၏ နောက်မှနေပြီး ဂါထာမန္တံများရွတ်ဖက်ခြင်း၊ ခရုသင်းဖြူဖြူများမှုတ်ခြင်း ငွေဖလားကြီး နှင့် သပြေခတ်မှ ရေစက်များ ပတ်ဖြန်းပေးခဲ့သည်။ ကျင်းကြီးအပေါ်မှ ပရိသတ်များက ပန်းပေါက်ပေါက်များ ကြဲချခဲ့သည်။ ယင်းမှာ ဆယ်ထပ်ကြီးဘုရားတည်ရန်အတွက် တတိယအကြိမ် အုတ်ဖြစ်ချခဲ့ခြင်းဖြစ်သည်။
သာသနာတော်နှစ် ၁၂၆ ခု (ခရစ်နှစ် ၄၁၈ ခုနှစ်)တွင် သရေခေတ္တရာ ပြည့်ရှင် ဒွတ္တဘောင်မင်းကြီးသည် ရွှေဆံတော် စေတီတော်မြတ်ကြီးကို ဒုတိယမြောက် ဒါယကာအဖြစ် တည်ထားကိုးကွယ်ခဲ့သည်။ ထို့အတူ မင်းကြီး၏ မြောက်နန်းမတော် မိဖုရားကြီး ဥမ္မာရဒေဝီသည် ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီးကို ပထမဆုံးဒါယိ ကာမအဖြစ် တည်ထားကိုးကွယ်ခဲ့သည်။ စတင်တည်ထားကိုးကွယ်ခဲ့စဉ်က စေတီ တော်မြတ်ကြီး၏ ဘွဲ့အမည်မှာ အတွင်း ရွှေကူစေတီတော်ဖြစ်သည်။ ဒွတ္တဘောင် မင်းကြီး၏ ယောက်ဖတော်၊ မိဖုရားကြီး ဥမ္မာရဒေဝီ၏ မောင်တော် နန္ဒသူရိယမင်း သား(ပြည်မင်း)၏ နန်းဦးတွင် တည်ထား သဖြင့် နန်းဦး စေတီ၊ အတွင်းရွှေကူဟုလည်း ဘွဲ့ တော်တွင်ခဲ့သည်။ စေတီတော်မြတ်ကြီး သည် ပြည်မြို့ စျေးကြီးအရှေ့ဘက်၊ ကျောင်း ကြီးအိုးတန်းရပ်ကွက်တွင် တည်ရှိသည်။ ပြည်မင်းသီဟသူ(သတိုးသီဟ ဓမ္မ ရာဇာ)က သာသနာတော်နှစ် ရဝရ ခု (ခရစ် နှစ် ၁၅၈ ခုနှစ်)တွင် ဒုတိယမြောက် ဘုရား ဒါယကာအဖြစ်လည်းကောင်း၊ မြန်မာ သက္က ရာဇ် ၁၁၈၁ ခုနှစ် (ခရစ်နှစ် ၁၈၁၉ ခုနှစ်)တွင် ကုန်းဘောင်မင်းဆက် ဘကြီး တော်မင်းက တတိယမြောက် ဘုရားဒါယ ကာအဖြစ် ပြုပြင်တည်ထားခဲ့ကြသည်။ ဘုရားဘွဲ့တော်အားလည်း ရွှေဘုန်းမြင့်၊ ရွှေဘုန်းပွင့်ဟူ၍ ဘွဲ့တော်အသစ်ကပ်လှူခဲ့ သည်။ ၁၈၅၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲကာလ အတွင်း စေတီတော်မြတ်ကြီးသည်ကြီးမား စွာပျက်စီးထိ ခိုက်မှုများရှိခဲ့သည်။ ရွှေဘုန်း မြင့်၊ ရွှေဘုန်းပွင့်စေတီမြတ်ကြီး ပျက်စီး ယိုယွင်းနေမှုများအား မြန်မာသက္ကရာဇ် ၁၂၆ဝ ပြည့်နှစ် (ခရစ်နှစ် ၁၈၉၉ ခုနှစ်)တွင် ပြည်မြို့သူ၊ မြို့သား ဒါယယာ၊ ဒါယိ ကာမများမှ စုပေါင်းပြီး