<<  ရှေ့သို့

တောင်ပိုင်ဘိုးဘိုးကြီးနန်းဆောင်၏အနောက်ဘက်နှင့်တောင်ဘက် ၂၇ လုံး


ဓါတ်ပုံ အလှူရှင်အမည် သက္ကရာဇ် တည်နေရာ တည်နေရာသင်္ကေတ ခေါင်းလောင်းစာ
ဦးမှုံ၊ မယ်မညီး ၁၂၄၃ - ခုနှစ်
(1882 - AD)
ပြည်မြို့၊ ရွှေဆံတော်စေတီရင်ပြင်တော်
တောင်ပိုင်ဘိုးဘိုးကြီး နန်း၏
မျက်နှာစာတွင်ရှိသည်။
အရှေ့မှ အနောက်သို့
ခုနစ်လုံးမြောက်ခေါင်းလောင်း
E-11ပထမဖောင်းရစ်ရှိစာ
(၁) ၁၂၄၃ ခု၊ နရုံလ္ဆန်း ၃ ရက်နေ့တွင် ပြီးမျင်သည်။ ဒါရကာ ဦးမှုံ မယ်မညီး ကောင်းမှု နိဗ္ဗာန်ဆုသာဓုနတ်လူခေါ်စေသော်။
ပြည်မြို့၊ ပါဒတိုက်ဆရာတော်
ဦးကေတုမြို့
၁၂၄၃ - ခုနှစ်
(1882 - AD)
ပြည်မြို့၊ ရွှေဆံတော်စေတီရင်ပြင်တော်
တောင်ပိုင်ဘိုးဘိုးကြီး နန်း၏
မျက်နှာစာတွင်ရှိသည်။
အရှေ့မှအနောက်
E-12တတိယဖောင်းရစ်ရှိစာ
(၁) သက္ကရာဇ် ၁၂၄၃ ခုနှစ် ဝါခေါင်လပြည့်ကျော် ၁၃ ရက်နေ့
(၂) လှူတော်မူသည်။ ခေါင်းလောင်းကျည်းချိန် ၁ဝ၅ါ။ ရေးနှူန်း ၁ါ လျှင်၊
(၃) ဇေး။ ပြည်မြို့ ပါဒတိုက် ဘုန်းတော်ကြီး ဦးကေတု။ ကုသိုလ်
(၄) တော်။ ဗြဟ္မာ နတ်လူသာဓု ခေါ်စေသော်။
မင်းဘူးကျောင်း ပုဂ္ဂိုလ်သူမြတ် ၁၂၄၃ ခုနှစ်
(1882-AD)
ပြည်မြို့၊ ရွှေဆံတော်စေတီရင်ပြင်တော်
တောင်ပိုင်ဘိုးဘိုးကြီး နန်း၏
မျက်နှာစာတွင်ရှိသည်။
အရှေ့မှအနောက်သို့
ငါးလုံး မြောက်ခေါင်းလောင်း။
E-13ပထမဖောင်းရစ်ရှိစာ
(၁) ပြည် ဇာတိ ထာဝရ။ သာဂီယနွယ်မှီး။ ဝသီဆုထူး။ ပါရမီဆွတ်ခူးသော။ မင်းဘူး ကျောင်း။
(၂) ပုဂ္ဂိုလ်သူမြတ်၏ ကောင်းမှုဖြစ်သည်။
(၃) သက္ကရာဇ် ၁၂၄၃ ခု။ ဥတုဂိမ္မန္တ၊ စန္ဒရငွေယုံစန်းသည်။ ဒေါင်းပိမှာန်။ သူရိန် နန်းနှင့်။မဇ္ဇေလပ်ထွက်
(၄) ချီသော။ လရာသီ ပြီဿ၏။ ဆန်းပက္ခငါးရက်။ နေဗျာလှာ့ကြား မင်းစက်တွင် စီရင်သွန်း လောင်း၍ပြီးစီး
(၅) အောင်မြင်သည်။ သွန်းလောင်းပြီး အသားတင်ကျေးချိမ်ပေါင်း။ ၁၇၁၃ ဆယ် ၂ ပိဿာ။
(၆) အကျပ် ၅ ဆယ်ရှိသည်။
ပြည်မြို့၊ ရွာဘဲရပ်နေ ဦးကင်၊ မယ်သိုင်
သားသမီးတစ်စု
၁၂၄၃- ခုနှစ်
(1882-AD)
ပြည်မြို့၊ ရွှေဆံတော်စေတီရင်ပြင်တော်
တောင်ပိုင်ဘိုးဘိုး ကြီးနန်း၏
