<<  ရှေ့သို့

လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ထီးတော်အထက်ပိုင်းအဆင့်ဆင့်တွင်ရှိသော အကြောင်းအရာများ





ပန်းလည်တိုင်နှင့်ထီးတော်တို့၏အတိုင်းအထွာများ

လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏စိန်ဖူးတော်





စိန်ဖူးတော်



ထိပ်ဆုံးရှိ ပထမစိန်ကြီး(၁)လုံး(အများပြည်သူကောင်းမှု) = အလေးချိန်(၆ဝ)ရတီ၊ (၅) ဘီဇဝါ
ဒုတိယစိန်ကြီး(၁)လုံး(ဒေါ်ကျင်ကျင်၊ ကုန်သည်လမ်း၊ ပြည်မြို့၊ ကောင်းမှု) = အလေးချိန်(၈)ရတီခွဲ
တတိယစိန်ကြီး(၁)လုံး(အများပြည်သူကောင်းမှု) = အလေးချိန်(၄)ရတီ
စတုတ္ထစိန်ကြီး(၁)လုံး(အလုပ်သမားဝန်ကြီးဌာန၊ဗိုလ်ချုပ်တင်ငွေနှင့် ဇနီးမိသားစုကောင်းမှု၊ ၁၃၆၀ ပြည့်နှစ်) = အလေးချိန်(၃)ရတီ (၁၀)ဘီဇဝါ။
စိန်ဖူးတော်ကြီးတစ်ခုလုံးရှိ စိန်လုံးရေ(၄၇၈)လုံး(အများပြည်သူကောင်းမှု) = အလေးချိန်(၂၃၂) ရတီ၊ ၇ ၁/၂ ဘီဇဝါ။
စိန်ဖူးတော်အောက်ခံရွှေချိန်စုစုပေါင်း(အများပြည်သူကောင်းမှု) = ၄၉ ကျပ်၊ ၁၂ ပဲ၊ ၆ ရွေးသား
စိန်ဖူးတော်အောက်အမာခံငွေချိန်စုစုပေါင်း(အများပြည်သူကောင်းမှု) = ၈၉ ကျပ်၊ ၆ ပဲသား
ရွှေဆည်းလည်း (၁၈)လုံးရွှေချိန် = ၇ဝ ကျပ်၊ ၃ ပဲ၊ ၃ ၁/၂ ရွှေသား။
စီခြယ်ထားသောကျောက်မျိုးစုံ(အများပြည်သူကောင်းမှု) = ၆၃၃ လုံး
စိန်ဖူးတော်ကြီးတစ်လုံး၏လက်ရှိခန့်မှန်းကာလတန်ဖိုး = ကျပ်သိန်း ၁၁၆၀၀


စိန်ဖူးတော်အတိုင်းအတာ



(က)အပေါ်ထိပ်စိန်ကြီးမှ အောက်ဆုံးရတနာခွေအထိ = ၁၆ ၁/၂ လက်မ၊
(ခ)အလယ်ဗဟိုလုံးပတ် = ၁၅ ၁/၂ လက်မ၊


ငှက်မြတ်နားတော်





စိန်အရွယ်စုံလုံးရေး(၁ဝ၇)လုံး(အများပြည်သူကောင်းမှု) = အလေးချိန်(၂၉)ရတီ၊ (၂)ဘီဇဝါ။
ငှက်မြတ်နားတော်အောက်ခံရွှေချိန်နှင့်ရွှေဆည်လည်း(၂၇)လုံးရွှေချိန် = ၃၀၁ ကျပ်၊ ၂ ပဲ ၊ ၁ ၁/၂ ရွေး
ငှက်မြတ်နားတော်အောက်အခံငွေချိန်ပေါင်း = ၈၉ ကျပ်သား
ငှက်မြတ်နားတော်တစ်ခုလုံးလက်ရှိခန့်မှန်းကာလတန်ဖိုး = ကျပ်သိန်း ၄၄ဝဝ ခန့်


ရွှေဟင်္သာ





ရွှေဟင်္သာတွင် စီခြယ်ထားသော စိန်အရွယ်စုံလုံးရေ(၁၅၄)လုံး(အများပြည်သူကောင်းမှု) = ၂ဝ ရတီ၊ ၁၈ ဘီဇဝါ
ရွှေဟင်္သာအောက်ခံရွှေချိန်(အများပြည်သူကောင်းမှု) = ၂၀၀ ကျပ်၊ ၁၅ ပဲသား
ရွှေဟင်္သာအောက်အမာခံငွေချိန်စုစုပေါင်း = ၈၈ ကျပ်၊ ၃ ပဲသား
ရွှေဟင်္သာရှိ ရွှေဆည်းလည်း(၂၇) လုံး ရွှေချိန်စုစုပေါင်း = ၁၂ ကျပ်၊ ၂ ပဲ၊ ၄ ရွေးသား
ရွှေဟင်္သာတစ်ခုလုံး၏ ခန့်မှန်းကာလတန်ဖိုး = ကျပ်သိန်း ၂၀၀ ခန့်


