Toggle navigation
ပင်မစာမျက်နှာ
သမိုင်း
စွယ်တော်
ထင်ရှားသောနေရာများ
ပဌမံဘိုးဘိုးအောင်
ပြတိုက်
ပွဲတော်များ
ဖူးမြော်ရန်လမ်းညွှန်
ဓါတ်ပုံများ
ဆက်သွယ်လှူဒါန်းရန်
<< ရှေ့သို့
တောင်ပိုင်ဘိုးဘိုးကြီးနန်းဆောင်၏အနောက်ဘက်နှင့်တောင်ဘက် ၂၇ လုံး
ဓါတ်ပုံ
အလှူရှင်အမည်
သက္ကရာဇ်
တည်နေရာ
တည်နေရာသင်္ကေတ
ခေါင်းလောင်းစာ
ပြည်မြို့၊ အရိယဝံသကျောင်းဆရာတော် ဦးအာစရ
၁၂၉၉ - ခုနှစ်
(1938 – AD)
ပြည်မြို့၊ ရွှေဆံတော်စေတီရင်ပြင်တော်
တောင်ပိုင်ဘိုးဘိုကြီး နန်း၏
မျက်နှာစာတွင်ရှိသည်။
အရှေ့မှအနောက်သို့
၁၂ လုံးမြောက်ခေါင်းလောင်း
E-6
ပထမဖောင်းရစ်ရှိစာ
(၁) ခေါင်းလောင်းကျီးအချိန်။ ၁ဝ၅ါ။ ငွေ သင့်။ ၄၃၅။
ဒုတိယဖောင်းရစ်ရှိစာ
(၁) ဇေယျတု။ သဗ္ဗမင်္ဂလံ။ စိရံတိဌတု။ သဒ္ဓမ္မော။ ယေဓမ္မာဟေတုပ္ပဘဝါ။ တေသံ။ ဟေတု။
(၂) တထာဂတော။ ကေသဉ္စ၊ ယေါနိရောဓေါ။ ဧဝါဒီမဟာသမဏော။ သာသနာသက္ကရာဇ်။
(၃) ၂၄၈၁ ခု။ နှစ်။ ကောဇာသက္ကရာဇ် . . . .၀ါဆိုလ္ဆန်း ၈ ရက်နေ့သာယာဝတီ။ အုပ်ဖိုမြို့။
(၄) သင်းတောရွာ။ ဇာတိ။ ပြည်မြို့ အရိယဝံသတောရကျောင်း . . . . . နေထိုင်တော်မူသော။ ဘုန်းတော်ကြီး ဦးအာစရသည်။ နိဗ္ဗာန်
(၅) ကို။ ရည်မှန်း၍။ ဘုရားကြီးအား။ လှူဒါန်းပူဇော်ပါသည်။ ပညကို။လူနတ်ဗြဟ္မာ။ ဝေနေယျကို သာဓုသာဓုခေါ်စေသောဝ်။
သရေခေတ္တရာမြို့အုပ် မောင်မြတ်ကြီး
ဇနီးမောင်နှံ
၁၁၅၆ - ခုနှစ်
(1795 - AD)
ပြည်မြို့၊ ရွှေဆံတော်စေတီရင်ပြင်တော်
တောင်ပိုင်ဘိုးဘိုး ကြီးနန်း၏
မျက်နှာစာတွင်ရှိသည်။
အရှေ့မှအနောက်သို့
၁၁လုံးမြောက်ခေါင်းလောင်း
E-7
ပထမဖောင်းရစ်ရှိစာ
(၁) စိရံတိဌတုသဒ္ဓမော။ သဒ္ဓမော။ သူတော်ကောင်းတရားသည်။ စီရံ။ မြင့်ရှည်စွာ ကာလပါန်လုမ်။ တိဌတုတည်စေသတည်း။ သီရိခေတ္တရာမတိုင်း။သရေခေတ္တ ရာပြည်ကြီးကို အစိုးရတော်မူသော နိဗ္ဗာန်ကျွန်ဦးစေတီတော် ဒါယကာသီရိမဟာ ဓမ္မရာဇာဘွဲ့ နာမံတော်ရှိသော ပြည်မင်းတရား။ ကျွန်တော်မျိုး သရေခေတ္တရာ မြို့အုပ်ခေါင်မင်မောင်မြတ်ကြီး