ယနေ့ဖူးမြော်မြင် တွေ့နေရသည့် (ရှစ်မြှောင့်ဆူးလေစေတီ)ပုံတော်အတိုင်း အသစ်တဖန် ပြန်လည် ပြုပြင် တည်ထားကိုးကွယ်ခဲ့ကြသည်။ မြန်မာ သက္ကရာဇ် ၁၃ဝရ ခုနှစ် (ခရစ်နှစ် ၁၉၄၆ ခုနှစ်)တွင် ဒုတိယကမ္ဘာစစ်ဘေး ကြောင့် မီးလောင်ပျက်စီးပြန်ရာ စစ်ကြီး ပြီးချိန်တွင် မူလပုံတော်အတိုင်း ပြန်လည် တည်ထားကိုးကွယ်ခဲ့ကြပြန်သည်။ စေတီ တော်မြတ်ကြီး အားလုံးတော်ပြည့် ရွှေ သင်္ကန်းကပ်လှူခြင်းကို ဆယ်နှစ်လျှင် တစ်ကြိမ် ကပ်လှူပူဇော်ခြင်းကို အစဉ် အလာမပျက် ဆောင်ရွက်လျက်ရှိလေ သည်။ မြန်မာသက္ကရာဇ် ၁၃၆ဝ ခုနှစ်၊ တပေါင်းလပြည့်နေ့ (ခရစ်နှစ် ၂ဝဝ၁ ခုနှစ်၊ မတ်လ ၈ ရက်)နေ့တွင် ဘုရားကြီး၏ သြဝါဒစရိယ ဆရာတော်ကြီးများနှင့် ဘုရားဂေါပကလူကြီးမင်း များမှ ကြီးမှူး၍ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ ကြေး ပြားရွှေသင်္ကန်းကပ်လှူပွဲနှင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်အထွတ်တော် မင်္ဂလာ အခမ်းအနားအားလည်း စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ခဲ့လေသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မင်းကြီးတောင်တွင် တည်ရှိပါသည်။ စေတီတော်သမိုင်းရာဇဝင်အရ မြတ်စွာဘုရားရှင် ၏ဗျာဒိတ်အရ ဒွတ္တဘောင်မင်းကြီးနှင့် ဗိဿနိုးမိဖုရားတို့က တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပြီး ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံလာခဲ့ကြရာမှ ယခုအချိန်တွင် အလွန်ကြည်ညိုသပ္ပါယ်စွာ ဖူးမြင်ကြရပါသည်။ စေတီတော်တွင် မင်းတုန်းမင်းကြီး လှူဒါန်းပူဇော်ခဲ့သည်ဟုဆိုသည့် မျက်ရှင်၊ လက်ရှင်သစ်ကနက် ရုပ်ပွားတော်မြတ် ကိန်းဝပ်လျက်ရှိသည်။ ထိုသစ်ကနက်သားဖြင့် ထုလုပ်ထားသော ရုပ်ပွားတော်မြတ်အား တည့်တည့်ဖူးမြော်လျှင် မျက်လုံးတော်မှာ တစ်မျိုးဖူးရကာ ဘေးဘက်မှဖူးမြော်လျှင် တမျိုးပြောင်းနေသည်မှာ အလွန်ထူးခြားပါသည်။ လက်ဝဲဘက်လက်တော်မှာလည်း လက်ရှင်ဖြစ်ကာ ဖြုတ်၍၊ တပ်၍ ဖူးမြော်ရပါသည်။ လာရောက်ဖူးမြော်သူတိုင်းမှာလည်း ထိုလက်တော်အား ဦးထိပ်တင်၍ အဓိဌာန်ပြု ဆုတောင်းသမှုပြုလျှင် ဆုတောင်းပြည့်ဝသည်ဟု ယုံကြည်ကြပါသည်။
