Toggle navigation
ပင်မစာမျက်နှာ
သမိုင်း
စွယ်တော်
ထင်ရှားသောနေရာများ
ပဌမံဘိုးဘိုးအောင်
ပြတိုက်
ပွဲတော်များ
ဖူးမြော်ရန်လမ်းညွှန်
ဓါတ်ပုံများ
ဆက်သွယ်လှူဒါန်းရန်
<< ရှေ့သို့
တောင်ပိုင်ဘိုးဘိုးကြီးနန်းဆောင်၏အနောက်ဘက်နှင့်တောင်ဘက် ၂၇ လုံး
ဓါတ်ပုံ
အလှူရှင်အမည်
သက္ကရာဇ်
တည်နေရာ
တည်နေရာသင်္ကေတ
ခေါင်းလောင်းစာ
တိုက်သူကြီး ဦးရွှေလွန့်၊
မယ်ခိုင် မိသားစု
၁၂၃၂ - ခုနှစ်
(1871 - AD)
ရွှေဆံတော်စေတီရင်ပြင်တော်ရှိ
(တောင်ပိုင်ဘိုးဘိုးကြီးနန်း၏
တောင်ဘက်တွင်ရှိသည်။)
အရှေ့မှအနောက်
နှစ်လုံးမြောက်ခေါင်းလောင်း
E-26
ပထမဖောင်းရစ်ရှိစာ
(၁) မင်္ဂလာတော် ဇေယတုဖြင့်။ စမ္ဗူ ချက်ချာ၊ မြေမျက်နှာဝယ်။ မဏ္ဍလာဘုမ္မိ။ သီရိခေတ္ထြာ။ သညာ ညွှန်း သ။ မည်ဒွတ္တနှင့်။ နာပရဌာဏီ။ မြို့ရွှေပြည်ဝယ် တူစည်ထွဋ်ခေါင်။ ဒွိတပေါင်က။ တည်ထောင်
(၂) အစ။ သုပညာနာဂရ၊ ဆိန္ဒအဆုံး၊ တိုင်းလုံးမှံကင်း၊ မင်း ၂ ကျိတ် ၅၊ စံစား ပျော်ရာ အောင်ရာနဂရ၊ ဌာနမရွေး။ လက်ချက်ဗွေဝယ်။ ဂုဏ်နေသမိုက်၊ ဂဗြည်းစိုက်လျက်။ ထိုက်မင်္ဂလာ။ မည်ဝေါဟာနှင့်။ မှော်ဇာဂါမေ၊ ရပ်
(၃) ဌာနေက။ ဆယ်တွေပုည ကုသလကြောင့်။ လောကဒိဌပစ္စမဝယ်။ ……. ။ခတ်နှိတ်တသီး။ တိုက်သူကြီးမင်း။ မယွင်းခေါ်ညွှန့်။ ဦးရွှေလွန့်။ မရ်ခိုင်။ နှစ်ပျိုင်ဇဏီး၊ သ္မီးမောင်နှံ။ ကြိုးအားသံလျှက်၊ သုတံစေတနာ၊ ထက်သဒ္ဓါနှင့်။
(၄) သံဝါညိမ့်ညောင်း။ ကျည်ခေါင်းလောင်းကို၊ ချိန်တောင်ပိဿ။ တွက်စစ်ပါ သော်။ ၂ ရာ ၄ ဆယ်။ စွန်းလယ်မှန်စွာ။ ၁ ပိဿတည်း။ သပြာငွေသင့်။ အဖိုးချင်းမှား ၇၇ဝိ။ စွန်ကယ် ၈ိ။ ၂ မံ။ ပေးအပ်အဖိုး။ နောင်မျိုးရိက္ခာ။ ပါဏိ နဋ္ဌာတု။ကောဇာသက္ကရာဇ်၊ တွက်စစ်