ရွှေဆပ်သဖူးတော်





ရွှေဆပ်သဖူးတော်ကိုယ်ထည်ရွှေချိန် = ၁၁၅ ကျပ်သား
ရွှေဆပ်သဖူးတော်ရတနာဆွေများရှိရွှေချိန် = ၅၆ ကျပ်၊ ၂ ပဲ၊ ၅ ရွေးသား
ရွှေဆပ်သဖူးတော်တစ်ခုလုံး၏ ကာလတန်ဖိုး = ကျပ်သိန်း ၁၀၀ ခန့်


ရွှေဆပ်သဖူးတော်၏ အတိုင်းအတာများ



(က) အမြင့်အရှည် = ၃၆ ၃/၄ လက်မ
( ခ) အထက်ဖျားပိုင်းလုံးပတ် = ၁၀ ၃/၄ လက်မ
( ဂ) အလယ်ပိုင်းလုံးပတ် = ၁၇ ၃/၄ လက်မ
(ဃ) အောက်ဆုံးပိုင်းလုံးပတ် = ၁၉ ၁/၂ လက်မ


ကြေးခြင်းကျားကြီး



ကြေးခြင်းကြားကြီးရှိ ရွှေခေါင်းလောင်း ၃၆ လုံးရွှေချိန် = ၇၅ ကျပ် ၄ ပဲ ၂ ရွေးသား
ကြေးခြင်းကြားရှိ ငွေခေါင်းလောင်း ၇၂ လုံးငွေချိန် = ၃၉၃ ကျပ် ၈ ပဲ
( ဂ)ကြေးခြင်းကြားကြီးတစ်ခုလုံးခန့်မှန်းကာလတန်ဖိုး = ကျပ်သိန်း ၄၀ ခန့်


ဇွန်း(ခေါ်) ရွှေခြင်းကြား



ဇွန်း (ခေါ်) ရွှေခြင်းကြား(၆)ခုနှင့် ရွှေဆည်းလည်း (၆၃)လုံးရွှေချိန် = ၁၃၅ ကျပ်၊ ၁ ပဲ၊ ၁ ၁/၂ ရွေး
ဇွန်း (ခေါ်) ရွှေခြင်းကြား(၆)ခုနှင့် ရွှေဆည်းလည်း (၆၃)လုံး ခန့်မှန်းတန်ဖိုး = ကျပ်သိန်း ၇၂ ၁/၂ ကျော်


ရွှေကြာပွင့်



မြန်မာထီးတော်ကြီးရှိ ရွှေကြာပွင့် (၈)ပွင့်ရွှေအလေးချိန် = ၁၄ ကျပ်၊ ၁၄ ပဲ၊ ၂ ရွေးသား
ရွှေကြာပွင့် (၈)ပွင့် ၏ ခန့်မှန်းကာလတန်ဖိုး = ကျပ် ၇ သိန်းခွဲခန့်


