<<  ရှေ့သို့

ပြကွက်(၉)တွင် ပြသထားသောပစ္စည်းများ



ကျမ်းအမည် ရွှေဆံတော်သမိုင်း
ကျမ်းပြုသူ ဆရာတော်ဦးမေဓါရေးသားပြုစုသည်
ကျမ်းပြီးနှစ် သာသနာတော်နှစ် (၂၃၈၉ ခုနှစ်)၊တပေါင်းလပြည့်ကျော်(၈)ရက်
ပေအမျိုးအစား ပေကြမ်း
စာကြောင်းအရေအတွက် ၉ကြောင်း
စာမျက်နှာ (-)အင်္ဂါ(၈၇)ချပ်(က-ဝ)
အရွယ်အစား ၅၀x၆စင်တီ
တိုက်ပိုင်အမှတ် ၂၀၂၂/၂၁/၁
ကျမ်းစကား နမောတဿ ဘဂဝါတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ။လူသုမ္ပားတို့၏ ပတ္တမြားဥသျှောင်၊ ကြင်ဖြစ်တော်မူသောမြတ်စွာဘုရားသဉ်။

ပေစာတွင်ပါရှိသောအကြောင်းအရာများအားဘာသာပြန်ဆိုခြင်း


စဉ် အက္ခရာစဉ် ဘာသာပြန်ဆိုချက်
က (ဝမ်း)နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ လူသုံးပါးတို့၏ ပတ္တမြားဥသျှောင်အရှင် ဖြစ်တော်မူ သော မြတ်စွာဘုရားသည် မောဟ တဏှာ အဝိဇ္ဇာဖြင့် မှေးယှက်အပ်ကုန်သော မဟာကရုဏာဉာဏ် တိုက်တွန်းနှိုးဆော်သည်ဖြစ်၍ ဘုံသုံးတန်၌ တပြောင်းပြန်ပြန် ကျင်လည်ကုန်သော သတ္တဝါတို့ကို နိဗ္ဗာန်ရွ
ကာ (ဝမ်း)စွာ၊ ဂမ္ဘီရဒုဋ္ဌ ဖြစ်သော အကြောင်းတို့ကို ဆင်ခြင်တော်မူ၍ ငါတရားမဟောပြီ၊ တရားဟောငြားသော်လည်း ပင်ပန်းကာသာ၊ ငါ၏ တရားတော်ကို မသိနိုင်ရာဟု အကြံတော်ရှိလျှင် ပထမဈာန် သုံးဘုံတွင် မဟာဗြဟ္မာဘုံ သယံပဌိ ဗြဟ္မာမင်းသည် မြင့်မိုရ်တောင်မျှလောက်သော ပန်းကုံးရတနာဖြင့် ဒေသေတု
ကာ (ကျော)အဖြစ်သို့ ရောက်တော်မူသည်ရှိသော် ဗောဓိပလ္လင်တော်မှ ထ၍ သတ္တသတ္တာဟတို့ကို ဘုရားတို့ ဓမ္မတာ စဉ်လာမယွင်း လှည့်ဖြန့်စံပ္ပါယ်တော်မူ၍ လင်းလွန်းပင်ရင်း၌ သီတင်းသုံးနေတော်မူသောအခါ တဖုဿ ဘလ္လိက ကုန်သည်ညီနောင် နှစ်ပါးတို့အား ရှေးအမိဖြစ်ခဲ့ဖူးသော လင်းလွန်းပင်စောင့်နတ်သည
ကား (ဝမ်း)ဆိုင်၊ ရွှေတန်ဆောင်း၊ ငွေတန်ဆောင်း၊ ရွှေတံခွန်၊ ငွေတံခွန်၊ ရွှေထီး၊ ငွေထီး ကုက္ကား မလေးပွား အစရှိသည်တို့ဖြင့် များစွာပူဇော်တော်မူသည်၊ ဤသို့ အစရှိသည်ဖြင့် သာသနာတော်စည်ပင်ပြန့်ပွား များစိမ့်သောငှာ မရေမတွက်နိုင်အောင်သော ဘုရား၊ ပုထိုး၊ ကျောင်းကန်၊ ဇရပ်၊ တန်ဆေ