(၅) သင်္ချာ။ ၁ဝဝဝ သာသည်။ ၂၀၀ စွန်းကယ်၊ ၃၂-ခု၊ ဥတုဟေမံ၊ ငွေနှင်းလျှံ လျက်။ လေပျံဆော်ဝဲ၊ မာသခေါ်မြဲ၊ တပို့တွဲဟု။ ပေါက်လဲငုံစို။ အင်မချိုသည်။ ကွန်သီစုံစီး ကုန်ရာသည်ဝယ်။ ပုံနမိစက်။ ကျော် ၁၀ ရက်တွင် ပြည်အောင် မြင်သည်။ နောင်လျှင်မှတ်
(၆) ပုံတကြောင်းတည်း။ ရကြောင်းမဂ်ဖိုလ်။ အကြိုးလို၍။ ကုသိုလ်ပုည။ သဒ္ဒါ နတိ။ လုံလကြိုကုပ်၊ အားထုပ်ကျရာ။ တူစစ်ပါသည်။ ပုတ္တာရင်သွေး။ ပိုက် ထွေးသက်တူ မောင်ရွှေပြူနှင့်။ မောင်ရွှေအူတသီး၊ ချစ်မညီးတဲ့သမီး၊ သာ ဂေါင်။ ဆင့်လောင်း။
(၇) မဝေး။ မည်ရှင်မွှေးအုံ၊ သက်လုံတမူ၊ တူမောင်ရွှေအိုင်။ မွှေးကြိုင်ပန်သင်း၊ မောင်ရွှေဝင်းနှင့် ဝန်းခြင်ပါတ်ချ။ တွေရမြို့ပေါင်း၊ ကျည်းခေါင်းလောင်းကို၊ သောင်းသောင်းညီညာ၊ သွန်းပြီးခါသော်။ စိန္တေရောင်။ ဆန်တော်ကေရှင်၊ မြော ရွှင်ကြိန်စွပ်။
(၈) လောင်းသုဒပ်တွင် နာဂဋ်နောင်လား၊ သာသနာသည်။ ရှည်ကြာများမြောင်။ နှစ် ၁ဝဝ လျှင်။ စည်အောင်တည်စေ၊ တပြည်ခွေ၍။ သေခြာတည်ထား။ ကို သိုလ်ပွါးကို။ အများရှင်လူ သာဓုယူဇေ၊ စိတ်ကရည်၍၊ ပြုတေဒါဏ၊ ဤပုညကြောင့်။ လောကသုဗ္ဗင်။
ဒုတိယဖောင်းရစ်ရှိစာ
(၁) ဘုံသုံးပျင်ဝယ်၊ ပြိုင်ရှင်မသ၊ ကြီသုခနှင့်။ လောကစည်းစိန်၊ ရိတ်ညိန်းချန် သာ။ ပြည့်စုံပါ၍၊ နောင်နာဂတ်၊ ဘုံဘဝ၌၊ အမတပုလံ ပြေခေမရ်သို့။ ဧကံ ပုက္ခ။ရောက်ယဘာလို။ ဆုတောင်းဆို၏။
(၂) ကုသိုဓမ္မ။ မြတ်ပုညကို ဘဝတပါး။ လွန်ပျောက်သွားသည်။ ဘိုးဘွားမိဘ။ ဆြာစသား၊ ကြီးလှဂုံအင်။ ကျေးဇူးရှင်နှင့်၊ ဘုရင်ညာတောင်၊ စိုးရသခင်၊ - သုခဒုက္ခဘုံဘဝမှာ။
(၃) ကျွင်းကျံမရှိ။ ပတ္တိဒါန။ ကျွန်ပုညကို၊ ရသာလေဇေ။ ဝသုန္ဒြေကို သက်သေ တည်၍။ တိုင်တည်ငှားသည်။ အမြားလူနတ်။ ပရိဿတ်ကို။ မပျက်တိုင်အောင်။ သောင်းသောင်း ကျည်းညား။
(၄) သာဓု။ သာဓု။ ခေါ်စေသော်။
ဇရပ်ကြီးအမ မယ်သိမ်
ကောင်းမှု
၁၂၃၉ - ခုနှစ်
(1878 - AD)