မင်းကြီးတောင်အနီးတွင်တည်ရှိသည်။
ရည်ညွှန်းချက်။ ဗေဒါရီဂူကျောင်းတိုက်မှ ဆရာတော် ဦးသုကုမာရ နှုတ်ဖြင့် ပြောကြားချက် နှင့် ဂေါပက ဦးထွန်းထွန်းနိုင်မှ ပေးပို့သော စာအရ ဖော်ပြထားပါသည်။ ခေပဒူတရသေ့သည် အရင်က မင်းသားကြီး ဖြစ်သည်။ ရှေးယခင်အချိန်များမှာ ဝက်ကြီးတစ်ကောင်သည် လူတို့ရပ်ရွာစိုက်ခင်းသီးနှံ အပင်များအား ဖျက်စီးနေသည် ဟုသတင်းပေးပို့ကြပါသည်။ ထိုအခါ ခေပဒူတမင်းသားကြီးရဲ့ အမတော် ဘုရင်မကြီးက ထိုဝက်ကြီးကို သတ်ရန် သူရဲ့နောင်တော် ခေပဒူတမင်းသားကြီးကို အမိန့်ပေးခဲ့သည်။ ခေပဒူတမင်းသားကြီးသည် ဝက်ကြီးအား သတ်ခဲ့သည်ကို သတ်သေခံအဖြစ် တိုင်းပြည်ကို ပြရမည်ဖြစ်သည်။ သို့သော် ဝက်သည် ပုတ်သွားသည့်အခါ ခေပဒူတရသေ့သည် တိုင်းပြည်ကို မပြန်တော့ပဲ မင်းကြီးတောင်တွင် ရသေ့ဝတ်ပြီး တောရဆောက်တည်နေပါတော့သည်။ ခေပဒူတရသေ့သည် ညအခါတစ်ရေးနိုး ကျင်ငယ်စွန့်သည့်အခါ ကျောင်းသင်္ခမ်း အောက်တွင်ရှိသော သစ်သားခွက်ထဲသို့စွန့်လေ့ရှိသည်။ ထိုအခါ တောနက်ထဲမှ မေဒါဝီသမင်မ တစ်ကောင်သည် ရသေ့ကြီး စွန့်ထားသည့်ကျင်ငယ်အား ရေအမှတ်နှင့် လာသောက် လေ့ရှိပါသည်။ ထိုအခါ သမင်မတွင် ရသေ့၏ကျင်ငယ်ရေမှတစ်ဆင့် ပဋိသန္ဓေ တည်ပြီး သမင်မမွေးပဲ လူသားမိန်းကလေး တစ်ဦးမွေးဖွားလာပါသည်။ သမင်မသည် ကလေးငိုသံကို လန့်၍ထွက်ပြေးခဲ့ပါသည်။ ထိုအခါ ကလေးငိုသံကြား၍ ရသေ့ကြီးက ဆင်းကြည့်သည့်အခါ ကလေးငယ်ကိုတွေ့ရ၍ကောက်ယူမွေးစားလိုက်သည်။ ထိုအခါ ရသေ့က ဒီကလေးသည် ငါနဲ့ပဌာန်းဆက်ပါလျှင် ငါ၏လက်ကနို့ထွက်ပါစေဆိုပြီး တိုင်တည်လိုက်တဲ့အခါမှာ လက်က နို့ထွက်ပြီး ကလေးကို မွေးခဲ့သည်။ ထိုကလေးလေးကို မဗေဒါလို့ အမည်တွင်စေခဲ့သည်။ ဗေဒါရီအရွယ်ရောက်လာသည့်အခါ ရသေ့ကျောင်းသင်္ခမ်းတွင် မိန်းကလေးငယ် ရှိနေသည်ကို ဒကာ၊ ဒကာမများ မြင်တွေ့လျှင် မသင့်တော်သောကြောင့် ဘူးသီးခြောက်တွင် အပ်ဖြင့် အပေါက်ဖောက်ကာ ရေခပ်ခိုင်းခဲ့သည်။ ရေလိုချင်သည် မဟုတ်ဘဲ တစ်နေကုန် ကျောင်းတွင် မရှိအောင် ပြုလုပ်ခြင်းဖြစ်သည်။ တကောင်းတိုင်းပြည်မှ မိဖုရားကြီး မွေးဖွားလိုက်သည့် မဟာသမ္ဘဝနဲ့ စူဠာသမ္ဘဝ ခေါ်သောသားနှစ်ယောက်ရှိပါသည်။ ထိုညီအကို နှစ်ယောက်သည် မွေးရာပါ မျက်မမြင်ဖြစ်သည့်အတွက် ဘုရင်ကြီးက ရှက်၍ သတ်ဖို့ခိုင်းခဲ့ပါသည်။ ထိုအခါ မိဖုရားကြီးမှ မသတ်ပဲနဲ့ တစ်နေရာတွင် ဖွက်ထားပြီး ကြီးလာသောအခါမှာ ဧရာဝတီ မြစ်ကြောင်းအတိုင်း မျှောလိုက်သည်။ စစ်ကိုင်းရောက်သည့်အခါမှာ သစ်ပင်အကိုင်းတစ်ကိုင်း နှင့် ဖောင်ငြိကာ ဖောင်သည် ရှေ့ဆက်မသွားနိုင်၍ စစ်ပင်ကြီးအနီးတွင် တဝဲလည်လည် ဖြစ်နေပါသည်။ ထိုအခါ စစ်ပင်ပေါ်တွင်နေသော စန္ဒမုက္ခီဘီလူးမသည် ဖောင်ပေါ်သို့ ခိုးလိုက်လာပါသည်။ အစားအသောက်များသည် ညီကိုနှစ်ယောက်စားသည်ထက် တစ်နေ့ တစ်နေ့ ပိုပိုလျော့လာသောအခါ ဒီဖောင်အပေါ်တွင် ငါတို့ ညီအကိုနှစ်ယောက်အပြင် တခြားတစ်ယောက်ပါလာတယ်ဟု သံသယဝင်လာပါသည်။ ထိုအခါ အစားအသောက် စားရာတွင် ညီလေးလက် အကိုကြီးလက် ဆိုပြီး တိုင်ပင် ခေါ်စားပါသည်။ ထိုအခါ လက်တစ်ခု ဖမ်းမိလိုက်၍ ညီလေးလက်လည်းမဟုတ် အကိုကြီး လက်လည်းမဟုတ် ဘယ်သူ့လက်လည်း မေးလိုက်တဲ့အခါမှာ ဘီလူးမလက် ဖြစ်တဲ့အတွက် သတ်မယ် ဟုလုပ်တဲ့အခါ ဘီလူးမက မသတ်ပါနဲ့ လူများအား ဒုက္ခပေးခြင်းမဟုတ်ဘဲ ဖောင်ပေါ်မှ အစားအသောက်များ စားရန် လိုက်လာခြင်း ဖြစ်သည်ဟု ပြောလိုက်သည်။ ဘီလူးမသည်သူ့အား မသတ်လျှင် ညီအကို ရဲ့မျက်စိကို မြင်အောင် ကုပေးမယ်ဟု ပြောလိုက်သည့်အခါ ညီအကို နှစ်ယောက်က လက်ခံခဲ့ပါသည်။ ထိုအခါ ဆေးစတင်ကုသသည့်နေရာအား စကု၊ မျက်စိများပြန်ကောင်း၍ အလင်းရောင် စတင်ရရှိသည့် နေရာအား စလင်းဟု စတင်ဖြစ်ပေါ်လာပါသည်။ မျက်စိပြန်မြင် သွားသည့်အခါမှာ မဟာသမ္ဘဝက ဘီလူးမနှင့် ချစ်ကြိုက်ခဲ့ပါသည်။ ကုန်းသလင်းမြို့ သောင်ပြင်ပေါ်တွင် ဖောင်ကို ထားခဲ့၍ မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်ခဲ့သည်။ ထိုအခါ မဗေဒါရေခတ်ဆင်းနေသည်ကို တွေ့သည့်အခါ မဟာသမ္ဘဝက မဗေဒါကို သဘောကျပြီး တောင်းရမ်းယူမယ်ပါမည်။ မဗေဒါက သူတစ်ယောက်တည်းသဘောနှင့် ဆုံးဖြတ်မရပါကြောင်း