<<  ရှေ့သို့

တောင်ပိုင်ဘိုးဘိုးကြီးနန်းဆောင်၏အနောက်ဘက်နှင့်တောင်ဘက် ၂၇ လုံး


ဓါတ်ပုံ အလှူရှင်အမည် သက္ကရာဇ် တည်နေရာ တည်နေရာသင်္ကေတ ခေါင်းလောင်းစာ
ဦးနုနှင့်
သားသမီးတစ်စု
၁၂၈ဝ - ပြည့်နှစ် ပြည်မြို့၊ ရွှေဆံတော်စေတီရင်ပြင်တော်
တောင်ပိုင်ဘိုးဘိုးကြီးနန်း၏
မျက်နှာစာတွင်ရှိသည်။
အရှေ့မှအနောက်သို့
နှစ်လုံးမြောက်ခေါင်းလောင်း။
E-16 ပထမဖောင်းရစ်ရှိစာ
(၁) ပြည်မြို့။ ဒိစတြိတ်။ ဆင်မြီးဆွဲဘူတာ။ တောင်အင်းမတိုက်အပိုင်။ ညောင် ကုန်းရွာနေ။ ခေါင်းလောင်း
(၂) ဒါယကာ ဦးနု။ သားဖြစ်သူ။ မောင်ကျော့။ သမီးဖြစ်သူ။ မဇယ်။ သမက်ဖြစ်သူ မောင်ရာမောင်။ ချွေးမဖြစ်
(၃) သူ။ မမင်းယုံ။ သားသမီးတစုတို့နှင့်တကွ။ ပြည်မြို့။ ရွှေဆံတော်ဘုရားကြီး၏။ ရင်ပြင်ပေါ်မြှိုက်။ ၁၂၈ဝ ပြည့်နှစ်။
ဒုတိယဖောင်းရစ်ရှိစာ
(၁) တော်သလင်းလပြည့်နေ့က။ သဒ္ဒါ။ ဒါန။ ကုသိုလ်ကောင်းမှူကြီးကို။ လှူဒါန်း၍ ထားခဲ့ပါသည်။ နတ်လူသာဓု
(၂) ခေါ်‌စေသော် ။ ဤသို့ပုည။ ကုသလကြောင့်။ ပြုသမျှကမ္ဘာအဆက်က။တဏှာမငါးအာရုံတို့ကို အမှားပါဘုံ။ လူ
(၃) ပြည်ကလွတ်ရအောင်။ အတုပရမေ။ အထွဋ်" ဘု ရားဘဂဝါက၊သနားစရာမေတ္တာထားခဲ့တာမို့။ ချစ်စွာအများ။ သားသမီး
(၄) တစုတို့နှင့်။ တရားအထူး။ စီသွန်မြောက်လို့မို့။ နိဗ္ဗာန်ပေါက်ကြပါစေသော်။
ဦးပေ၊မယ်နု
သားမောင်လှဘူး
ကောင်းမှု
၁၂၄၇- ခုနှစ်
(1886-AD)
ပြည်မြို့၊ရွှေဆံတော်စေတီရင်ပြင်တော်
တောင်ပိုင်ဘိုးဘိုးကြီးနန်း၏
မျက်နှာစာတွင်ရှိသည်။
အရှေ့မှအနောက်သို့
တစ်လုံး မြောက်ခေါင်းလောင်:။
E-17ပထမဖောင်းရစ်ရှိစာ
(၁) ရတနာသီရိ ။ ရှောင်စုံဖြိုးတွင်။ တခိုးရှိမုနိစိန္ဒေ၊ မိန်းကွန်းခြွေသည်။ သရေစစ် စင်စစ်မကွာ။ တောင်မျက်နှာတွင်။ ပမာနှိုင်းဆ။ ဖက်မမျှသည်။ သကျစံရာဝတိံသာသို့။ များစွားဘိုလူ။ သိန်းသန်းဆူး၍ဧကြူလှစွာ၊ ဆင်မင်းရွာက ဒါယကာ ဦးပေ။ လေးတွေလျှံခ။ ဒါရကာမမယ်နု။ ပေါင်းစု အထူး။ သား
(၂) မောင်လှဘူးနှင့် ကျည်နူးသဒါ။ နဒွဟာပစ္စယ။အ ရင်းစ၍ တရအနှစ်။သက္ကရာဇ် ၁၂၄၇ ခု။ ယဒုကိမ္မံ၊၊ ခါချိန်တန်၍ ဝသန်ဆောင်တုံန်။လ နယုန်ဆန်း ”၈ရက်တွင်။ပြီးအောင်မြင်၍။ကျေးလင်များစွာအချိန်၁၀၀နှင့်ပိဿာ၅လီသန်ဇီးမောင်းမောင်း။ထိုခေါင်းလောင်းအား။လှူရညားကျောင်း၊ ဘုရားဇီနော် မိဒေးလှော်ကို။
(၃) ဖူးမျှော်ခြင်လို။ ဆုပန်ဆို၍ မဂ်ဖိုလ်သားခေါင်။ ဘေးမဲ့တောင်သို့။ ရောက်အောင်ယခုဤကောင်းမှုကြောင့်။ မြေဒုမလီ သုံးဒရီအား ။ သက်သေထား၍။ သကြား ဗြဟ္မာ၊ နတ်ဒေဝါတို့။ ညီညာအောင်ဆု၊၊ ထိုကောင်းမှုကို ။သာဓု နတ်လူခေါ်စေသော်။
မောင်ကျာဦး၊မယ်ခါဥ
မိသားစု
၁၂၅၀ - ပြည့်နှစ်
(1889-A.D)
ရွှေဆံတော်စေတီရင်ပြင်တော်ရှိ
(တောင်ပိုင်ဘိုးဘိုးကြီး နန်း၏
တောင်ဘက်တွင်ရှိသည်။)
အရှေ့မှ အနောက်
၁ဝ လုံးမြောက် ခေါင်းလောင်း
E-18 ပထမဖောင်းရစ်ရှိစာ
(၁)ဇယတုသဗ္ဗမင်္ဂလံ။ တပ္ပေ စသတသဟသော။ စတုရောစ အသင်္ခယေ။ ရွှေနှုတ် တော်ထွက်။ ဓမ္မစက်ဖေါ်ထုတ်။ ဗုဒ္ဓဝံသ။ ကျမ်းအရဖြင့်။ ကပ္ပတသိန်း။ တွက် ကိန်းမှန်တွေ။ သင်္ချေလေးထပ်။ ငါးရပ်ကမ္ဘာ။ ပွင့်ရာအမှန်။ သာရမဏ္ဍ။
(၂)ကမ္ဘာမတွင်။ တဏှင်္ကရာမုနိ။ မာရဇိန်ထွဋ်ဖြား။ ဘုရားဘုန်းချောင်း။ နောင်တော်ဘုရား။ သုံးပါးရှင်တော်။ ပွင့်ပြီးသော်လျှင်။ ဒီပင်္ကရာ။ ထွဋ်ချာမှံ ကင်း။တရားမင်းသည်။ သောင်းတွင်ကြော်ငြာ။ သံဝါရိုက်ကြွေး။ ဗျာဒိတ်
(၃) ပေးက။ ပျံ့မွှေးနတ်လူ ။ သယမ္ဘူလောင်းလျာ ။ သုမေဓါတွင်ခေါ် ။ ရသေ့ကျော် စစ်။ ကိုတော်ဖြစ်က စ၍စဉ်စီ။ ပါရမီဆယ်ပါး။ ငါးပါးစာဂ။ စရိယသုံး။ ကျင့် ရိုးထုံးကို။ နှလုံးစင်ဖြူ ။ ကျင့်တော်မူ၍။ ငါးဆူပွင့်ရာ။ မည်သာဘဒ္ဓ။ ကမ္ဘာ
