သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်မင်းကြီးသည် လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီးကို ဒုတိယမြောက်ဘုရားဒါယကာအဖြစ် သာသနာနှစ် (၁၂၆)ခုနှစ်တွင် အသစ်တဖန်တည်ထားစဉ်က စေတီတော်အုတ်မြစ်ခင်းသည့် တပို့တွဲလပြည့်နေ့ကို အမှတ်တရပူဇော်ပွဲအထိမ်းအမှတ်အဖြစ် စေတီတော်ကြီးရင်ပြင်တော်ပေါ်ဝယ် ညံရိုးမီးပူဇော်ပွဲနှင့် အရုဏ်ထမနဲဆွမ်းတော်ကပ်လှူခြင်းကို နှစ်စဉ်တပို့တွဲလပြည့်နေ့တိုင်း နှစ်ပေါင်း (၂)ထောင်ကျော် သရေခေတ္တရာသားတို့ ကျင်းပလာသည့် ရှေးမူမပျက်၊ အစဉ်အလာကို စေတီတော်ကြီးဂေါပကအဖွဲ့ အဆက်ဆက် ထိန်းသိမ်းကျင်းပလာသည့် မြန်မာနိုင်ငံတွင် တမူထူးခြားသည့် တစ်ခုတည်းသော ပူဇော်ပွဲ၊ ဘုရားပွဲတော်ပင်ဖြစ်ပါသည်။ နှစ်စဉ် ဂေါပကအဖွဲ့မှ အစဉ်အလာမပျက် ကြီးမှူးကျင်းပလာသည့် တပို့တွဲလပြည့်နေ့ ညံရိုးအမွှေးနံ့သာမီးပူဇော်ခြင်းနှင့် အရုဏ်ထမနဲဆွမ်းကပ်လှူခြင်းတို့ကို နဝဝါသီပြည်သားတို့ တပျော်တပါး ကုသိုလ်ရေးမို့ ကြိုးစားကြသည်မှာ အရုဏ်ဦးမှသည် နံနက်လင်းသည့်အထိ တစ်နှစ်မှသည် တစ်လ၊ တစ်လမှတစ်ရက် ကြုံကြိုက်ခဲသည့် ဒွတ္တပေါင်မင်းကြီးမှ စတင်ပြီး လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ပူဇော်မှုအထူးပြုခဲ့သည့် ရက်မြတ်ပူဇော်ပွဲကို နှစ်ပေါင်း (၂၀၀၀) (နှစ်ထောင်)ကျော် စဉ်ဆက်မပြတ် ဂေါပကအဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သည်မှာ နဝဝါသီ ပြည်သားတို့၏ သာသနာတော်အရေး တာဝန်ကျေပွန်မှု ပူဇော်ပွဲတစ်ရပ်ပင် ဖြစ်ပါသည်။
တပို့တွဲလဆန်း(၁၄)ရွှေဆံတော်ထမနဲပြိုင်ပွဲနှစ်စဉ်မဟာဗောဓိအောက်ရင်ပြင်၌ကျင်းပပါသည်။ ဝေယျာဝစ္စ(အမျိုးသား)၆ဖွဲ့+ဝန်ထမ်း(၁)ဖွဲ့၊စုစုပေါင်း(၇)ဖွဲ့တို့မှပြိုင်ပွဲကျင်းပပါသည်။ တပို့တွဲလပြည့်နေ၌တောင်ဘက်စောင်းတန်းအောက်၌ညံရိုးမီးဖြင့်ပူဇော်ခြင်း ထမနဲဆွမ်းကပ်ခြင်း၊ဧည့်ပရိတ်သတ်တို့အားယာယီဓမ္မာရုံ၌ ဧည့်ခံခြင်းများကျင်းပပါသည်။