ရွှေဆံတော်စေတီရင်ပြင်တော်ရှိ
(တောင်ပိုင်ဘိုးဘိုးကြီးနန်း၏
တောင်ဘက် တွင်ရှိသည်။)
အရှေ့မှ အနောက်
တစ်လုံးမြောက် ခေါင်းလောင်း။
E-27
ပထမဖောင်းရစ်ရှိစာ
(၁) နမ : ဂ္ဂဒ္ဓ။ ။ စက္ကဝါ မစ္စညာရပ်ခွေသော။ ရွှေတံသုမ္မာ။ မိတ်လျာတော် မြတ်။ လောကဓါတ်နှိုက်ဝယ်။ ပြိုင်ရာမတူသော။ . . . ။ ဝယ်ကွန့်မြူး၍။ ဘိုးဦးမည်သာ၊ သောလာဂီရိ။ မြညီ . . . ရွန်း . . .။ တောင်မင်းကွန်းမှ။ ရွှေနန်း ... တော်မူအပ်သော။ ဘူမိနက်သံ။ ဆက်ခံရှည်စွာ၊ ခေတ္တရာဟု
(၂) မဟာနဂရ၊ ဌာနရပ်သီး။ ပြည်မြို့ကြီး၌။ ခိုမှီးနေသည်ကား။ . . . . ။ စီးပွား ရှာ၍၊ တည်ကြာခဲ့ပြီ။ ရပ်ကြီနာဂရေ။ ရွှေတောင်မြေ၌။ ပြောင်လှမျောပါဖြစ်ရ သော သေဌဝံသ။ အဘယသို့။ မျိုးရိုးစဉ်လာ။ သာသနာ၌။ သဒ္ဓါဝသန္နကဲ လွန်လှသော၊ရတနာ ၃ ပါ။ ။ နွယ်လာပြီးပြီ။ ပါရပ္ပါမူ တရားစု၌။ ဂရုစိုက် ကာ။ ဝါသနာ
(၃) ဇော။ မနောညီကတ်။ သဘောမြတ်လှိုင်။ မြည်အပ်နောက်တန်။ ကျိုးနှစ်တန် နှိုက်။ လမ်းညွှန်မရှိ။ . . . . ။ အသိတတ်ဉာဏ်။ သမ္မာဉာဏ်ဖြင့်၊ နိဗ္ဗာန်မက် ဖိုလ်။ နတ်ပြည်လမ်းကို။ ခေါင်တန်းစိုး၍၊ ထောင်လေ့ ရှိသော။ ရွှေလ္ဘက်တော် အကျော်ခံသား၊ ဝိကာ၊ ဥတ္တရာကဲ့သို့၊ သိက္ခာအင်စုံ၊ သဒ္ဓါဂုဏ်နှင့် ပြည့်စုံ ပေလတ်သော ဇရပ်ကြီးအမ၊ မယ်သိမ်သည်။ အတိတ်တကြောင်း၊ ကောင်း
(၄) အလိုက်။ ကိုယ်နှိုက်စုဝေးလာသော။ ဓမ္မိယာလပ်၊ ပစ္စည်းထုပ်များကို နာဂတ်သံသရာ၊ ပြင်တိုင်းမှာ သို့။ အပါယူဆောင်ခြင်းအကျိုးငှာ။ ငယ်ကျွန်သက်လျာ၊ တယ်စွာကို။ ကွေကာသည်မှစ၍။ ဒါနဝတ္ထု။ ပြုခြင်းကို။ စာရင်းတွက်ဆသော်၊ လောဟမြတ်ကိုယ်တော်ကြီး၌။ ယိုစီးမက်မတတ်။ ဖိတ်ဖိတ် လျှပ် အောင်။ နဝရ လျှံ။ ခြယ်စီမံသော မှန်ပလ္လင်တံကဲကြီးတစ်။ ရှင်ချစ်ထွဋ်ထား။ မြတ်