(၂) ဇနီးမေမာင်နှံတို့သည်။ အလွန်ရခဲလှစွာသော ဒုလ္လဘ ဘတရားငါးပါးတို့ကို အသင့် အားဖြင့် နှံလုပ်သွင်းပါ၍။ သရေခေတ္တရာမြို့ တော်အရပ်ဝယ် ရှေးမင်းတို့တည် ထားပြုစုခဲ့သော သေဌဇေဌအစိန္တေယျ အစရှိသည်တို့ဖြင့် ချီးမွမ်းထောပနာ၍ မကုံနိုင်သော ကျေးဇူးတော်ဂုမ်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော ဘုရားသခင် သရီရဓါတ်တော် ရုပ်ပွားဆင်းတုတော်တို့၏
(၃) ကိန်းဝပ်ရာစေတီတော် ပျိုဝ်ပျက်ယွင်နှိပ်သည်ကို အုတ်အင်းကတေတို့ဝ်ဖြင့် ထပ်မံတည်ထားလုပ်ဆောင်ပြီးလျှင် ထီးခြရာသီးမှသည် မြေထိအောင်ရွှေအတိ မွမ်းမံ၍ ထိုဝ်စေတီတော်၏အပြင်နှိုက် အစည်မပြတ်သဒ္ဒဒါနဖြစ်စေခြင်းအကျိုဝ်း ငှါ ကြေးစင်အချိန် အသပြာ ၉ဝဝဝ ကို ငွေစင်အသပြာ ၅၄၀ လက္ခ ကံကျွေးပေး၍ သွန်းလုပ်အပ်သော ခေါင်းလောင်းကိုဝ်
(၄) သက္ကရာဇ် ၁၁၅၆ ခု၊ဝါဆိုလဆန်းရှစ်ရက် တနင်ကနွေနေ့ ဆွဲထားတင်လှူပူ ဇော်ပါသည်။ ။ ဤသို့ ပြုအပ်သောကောင်းမှုကြောင့် တဆဲ့တပါးသောမီးတို၏ ကင်းညိမ်းရာဖြစ်သော အသင်္ခတဓါတ် ဟုဆို အပ်သော
(၅) နိဗ္ဗာန်ရွှေပြည်မြတ်သို့ဝ်ရောက်သည်ဖြစ်စေသော။ နိဗ္ဗာန်ရွှေပြည်မြတ်သို့ဝ် ။ မရောက်မှီ ကာလအဆက် ဆက်သော ဘဝတို့နှိုက်လည်း စတ္တလေးပါ။ သမ္ပတ္တိ လေးပါး
(၆) တို့ဝ်နှင့်ပြည့်စုံသည်။ ဖြောင့်မတ်သောသမ္မာအယူရှိသော အမျိုဝ်တို့ဝ်၌သာဖြစ် သည်။ သူတော်သူကောင်းသူမြတ်လောင်းတို့ဝ်နှင့်သာ ပေါင်းဘက်ရသည်။ အလို-ရံ မက်အမျက်ဒေါသ မာန်နနည်ခေါင်ပါးသည်ကြားကာမြင်တတ်လွယ်စွာသော ပညာနှင့် ပြည့်စုံသည်။ အဆင်းသဏ္ဌန်လက္ခဏါအင်္ဂါကြီးငယ်တင့်တယ် လျောက်ပတ်ခြင်းနှင့် ပြည့်စုံသည်။
(၇) သုမ်းဆောင်ပေးကမ်းလှူဒါန်းစွန့်ကြဲမကုံနိုင်သော စည်းစိမ်ရတနာတို့ဝ်နှင့်ပြည့် စုံသော။ ။ ဤသို့ဝ်ပြုအပ်သောကောင်းမှုအဘို့ဝ်ကို၊ ဘုန်းတော်အလွန်ကြီးမြတ် တော်မူလှသော ရေမြေသခင် ဘဝရှင်မင်းတရားကြီး အရှင်မိဘုရား သားတော် သမီးတော် ဆွေတော်မျိုးတော်မှူးမတ်အပေါင်းတို့အား အမျှဝေပါသည်။ အထူး သဖြင့် ကျေးဇူးမြင့်တော်မူသော
(၈) ပြည်မင်းပြည်မိဘုရားသားတော်သမီးတော် ခြွေရံမှူးမတ်ပရိသတ်တို့မှစ၍ မိဘ ဆရာဆွေတကာနှင့် စကြာဝဠာအနန္တဘုံသုမ်းဝနှိုက် ကျင်လည်ကုံသော သတ္တဝါ အပေါင်းတို့ဝ်အား အမျှဝေပါသည်။ သာဓု သာဓု ခေါ်ကြစေကုန်သော်။ ။