(၄) မတတ်ကက္ကုသန္ဓ။ သုံးလူကနှင့်။ ကောဏါဂမန။ သမ္ဗုဒ္ဓစစ်၊ ဓမ္မရာဇ် ကဿပ။ဇီနမာန်အောင် ။ နောင်တော်သုံးဆူ ။ ပွင့်တော်မူရာ ။ စဉ်လာမုက္ခု။ အဋ္ဌနဝ။ ဒသမဟု။ အန္တရကပ်။ လွန်ခဲ့လပ်၍။ နောက်ထပ်အန္တရ ။ဆဲ တစ်ကတ်
(၅) အာယုကတ်မှန်း ။ တရာတန်းတွင်။ လေးခန်းသစ္စာ။ ငါးဖြာညေယျ။ ဓမ္မကုန်စင် သိမြင်ပြီးနောက်။ ဘုန်းခေါင်သကျ။ ဂေါတမမည်သာ။ ထိုမြတ်စွာကား။ ဝါလေးဆယ်ငါး။ လူနတ်အားကို။ တရားရသာ၊ သြဇာမြိုက်ဆေး တိုက်ကျွေးပြီးသော်။ ရှူမျှော်
(၆)ပိုင်းခြား၊ ငါးထောင်သာသနာ။ ထားပြီးကာမှ၊ နိဗ္ဗာန်နသို့။ မြန်းကြွသည်က ဗုဒ္ဓသာသနာ၊ ကောဇာသက္ကရာဇ်၊ တရာတစ်တွင်၊ ပြည်သစ်တည်ထောင်။ ဒွတ္တပေါင် မင်းဖြာ။ မင်းတရား၏။ ဆံစားပျော်မွေ့။ ရသေ့မြို့ မည်သာ။သရေခေတ္တာ
(၇)ရာ၊ပြည်ကြီး၊ခိုမှီးစည်းကပ်၊လေးရပ်မြို့ပေါင်းသောင်းသောင်းပျော်ရာ။ မည်သာပညတ်တွင်းပြည့်ရပ်တွင်။သညာပျံ့ပျူး။မောင်ကြာဦးတွင်ခေါ် ကျွန်ုပ်သော်လျှင်။ ကြင်ဖေါ် ဘက်စုံ။ မယ်ခါဥနှင့်။ မျက်ရှုတသွယ်၊ မြေးငယ်မောင်တောတာ
ဒုတိယဖောင်းရစ်ရှိစာ
(၁)ညာတကာမျိုးဆွေ။ ကျေးနေရွာသား။ တပါးရပ်ရွာ။ ကလျာမိတ်၊ အကြောင်းသင့်ရာ။ သဒ္ဓါဖြဖြ။ ကူညီကြ၍။ ဘဝကြီးငယ်။ လွတ်ကြောင်းရွယ် လျက်၊ နှစ်သက်ကြည်စွာ။ သွန်းကြရာတွင်။ ကောဇာသက္ကရာဇ်၊ တွက်စစ်တတောင်စွန်းဆောင်
(၂)နှစ်ရာငါးဆယ်။ လဝယ်ချမ်းပြောင်း။ တပေါင်းဆန်းတက်။ တရက်သောကြာ၊ သာယာချမ်းမြေ့။ စေ့ငုစုံလင်။ ပြီးအောင်မြင်၍။ စိတ်ရွှင်ကြည်ဖြူလှူသည့် ခေါင်းလောင်း။ ကြေးချိန်ပေါင်းမှာ ပိဿာ တရာငါးဆယ်သာ၍။ ပိဿခုနှစ် စွန်းလပ်။
(၃)ငါးဆယ်တသွယ်ဖိုးသင့်။ လက္ခ်ဆင့်လျှင်။ ငွေစင်အသပြာ။ လေးရာရှစ်ကျပ်။နောက်ထပ် ဆယ်နှစ်ပဲ။ စွန်းနိုင်းခဲ့ကို။ စွန့်ကြဲမချွတ်။ လွတ်လွတ်လှူရ။ မြတ် ပုညကြောင့်။ အမတမည်မှန်း။ နိဗ္ဗာန်နန်းစံမြန်းစိမ့်ကြောင်း။ ရည်ဆု တောင်း