သူ၏ ဖခင်ရသေ့ကြီးထံ ခေါ်သွားခဲ့ပါသည်။ ရသေ့ကြီးထံရောက်၍ ရသေ့ကြီးက မေးတဲ့အခါမှာ ညီအကိုနှစ်ယောက်က သူနဲ့တူကြီးတော်နေသည်ကို သိလိုက်ရပါသည်။ မဗေဒါသည် ရသေ့ကြီး၏ သမီးဖြစ်၍ မဟာသမ္ဘဝ နှင့် လက်ထပ်ပေးလိုက်သည်။ ရသေ့ကြီး သည် မဟာသမ္ဘဝအား နန်းတင်ပြီး သရေခေတ္တရာနေပြည်တော်ကို တည်ထောင်စေသည်။ စူဠသမ္ဘဝ ကို အိမ်ရှေ့စံအဖြစ်ပြုစေခဲ့သည်။ စန္ဒမုက္ခီ ဘီလူးမက လူမဟုတ်တဲ့ အတွက်ကြောင့် မိဖုရားမြောက်၍ မရသဖြင့် မဗေဒါအား မိဖုရားမြောက်လိုက်သည်။ မဗေဒါ ကိုယ်ဝန် သုံးလရောက်တဲ့ အခါတွင် မဟာသမ္ဘဝကနတ်ရွာစံသည်။ စူဠသမ္ဘဝနန်းတက်ကာ မဗေဒါကို မိဖုရားထပ်မြောက်လိုက်တယ်။ အဖညီနောင် ဒွတ္တဘောင် ကိုဖွားမြင်လိုက်သည်။ ကြီးလာသည့် အခါမှာ သူတို့ခြင်းပြန်ပြီး သိမ်းပိုက်တယ်။ ပန်ထွာမိဘုရား ကိုစစ်နဲ့ ခဲရာခဲစစ်တိုက်ယူ သော်လည်း အမြဲ ရှုံးခဲ့ပါသည်။ စစ်တိုက်ရာတွင် ဒွတ္တဘောင်မင်းက သူ့စစ်သည်များကို အခွန်ကောက်ခိုင်းရာတွင် အရင်က ရခဲ့၍ ပန်ထွာမိဘုရား နန်းတက်သည့် အချိန်တွင် အခွန်ကောက်ခံမရရှိပါ။ ပန်ထွာမိဘုရားဘက်မှ စည်ကြီးအား တီးလိုက်သည့်အခါတွင် ရေစောင့်တွေက ရေကာတာမှ ရေကို ဖွင့်ချလိုက်သည့်အခါမှာ ချောင်းထဲသို့ရေတွေကြီးလာပြီး လူတွေ မျောပါကာ အမြဲစစ်ရှုံးခဲ့သည်။ ပန်ထွာမိဘုရားသည် ရဟန်းသံဃာဆိုလျှင် အရမ်းကြည်ညိုသည့်အတွက် ဒွတ္တဘောင်မင်းသည် သူ၏ စစ်သည်တပည့်ကို ရဟန်းအယောင် ဆောင်ခိုင်း၍ ထိုတိုင်းပြည်ထဲသို့ စေလွတ်လိုက်သည်။ ထိုတိုင်းပြည်ထဲတွင် ဘယ်နေရာ ရွှေ၊ငွေ ကျောက်သံပတ္တမြား ရှိသည် တန်ဖိုးကြီးသည့် အရာများရှိသည် ဆိုပြီး ပြောပြထားသည့်အတွက် အကြားအမြင်ရသည် ထင်၍ ပန်ထွာက ကြည်ညိုခဲ့သည်။ ထို ရသေ့ရဟန်း အယောင်ဆောင် စစ်သည်က စည်ကြီးကို ဖျက်စီးပြီး ပြန်ပြုပြင်ထားလိုက်တယ်။ ထိုအခါ စည်မှ အသံ အရမ်းမထွက်တော့သည့်အတွက် ရေကာတာမှ ရေစောင့်များမကြားနိုင်၍ စစ်အောင်နိုင်ခဲ့သည်။ ထိုအခါ ပန်ထွာမိဖုရားက မဟာမြိုင်တောထဲသို့ ထွက်ပြေးခဲ့တယ်။ ထို့နောက် ပန်ထွာ မိဖုရား အားမိပြီး သိမ်းပိုက်လိုက်တယ်။