ဆြာအိပ်၊ မဦး မိသားစု
၁၂၄၉ - ခုနှစ်
(1888 - AD)
ပြည်မြို့ ၊ ရွှေဆံတော်စေတီရင်ပြင်တော်
တောင်ပိုင်ဘိုးဘိုးကြီး နန်း၏
မျက်နှာစာတွင်ရှိသည်။
အရှေ့မှအနောက်သို့
၁၀ လုံး မြောက်ခေါင်းလောင်း
E-8
ဒုတိယဖောင်းရစ်ရှိစာ
(၁) သက္ကရာဇ် ၁၂၄၉ ခု။ တဘို့တွဲး။ လ္ဆန်း၆ ရက်နေ့။ သွင်လုပ်ပြည်။ ခေါင်းလောင်းကျီးချိန်။ ပဇွန်
(၂) ဒုပ်လွတ်။ ၇၃ါ ၇ဝိ။ ခေါင်းလောင်းတကါ။ ငြုံကုံရွာနေ။ ဆြာအိပ်။ မယားမဦး။သားကျီကိုမိုး။ မယားမာရွှေမရ်။
(၃) သားလပ် ကိုထွန်။ မယာ မထိုက်ကျီ။ သ္မီ မတို့။ သမက် ကိုထောင်။ သားငရ်ကိုရွှေ။ မယား မထိုက်ခလေ။
(၄) င်္၄း သားသမီးတစုတို့နှင့်။ လှူတန်သောကောင်းမှု။ သာဓုနန်လူခေါ်ဇေသော်။
ပေါင်းတည်မြို့နေ ဒေါ်လှိုင်း
မိသားစု
၁၂၅၈ - ခုနှစ်
(1897 - AD)
ပြည်မြို့၊ ရွှေဆံတော်စေတီရင်ပြင်တော်
တောင်ပိုင်ဘိုးဘိုးကြီး နန်း၏
မျက်နှာစာတွင်ရှိသည်။
အရှေ့မှအနောက်သို့
ကိုး -လုံးမြောက်ခေါင်းလောင်း။
E-9
ပထမဖောင်းရစ်ရှိစာ
(၁) သီရိမင်္ဂလါ။ လင်္ကျာညွှန်းသိုက်။ ကျွန်းမကိုဋ်နှိုက်။ ဝှန်းလှိုက်ဝေဆာ။ ကြေညာ သတင်း။ တေဇာလင်း၍။ ပြန့်သင်းမချို့။ ပေါင်းတည်မြို့နေ။ အရှေ့ထာဝရ။နေ့ညမကွာ။ သူတော်စွာတို့။
(၂) ကျင့်ရာထုံးနည်း။ သိမ်းဆည်းစောင့်ချုပ်။ သမုတ်ပညတ်။ ဇရပ်အမ။ အမြည် ဒေါ်လှိုင်း။ ဆင့်သိုင်းတနည်း။ ။ အမိ။ ကြီးမှူး။ မဖြူမှတ်လျှင်။ မမယ်သင် နှင့်။မရွှေဆင်ဝယ်။ နှစ်သွယ်မြေးလှ။
(၃) ရှုဝမညီး။ သားကြီးမောင်အိုး။ မညှိုးလမ်းရွှင်။ လှထိပ်တင်ပေ။ မချစ်မေနှင့်။ မစိန်တင်တို့။ ကောင်းမြင်သဒ္ဒါ။ ပေါင်းဆင့်ခါဖြင့်။ သက္ကရာဇ်ကောဇာ။ ထောင် နှစ်ရာကျော်၊ စွန်ပေါင်းငါးဆုရ်။
ဒုတိယဖောင်းရစ်ရှိစာ
(၁) ရှစ်ခုကယ်တုန့်။ လနယုံခေါ်။ ပြန်ကြော်မှန်လျှက်။ နေ့ရှစ်ရက်တွင်။ ချိန်ဝင် ကျည်မှာ။ တရာရှစ်ဆယ့်။ စွန်ဝယ်ငါးပိဿာ။ ကျပ်မှာရှစ်ဆယ်။ ထိုခေါင်း လောင်းကို။ သွင်လုပ်ပြီးခါ။ သပြာလက္ခ။
(၂) လေးရာတဆယ်။ ရှစ်ကျပ်တွယ်ကဲ။ စေ့သည်မချွင်း။ အကုံရှင်း၍။ ဖြောင့်စင်း နိဗ္ဗာန်။ ဒိဋ္ဌာန်ယည်ရော်။ ယောင်တော်လျှပ်လျှပ်။ ဆံတော်ဓာတ်တို့။ ကိန်းဝပ် လှုံမီးစေတီကြီး၏ ထံနီးရှေ့မှောက်။