(၄) ၍။ ၎င်းကုသိုလ်။ အဖို့ကိုလည်း။ မြင့်မိုရ်တောင်ဦး။ မကထူးသည့်။ ကျေးဇူးကြီးလှ မိဘဆရာညာတကာပေါင်း။ မိတ်ကောင်းတစု။ အစပြု၍။ ဗိုလ်တုများစွာ၊ ဗြဟ္မာနတ်လူ။ သုံးဘုံသူအား။ ပိုင်းခြားရစေ။ ပေးဝေမပြတ်။
(၅) ပတ္တိဒါနသွန်းချဖြိုးဖြိုး။ မော်ကွန်းထိုးသည်။ ကောင်းကျိုးနိဒါန်းထွန်းစေသော်။
--ရွှေဆံတော်စေတီရင်ပြင်တော်ရှိ
(တောင်ပိုင်ဘိုးဘိုးကြီးနန်း၏
တောင်ဘက်တွင်ရှိသည်။
အရှေ့မှအနောက်
သုံးလုံးမြောက်‌ခေါင်းလောင်း
E-19-
ဆရာတော် ဓမ္မစာရီ ၁၁၇၇ - ခုနှစ်
(1816 -A.D)
ရွှေဆံတော်စေတီရင်ပြင်တောင်ရှိ
(တောင်ပိုင်ဘိုးဘိုးကြီးနန်း၏
တောင်ဘက်တွင်ရှိသည်။)
အရှေ့မှ အနောက်
ရှစ်လုံးမြောက်ခေါင်းလောင်း
E-20ပထမဖောင်းရစ်ရှိစာ
(၁)ဣဿရိယအစရှိသော။ ဘုန်းတော်ခြောက်ပါး။ အစရှိသော။ ဒါရကာ။ ဉာဏ် တော်ခြောက်ပါး။ အန္တရာယျာန အစရှိသော။ စတုဝေသာရဇ္ဇ၊ ဉာဏ်တော်လေး ပါးအစရှိသော။ ချီးမွမ်းအံ့သြ၍။ မကုန်နိုင်သော။ ကျေးဇူးတော်။ ဂုဏ်တော် ဆယ်ပါးတို့နှင့်။ ပြည့်စုမ်တော်မူသော
(၂)သဗ္ဗညုမြတ်စွာဘုရား၏။ ဆံတော်အစစ်။ ဓါတ်တော်အစစ်။ ဌာပနာရာဖြစ် တော်မူသော။ ပြည်ဆံတော်ရှင်။ စေတီတော်ကို၊ ရည်မှတ်၍။ ဘုရားသခင်။ သာသနာတော် ၂၁၅၉။ လူတို့ကောဇာသက္ကရာဇ် ၁၁၇၇ ခု။ အေါသဋိမာသဝယ်။ အမရပူရ။ ရွှေပြည်တော်ကြီးနှင့်တကွ။ အတိုင်းတိုင်းအပြည်ပြည်တို့ကို။ အစိုးရ တော်မူသော။ တရာမင်းမြတ်၏။ ရွှေလက်
(၃)ထက်တော်ဝယ်။နွားမရံရွာနေ။အသည်မျိုးဖြစ်သော။ ကျောင်းတကာမောင် လို့။ ကျောင်းတကာမ မိသိန်လှတို့သည်။ လေးကျွန်ဆီမီ ဌာန၌။ ဆောက်လှူ အပ်သော ဘုံ ထပ်လေးဆင့် ရှိ သော။ ကျောင်းကြီး၌။ သတင်းသုံးနေသော။ ဗောဓိသမ်မါရဖွဈသော။ ပရိသုဒ္ဓသီလ။ ကျေးဇူး။ သမာစာရ အဦးရှိသော၊ တာ သရကျေးဇူးအစရှိသော။ ကျေးဇူးတို့ဖြင့်။ ကျော်ဇော