မျက်နှာစာတွင်ရှိသည်။
အရှေ့မှ အနောက်သို့
လေးလုံးမြောက်ခေါင်းလောင်း။
E-14 ဒုတိယဖောင်းရစ်ရှိစာ
(၁) ပြည်မြို့ ရွာဘဲရတ်နေ။ ခေါင်းလောင်းတကာ ဦးကင်။ ခေါင်းလောင်း
(၂) အမမယ်သိုင်။ သားသမီးတစုတို့နှင့်တကွ။ သံသရာရှေ့ရှု၍။ ကောင်း
(၃) မှုကို။ သိုမျှနိဗ္ဗါန်။ ကြိုအာသံ၍။ သဒ္ဒဒါန အလှူကို။ အမျှဝေပါ
(၄) သည်။ နတ်လူသာဓုခေါ်စေသော်။ သက္ကရာဇ် ၁၂၄၃ ခု။ တပေါင်လ္ဆန်း
(၅) ကိုးရက်နေ့။ နံနက်။ ခုနှစ်နာရီအချိန်တွင်။ ကျီးအချိန်။ ၁၃ဝဝ ကို
(၆)သွန်လောင်းအောင်မျှင်လေသည်။ နိဗ္ဗန်နပြစ္စရောဟောတု။
ကိုဘူးမယ်ထူး
ဇနီးမောင်နှံ
၁၂၃၁ - ခုနှစ်
(1870- AD)
ပြည်မြို့၊ ရွှေဆံတော်စေတီရင်ပြင်တော်
တောင်ပိုင်ဘိုးဘိုး ကြီး နန်း၏
မျက်နှာစာတွင်ရှိသည်။
အရှေ့မှအနောက်သို့
သုံးလုံး မြောက်ခေါင်းလောင်း။
E-15ပထမဖောင်းရစ်ရှိစာ
(၁) ရွှေနန်းစိုက်ထူ။ ရိပ်ဖြူလှစ်ဖွင့်။ တန်ခိုဝ်းတင့်သည်။ မင်းပင်စံရာ။ ခေတ္တရာပိုင်။ ပြည်ခရိုင်သပ်။ ကျောင်းကြီးရပ်ဝယ်။ နှံစပ်..
(၂) ကိုဝ်ဘူးမယ်ထူးကြေးမုံ။ နှစ်ငုံတုမှီး။ ဇနီးမောင်နှံ။ မြတ်သည့်စံနန်းစံမြန်းရည် မှိန်ထွဋ်ဇနိန်၏။ ရောင်ထိန်သာသနာ ထွန်းလာအခိုက်၊ သူ...၌ဝယ်၊
(၃) ရောင်မြိုက်ကေရှင်၊ မြတ်သိတင်ကို၊ ကြည်လင်သာ။ ဒါနရည်ရောင်ခေါင်းလေါင်း(ယဇ္ဇ)။ ချိန်ကကျပ်မှာ။ သောင်းလေးရာနှင့်။ ရှေ့ပေါင်း
(၄) ပင်ညွန့်ရှင်ရွာ။ ဤပုညကြောင့်။ မေတ္တာမေတ္တေယျခေါ်။ မြတ်ဇိနော်သည်။ နောင်သော်။ ရှစ်သောင်း။ သက်ပေါင်းရောက်မြင့်သော်နှစ်ရာ။ စွန်မှာလေး ဆယ်။
(၅) ဝယ်ပင်။ ရွှေပလ္လင်နန်း။ ယုထိပ်ပန်း၏။ ညွန့်လန်းသာသနာ၊ ကြိုက်ကျုံခါနှိုက်၊ရဟန္တစစ် ဧကန်ဖြစ်လိုမှန်၏။ လှူရန်ပုည၊ အဝဝတိုဝ်းလောကသ္ခင်၊ ဘုရင်ခေါင်ပြာ။ မိဘုရားနှင့်
(၆) ဝန်းလျာခွေ့ရ။ မိဿံမောင်းမ၊ အမဇ္ဇထွေ၊ ရေသမုတ်ဖြား၊ ဘွေလာဝယ်။ မေခ လာနတ်။ မြတ်...ပုံ။ လှိင်သင်းထုံသည်။ .....ဗျာပယ်ဖြူဖွေးသွယ်သေသူ
(၇) အမျှဝေ၏။ ဒေဝါဒေဝ၊ ဗြဟ္မ ဗြဟ္မာ။ သံဝါရင့်ညောင်း၊ နှပ်သံညောင်းနှင့်။ ……….ငါးသောင်းနတ်လူ။ ကြည်ဖြူသော။ ဤခေါင်းလောင်းသက္ကရာဇ်
(၈) ၁၂၃၁ ခုနှစ်။