<< ရှေ့သို့






ပထမအောင်မြေ



အောင်မြေဌာန-ဝီမံသန ဝိစာရဏစခန်း အောင်မြေ -ပိဠကတ်တိုက်နှင့် ဝိဇ္ဇာဓရ ကျမ်းတိုက်ဂူ
တည်ရှိရာနေရာ-ရွှေဆံတော်အလယ်ပစ္စယာ၊ ဆယ်ထပ် ဘုရားကြီးရှေ့၊ အရှေ့ စောင်းတန်းမြောက်၊ အပေါ်က ကြွေပြားဝိုင်းထားသော နေရာ အောက်၌ ရှိသည်။ ပညာ စာပေ ရွေးချယ်စိစစ်ရာ၊ လုပ်ငန်း ရွေးချယ်စိစစ်ဌာန၊



ဒုတိယအောင်မြေ


အောင်မြေဌာန-မူလပကတိစခန်းအောင်မြေ-ဇေယျပထဝီသိမ်တော်၊ တည်ရှိရာနေရာ- ဆယ်ထပ်ကြီးဘုရား အနောက် တောင်၊ စနေထောင့် (မြွေ ကြောင် ကျားကို၊ ဖား ကြွက် သမင်၊ အောင်မြင်နိုင်ရာ၊ မော်ကွန်းသာသား









တတိယအောင်မြေ



အောင်မြေဌာန-ဝင်စေထွက်စေ ဆုတောင်း ပတ္ထနာစခန်းအောင်မြေ-ဝလေးလုံး စေတီ
တည်ရှိရာနေရာ-ရွှေဆံတော် ရင်ပြင် အင်္ဂါထောင့် ၊တောင်စောင်းတန်းဦး အရှေ့ဘက် ဒေါ်စောရင် တန်ဆောင်းခေါင်းရင်း စေတီကလေး၏ အောက်တွင်ရှိ သည်။ (ထ မှာဆင်ထူး ဝကိုပူး၍) ဝလေးလုံးစေတီဖြစ်သည်။ ခရစ်နှစ် ၁၉၅၃ ခုနှစ်တွင် ကောင်းမှုရှင်တစ်ဦးက တည်ထားခဲ့ သည်။ စေတီ၏ပုံစံတော်မှာ ပစ္စယံငယ်တစ်ဆင့်ခံပြီး အပေါ်မှ ဝအက္ခရာလေးလုံးကို ကြီးစဉ်ငယ်လိုက် စီထား၍ ထိုဝအက္ခရာလေးလုံးပေါ်တွင် စေတီတည်ထားခြင်း ဖြစ်သည်။ ‘ဝ’လေးလုံး စေတီလုံးပြည့်‌‌ ရွှေသင်္ကန်းကပ်လှူ၍ စေတီငယ်ရင်ပြင်ပတ်လည်နှင့် ဂြိုဟ်ရှစ်ခွင်တို့တွင် သန့်ရှင်းကြည်လင်လှပ နေစေရန် ကြွေကျောက်ပြား အပြည့်တပ်ကာ လှူဒါန်းသူများမှာ ရန်ကုန် မြို့၊ အလုံရပ်၊ နှင်းဆီလမ်း၊ အမှတ်(၅၅)နေ ဦးမြတ်ကြည်+ဒေါ်အေးအေးမာ မိသားစုဖြစ်သည်။ ရွှေဆံတော်ရင်ပြင်တော် အင်္ဂါထောင့် ဗုဒ္ဓံ-ဓမ္မံ-သံဃံ ဝါတွင်းနိဗ္ဗာန်ဆော် အဖွဲ့တည်ရှိရာ ဒေါ်စောရင်ဓမ္မာရုံတန်ဆောင်း အရှေ့ဘက်တွင်ကပ်လျက် တည်ရှိသည်။ တရားထိုင်သူများ၊ အဓိဌာန်ပုတီးစိတ်သူများနှင့် စည်ကားလှပြီး ပြည်ဝင်ပြည်ထွက် အောင်မြေအထူးဌာနပင် ဖြစ်သည်။