(၄)သော။ ငြိမ်သက်သောအသက်မွေးခြင်းရှိသော။ ဓမ္မစာရီအမည်ရှိသော၊ ရွှေ တောင်မြို့။ မြောက်ဘက်၌။ နိဿယါစရိယ။ ဓမ္မာစရိယ၊ ဂဏပါမောက္ခ။ ဂဏါဓိပတိဖြစ်သော။ နိဿသည်။ ဆရာတော်သည်။ သာသနာတော်၊ ၅၀၀၀ တည်သဖြင့်။ သဒ္ဒဒါန။ ဖြစ်စေခြင်းငှါ။ ကြေးစင်အသပြာ၊ ၁၀၂၅ဝ တို့ဖြင့်၊ ပမာဏသာရာနာပျော်ဘွယ်သောအသံနှင့်။ ပြည့်စုံ
(၅) သော။ ခေါင်းလောင်းကြီးကို။ တပည့်ရဟန်း။ ဥပါသကဖြစ်သော၊ သူတို့နှင့်တိုင်ပင်၍၊ လိမ်မာလှစွာသော။ ပန်းတည်းသမားတို့ကို။ ကောင်းမွန်စွာ သွန်း လုပ်စေ၍။ သဗ္ဗညုတဉာဏ်အလို့ငှါ။ ပူဇော်ပါ၏။ ဤကောင်းမှုကြောင့်။ သဗ္ဗ ညုတဉာဏ်ကိုရ၍၊ ခပ်သိမ်းသောဝေနေယျသတ္တဝါတို့အား။ သံသရာတည်း သော ရေးထည်ကိုပြတ်၍။ နိဗ္ဗာန်တည်းဟူသော။ ကမ်းဘက်သို့ ။ သို့ (၆)နိုင်ပါလို၏။ ယခင်ဆိုအပ်ခဲ့ပြီးသော အကျိုးနှင့်မပြည့်စုံမီ။ သံသရာအဆက် ဆက်တို့၌။ ဓမ္မသရိက္ခဖြစ်သော။ သာယာပြေပြစ်။ ကျစ်လစ်နာပျော်ဘွယ်ရှိ သော၊ အသံ။ သူတပါးတို့သည်။ မလှုပ်ရှားခဲ့ကြောင်း၊ ကြံ့ခိုင်သန်မာသော၊ ခွန်အား။ နှစ်ပါးသောသန္တာန်၌။ ရန်သူတို့သည်။ ချောက်ခြားနိုင်သော၊ သီလ တရားအစရှိသော၊ ဘုရားလောင်းသူတော်ကောင်းတို့သည်။ နှစ်သက် (၇)အပ်သော။ ကျိုးထူးတရားတို့ နှင့် လည်းကောင်း။ အပဒန်ကျမ်း၌လာသော အကျိုးထူးတရားတို့နှင့်လည်းကောင်း၊ ဇတေနပုညသမ္မေန။ အ ပါမတံ။ ဗုဒ္ဓတ္တပါရမီ။ . . . .။ တိသရဏေန၊ ညာဏေနဘဝါတါဝေ။ အသေသ တော၊ ပဉ္စတိံသမာဂါထာ သယံ။ ဌာနဓါရယေအစုံရှိသော။ ၃၆ ဂါထါ၌လာ သောကောင်းကျိုးအပေါင်တို့နှင့် (၈) ပေါင်းတို့နှင့်လည်းကောင်း။ပြည့်စုံပါလို၏။ ဤကောင်းမှုအဘို့ကိုလည်း။ သုံးဘုံ၌ ကျင်လည်ကုန်သော သတ္တဝါတို့အား။ အမျှဝေပါ၏။ ယမတောယမက အစရှိသော။၂၄ဝဝဝဝ။ အတုရှိသော မဟာပထဝီမြေကို စောင့် ရှောက် သောဝသုန္ဒရီအမည်ရှိသော မြေစောင့်နတ်အား၎င်း။ သက်သေထား၏။ ထို နတ်တို့ (သာသိကြားသည်ဖြစ်၍ ငါတို့၏၊
(၉) သက်သေဖြစ်‌ေသာ်ဝ်။