(၅) ဘုရားသည်။ အများစကြဝဠာ ဝေနေယျာတို့ကို။ ဒေသနာမြိုက်မွန်။ တိုက်ကျွေးဟံဖြင့်။ ပုံစံတည် ပြုသော။ ရုပ်တုတော် ၃ ဆူ၊ သယမ္ဘူ့ဘုန်းခေါင်၊ ရွှေနတ် တောင်၌။ တည်ထောင်စိုက်လှူအပ်သော။ တံခွန်တိုင်ကြီး၏။ အရပ် ၈ မျက် နှာ များဗိုလ်ပါတို့။ ရှောံ့ရာ ဖြစ်ကြောင်း။ ကောင်းစွာတည်ထားသော။ အုပ်တံ ဒါးတံတံ။ သုသာံမြေခွင်ဝယ်။ လူရှင်အပေါင်းတို့။ ခို အောင်ရန်ဆောံအပ်သော၊ ဇရပ်ကြီး၊
(၉) တဆောင်။ ဘုန်းခေါင်သကျ။ ဂေါတမမြတ်စွာ။ ကေသာဆံမြတ်။ မွေတော် ဓာတ်ကို။ မိုးနတ်သကြာ ကူဆောင်ယူပြီး၊ တာဝတိံသာနတ်နန်းငယ်၊ ထူးဆန်း အံ့ဘွယ် အသွယ်သွယ်သော၊ နတ်မုတ်နတ်လမ်း၊ နတ်စောင်းတန်းကို။ ပြင် ဆန်းကြယ်စွာ တည်လုပ်သကဲ့သို့ ။ ပုထိုးတော်မြတ်။ မွေတော်ဓာတ်တို့၊ ကိန်းဝပ်ရာစေတီတော်ကြီး တဆူ။ သယမ္ဘူဇိနော်။ ရွှေဆံတော်စေတီနှိုက်၊ ပါရမီ ကောင်းမှု ပြုသမျှလူပေါင်း။
(၇) ထိုသူတော်ကောင်းတို့။ ရင်ငြောင်ချီကျွေး၊ ငြိမ်လေစွာဘိ။ ပတ္တိဒါန၊ ဝေငှနှမ် စပ်။ တီးခပ်ပူဇော်ရင်။ အသံအလှူဖြစ်စေခြင်းငှာ၊ ကြေးချိန်ပိဿာ ၂၆ဝ ရှိ သော။ သံရှေခေါင်းလောင်းကြီး။ ရှင်ချစ်မုနိ။ မာရဇိန်ထွဋ်၊ ခေါင်တမွတ်ဖြစ် တော်မူသော မြတ်စွာဘုရာသည်။ အများသတ္တဝါ။ ဝေနေယျာတို့ကို။ ဂရုဏာ ပြန်ညွှန်၍၊ ရွှေခွန်းလှစ်ပေါ် ဟောတော်မူအပ်သော၊ ဓမ္မဒေသနာတော်မြတ် နှိုက်။ အက္ခရာစက်မေက
(၈) ဗုဒ္ဓရူပံ။ ကျမ်းဂန်လာရှိ အသိပညာ။ သဒ္ဓါဗလာ။ ဝီရိယရှည်ထား၍။ ရေးသား ပူဇော်အပ်သော။ ပိဋကတ်အက္ခရာ။ ရွှေကျမ်းစာသည်။ အဂါ ၁၅၀။ အသသေ မျှ။ ဤဒါနတို့ကို။ ၁၂၃၉ ခု ရတုဟေမာ။ ကာလဆန်းထက်။ ။ ရေစက်သွန်း ချပါသည်။ ဤကောင်းမှုအဘို့ကိုလည်း၊ မိခင်ဖခင်။ ကျေးဇူးရှင်နှင့်။ ငယ်ကြင် မောင်ရွှေမှူးတို့အား။ အဦးထား၍ ၃၁ ဘုံ
(၉) ဝေနေယျတို့ကို။ အမျှပေးဝေပါသည်။ ကြားသိသမျှ။ အဘိုရ၍။ သုခပွားကြပါ စေ။
1
2
3
4
5
6
<<