(၃) ဆွဲမြောက်တင်စု။ လှူဒါန်းပြုသည်။ သာဓုနတ်လူ။ ခေါ်စေသော်။
အရီးမင်းစိုး
၁၂၄၉ - ခုနှစ်
(1888 - AD)
ပြည်မြို့၊ ရွှေဆံတော်စေတီရင်ပြင်တော်
တောင်ပိုင်ဘိုးဘိုးကြီး နန်း၏
မျက်နှာစာတွင်ရှိသည်။
အရှေ့မှအနောက်သို့
ရှစ်လုံးမြောက်ခေါင်းလောင်း။
E-10
ပထမဖောင်းရစ်ရှိစာ
(၁) မင်္ဂလာကျက်သရေ။ ရွှန်းရွှန်းဝေသား။ သပြေဒီပါ။ ကျွန်းလက်ျာတွင် တေဇာ ဖြိုးမောက်။ တခိုးပေါက်သည်။ ကျော်ချော်ဝှန်းဝါ။ ရါဇာသီဟသူ၊ ကြည်ဖြူစိုး အုပ်။ မင်းလုပ်ထူးဆန်း။ ရွှေပြည်နန်းဟု။ ကိန်းခန်းသာရာ။ မော်ကွန်းဖြာသည်။ အရာမချို့။ ကြက်သရေ
(၂) မိုသား။ ပြိုပြိုယဉ်မူ။ ဆင်စုမဟုတ်။ သမုတ်ရွှင်လန်း။ လက်ခုပ်ပင်တန်း ထူး ဆန်းသာမော်။ ရပ်ကြီးပျော်က။ သူတော်တရား။ မမှားမယွင်း။ ကောင်းသတင်း နှင့်။ ကျင့်ချင်းမကွာ။ သဒ္ဓါမပျက်။ စေတနာထက်၍။ အချက်ကျကျ။ လဒ္ဓပစ္စ ယား ဖြူစည်စွာနှင့်။ ဂဏ္ဍါ
(၃) ခေါင်းလာင်း။ ကြေးပေါင်အချိန်။ ထိန်ထိန်သာမော်။ ၁၀ဝ ကျော်ကို။ မျှော်ကော် ၅၀၀၀။ တည်ရစ်အောင်ဟု။ မရှေင်သေချာ။ ဒါယကာအမပြီး။ အရီးမင်းစို မဂ်ဖိုနိဝါနာ။ ပတ္တနာတောင်တ။ ရည်ရွယ်ဆတွင်။ သုံးဆဲ့နှစ်ကောဌာသ။ ငါးဝ ခန္ဓာ။ ပဋိစ္စါသမုတ်
ဒုတိယဖောင်းရစ်ရှိစာ
(၁) ပါဌ်။ ချားရဟတ်လှည်းအို။ တိမ်းယိုဘဝ။ မရဏသို့။ ဘိဇနသဘော။ ရွေ့လျားပြောင်းသွား။ ကံတရားယွင်းပေါက်။ စုတိရော်သော်။ အံ့လောံသတင်း။ ကျော် ဝှန်းပြင်းသား။ မတ်ရင်းအမွေခံ။ နာမံ ဦးပိုးဖြူ။ စိုက်ယူဝိရိယ။ ဥဿဟမယွင်း၊ မယွင်းစေတနာ။ သဆွေတသင်းတို့သဒ္ဓါ
(၂) ကြည်ဖြူ။ လှူပါရသော။ ကောင်းကျိုးအားကြောင်။ လေးပါးအပါယ်။ ကပ်ဝယ်သုံးပါး။ ရပ်ကားအဌ။ ငါးဝရန်သူ။ မပြုမကပ်။ အောင်ရပ်အစ။ နိဗ္ဗာနသို့။ ရစေခလို။
တောင်းဆုဆို၏။ ကြည်ညိုသဒ္ဓါကောင်း။ ခေါင်းလောင်းအစ။ ဘဝ တံပါး။ ပြောင်းသွားလေသူ။ ယင်းအလှူကို။
(၃) ကြည်ဖြူ အမျှ။ ပေးဝေငှ၏။ ထိုကျိုးကုတ်။ ကျွန်ုပ်တို့တစု။ လှူကောင်းမှုကို။သာဓုနတ်လူခေါ်စေသော်။ {သက္ကရာဇ် ၁၂၄၉ ခု။ တပေါင်းလ္ဆန်း ၁ဝ ရက်နေ့ပြီး၏။ ခေါင်းလောင်းကျေး ချိန် ၁၁၁ါ။ ငွေသင့် ၃၅ိ ၅ ူ ။}
1
2
3
4
5
6
<<