စတုတ္ထအောင်မြေ





အောင်မြေဌာန- နာဂပထဝီစခန်းအောင်မြေ-နဂါးရုံဘုရား၊
တည်ရှိရာနေရာ-နဂါးပတ်စေတီ၊ တောင်စောင်းတန်း အောက်ခြေအရှေ့ဘက်၊အုပ်စုဖြင့်သွားရောက်လေ့ရှိကြပြီးသမ္ဗုဒ္ဓေ၊ ၂၄-ပစ္စည်းစသည် တို့ဖြင့် စည်းချလေ့ ရှိသည်ဟု အဆိုရှိသည်။ နဂါးသိုက်ဖြစ်၍ နွားနို့ဆက်သရသည်။























ပဉ္စမအောင်မြေ



အောင်မြေဌာန-ရတနာရာသိကရစခန်းအောင်မြေ-ရတနာပုံ ထီးဘုရား၊၊
တည်ရှိရာနေရာ-တောင်ဘက်စောင်းတန်း အောက်ခြေ၊ အနောက်ဘက် နဂါးရုံဘုရား နှင့် မျက်နှာချင်းဆိုင်၊ ရတနာပစ္စည်း စုဆောင်းရာ အထွတ် အမြတ်ရတနာထားရာ၊ )










ဆဌမအောင်မြေ



အောင်မြေဌာန-ဉာဏသမ္ဘာရစခန်းအောင်မြေ
တည်ရှိရာနေရာ-အထက်မဟာဗောဓိပင်ခြေရင်း၊ ဂြိုဟ်ရှစ်ခွင်ဘုရား၊ ရှင်သီဝလိ, ရှင်ဥပဂုတ္တ ကမ္ဘာလုံးဓာတ်တိုင်၊ နှစ်သက်ရာပြုလုပ်ကြသည်။




























သတ္တမအောင်မြေ



အောင်မြေဌာန-ဓာတ်ကူး ဓာတ်ဆက် စခန်းအောင်မြေ၊ တဝဂူစေတီ
တည်ရှိရာနေရာ-အောက်ပစ္စယာရင်ပြင်၊ အရှေ့ စောင်းတန်း၏မြောက်၊ကျောက်စာ တိုက်၏ အနီး၌ရှိ၏။ ယခု ထိုစေတီမရှိ တော့ပါ။ ဘိုးဘိုးအောင်၏ အောင်မြင်ရာ ဌာနဖြစ်၍ ၎င်း၏ရုပ်တုရှိရာ ပထမံဘိုးဘိုးအောင် တိုက်မှာပင် ဓာတ်ယူ၍ ဝင်ကြသည်။







အဌမအောင်မြေ

အောင်မြေဌာန- ဝါဟဘူမိစခန်းအောင်မြေ-ပျူပန်းတင် စေတီ
တည်ရှိရာနေရာ- ရွှေဆံတော် အလယ်ပစ္စယာ အနောက် မြောက်၊ ပထမံဗောဓိ အသင်းတိုက်ရှေ့၊ တင်မြှောက်ခြင်း၊ ရာထူးဆက်ခံခြင်း၊ တင် မြှောက်ဆက်ခံ အောင်ပွဲလျှံ ပတ္ထနာ ပြုရာဌာန။























နဝမအောင်မြေ



အောင်မြေဌာန-ဂါထာမန္တန်စခန်းအောင်မြေ-ဘိုးဘိုးအောင် ခွေးကျွေးကုန်း၊
တည်ရှိရာနေရာ- ကကြီး ခကွေး ကျောင်း နေရာမြေ၊ ဂါထာ မန္တန်များ၊ အင်း ပညာများ၊ ရွတ်ပွားသရဇ္ဈာယ် အဓိဋ္ဌာန်ဝင်ရာဌာန။