စိန်ဖူးတော်ကို စေတီတော်မြတ်ကြီးအထွဋ်သို့ တင်လှူပူဇော်ပေးခြင်း



ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီးသည် ဗုဒ္ဓရှင်တော်မြတ်ဘုရား၏ သာသနာဦး ကာလတွင် အစဦးဆုံး တည်ထားသော စေတီတော်မြတ်ကြီးဖြစ်၍ ဤဘဒ္ဒကမ္ဘာတွင် အံ့ချီးဖွယ် မကုန်နိုင်သည့် ဆံတော်ရှင် စေတီတော်မြတ်ကြီးပင် ဖြစ်ပါပေသည်။ ဤစေတီတော်မြတ်ကြီးကို သာသနာနှစ် ၁၂၆ ခုနှစ်တွင် သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်မင်းကြီးမှသည် ကုန်းဘောင်ခေတ်အနွယ်တော်ဝင်ဖြစ်သည့် ဘိုးတော်ဦးဝိုင်း၏ သားတော် ပြည်မင်းသီရိမဟာသီဟဓမ္မရာဇာ လက်ထက်တိုင်အောင် မင်း၊ မိဖုရားများကသာ ဘုရားဒါယကာပြု၍ ရွှေသင်္ကန်းကပ်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေဟင်္သာ တို့ကို မပြတ်ဆက်ကာ တည်ဆောက်ပြုပြင် မွမ်းမံပူဇော်ကိုးကွယ်ခဲ့ကြမြဲဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံသည် ကုန်းဘောင်ခေတ်တွင် ထီးကျိုးစည်ပေါက် ကျွန်သပေါက်အဖြစ်သို့ ခရစ်နှစ် ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်၍ အင်္ဂလိပ်လက်အောက် ကျွန်နိုင်ငံဘဝသို့ ကျရောက်ခဲ့ရပေသည်။ ယင်းသို့ ကျွန်နိုင်ငံအဖြစ်ကျရောက်ခဲ့ရာ လူမျိုးအားဖြင့် ကျွန်လူမျိုး၊ နိုင်ငံအားဖြင့် ကျွန်နိုင်ငံ၊ ကိုးကွယ်သည့်ဘာသာ သာသနာအားဖြင့်လည်း ကျွန်ဘာသာ သာသနာဖြစ်ခဲ့ရသဖြင့် ရှေးမင်း အဆက်ဆက် ပြုပြင်တည်ဆောက် ကောင်းမှုပြုခဲ့သည့် စေတီပုထိုးများမှာ သာသနာ့ဒါယကာမဲ့သည့် ဘဝဖြင့် ပျက်စီးယိုယွင်း မရှုမလှ စံပယ်တော်မူရရှာပေသည်။ ဤသို့သော ဖြစ်ရပ်များနှင့်လည်း ဆံတော်ရှင်စေတီတော်မြတ်ကြီး ကြုံဆုံခဲ့ရပေသည်။ ရှေးယခင်က စေတီတော်မြတ်ကြီးမှာ မင်းမိဖုရားများသာ ဒါယကာပြု၍ တည်ဆောက်ခဲ့ကြ သော်လည်း ယခုအခါ တိုင်းတစ်ပါးသား ဘာသာခြားသူတို့၏ လက်အောက် ကျရောက်နေရသဖြင့် ရဟန်းရှင် ပြည်သူတို့၏ တာဝန်သာဖြစ်တော့သည်ဟူသော ခံယူချက်ဖြင့် ပြုပြင်တည်ဆောက် မွမ်းမံ ထိန်းသိမ်းလာကြသည်မှာ အင်္ဂလိပ်လက်အောက် ကျွန်ဘဝမှသည် ယနေ့ လွတ်လပ်သည့် နိုင်ငံတော်ကြီး အဖြစ် ပြန်လည်ရပ်တည်နိုင်သည်အထိ ပြည်သူများကသာ ဆံတော်ရှင် စေတီတော်မြတ်ကြီးကို ထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်း၊ ပူဇော်ခြင်းဟူသည့် အလုပ်သုံးမျိုးဖြင့် နှစ်ပေါင်း (၁၈၄)နှစ်တိုင်တိုင် ပြည်သူတို့က ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေဟင်္သာတို့ကို ပြုပြင်မွမ်းမံလာခဲ့ကြပေသည်။ ထိုသို့ ရဟန်းရှင်ပြည်သူများ၏ တာဝန်သာဖြစ်တော့သည်ဟူသော ခံယူချက်ဖြင့် နှစ်ပေါင်း (၁၈၄)နှစ်တိုင် ဆံတော်ရှင်စေတီတော်မြတ်ကြီးကို ပြုပြင်တည်ဆောက်မွမ်းမံခဲ့ရာမှ မြန်မာသက္ကရာဇ် ၁၃၆ဝ ပြည့်နှစ်၊ တပေါင်းလပြည့်ကျော် (၁၃)ရက်၊ ခရရစ်သက္ကရာဇ် ၁၉၉၉ ခုနှစ်၊ မတ်လ (၁၄)ရက်၊ တနင်္ဂနွေနေ့တွင် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေဟင်္သာ၊ ရွှေဆပ်သဖူးတော်တို့ တင်လှူပူဇော်ပွဲတွင် နိုင်ငံတော်အကြီးအကဲနှင့် စစ်ဘက်နယ်ဘက် ဒေသဆိုင်ရာအာဏာပိုင်များက သာသနာ့အဆောင် အယောင်များနှင့်အတူ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေဟင်္သာ၊ ရွှေဆပ်သဖူးတော်တို့ကို ဆံတော်ရှင်စေတီအား လက်ယာရစ် လှည့်လည် ပူဇော်ပြီး ရွှေဆံတော်စေတီတော်မြတ်ကြီး အထွဋ် (ထိပ်ဆုံး)ရှိ ပိန္နဲတိုင်တွင် တပ်ဆင်တင်လှူပူဇော်ပေးပြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး အားလုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပြီးစီးခြင်းနှင့်အတူ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေဟင်္သာ၊ ရွှေဆပ်သဖူးတော်နှင့် ရတနာပစ္စည်းများ တင်လှူပူဇော်ခဲ့ပါသည်။