ကား (ကျော)တက်တွင် အဇ္ဇိက ဖလိက ညီနောင်နှစ်ပါး ရွှေအုတ်ခုနှစ်ချပ်နှင့် သွန်းကြိုလုပ်သည်။ အုတ်ဖိုတွင် အုတ်ကျိုး အုတ်စတို့ကို ရှင်မင်းကြီးတွေ့၍ ဆံတော်တည်ရာအရပ်ကိုပင် စေတနာနှင့်တကွ နေ့ကို ဆွမ်း၊ ည ရေချမ်းနှင့် လက်ပါးစေမိန်းမ မြသီကို နေ့တိုင်းနေ့တိုင်း ကိုယ်စားတော်စား ပူ
ကိ (ဝမ်း)လိုက်ပြီးမှ ဥရုဝေဠတောသို့ ကြွတော်မူ၍ ဥရုဝေဠတော၌ ဥရုဝေဠကဿပတို့ ဉာဏ်ရင့်မာခြင်းကို နေတော်မူလျက် သုံးလပတ်လုံး ၃၅၀၀ မကသော တန်ခိုးဗျာဒိတ်တော်ကို ပြလျက် နေတော်မူ၍ ဉာဏ်ရင့်မာသောအခါ၌ ဥရုဝေဠကဿပ အမှူးရှိသော ရသေ့ ၅၀၀၊ နဒီကဿပ အမှူးရှိသော ရသေ့ ၃၀၀၊ ဃရာကဿပ အမှူးရှိသော
ကိ (ကျော)ဖြစ်လေ၏။ သာတာဂီရိ ဟိမဝန္တာ နတ်မင်းတို့သည်လည်း ထိုနေ့သန်းခေါင်အခါ၌ ဟိမဝန္တာ သုတ္တန် ဒေသနာတော်ကို ဟောတော်မူ၍ ဘီလူးတစ်ထောင်နှင့်တကွ သာတာဂီရိ ဟိမဝန္တာ နတ်မင်းတို့သည် သောတာပန်တည်၏။ အထွက် တစ်ရက်နေ့၌ အရှင်ဝပ္ပ၊ နှစ်ရက်နေ့၌ အရှင်ဘဒ္ဓိ၊ သုံးရက်နေ့၌ အရှင်မဟာနာမ၊ လေ
ကီ (ဝမ်း)မူပြီးလျှင်၊ တူ ဦးရီးဖြစ်ကုန်သော နဂါးတို့သည် ပူဇော်အပ်သောမြေ၌ ပတ္တမြားပလ္လင်ဝယ်နေတော်မူလျက် တူ ဦးရီးဖြစ်ကုန်သော နဂါးတို့သည် နတ်ထမင်းအဖျော်တို့ဖြင့် ကောင်းစွာရောင့်ရဲစေတတ်သည်ဖြစ်၍ ကုဋေ အတိုင်းအရှည်ရှိကုန်သော နဂါးတို့ကို သရဏဂုံသီလ၌ တည်စေ၍ ထိုနဂါးတို့ကို အရိ
ကီ (ကျော)ဖြင့်လည်းကောင်း၊ ဘီလူးတို့၏ ထိတ်လန့်ခြင်းဖြစ်စေ၍ ဘီလူးတို့သည် တောင်းပန်အပ်သည်ဖြစ်၍ ဘီလူးတို့၏ ဘေးမရှိခြင်းကို ပြုတော်မူပြီးမှ ထိုအခါ စည်းဝေးလာသော ဘီလူးတို့အား တရားဟောတော်မူ၍ အကုဋေ မကကုန်သော ဘီလူးတို့သည် သစ္စာလေးပါးတရားတို့ကို ရကုန်၏၊ သောတာပတ္တိဖိုလ်၌ တည်သ
၁၀ကု (ဝမ်း)မူသည်။ ဤစကားအရပ်ရပ်၌ အကျယ်အလိုရှိသော အမျိုးသား သူတော်ကောင်းတို့သည် ဗုဒ္ဓဝင် အဋ္ဌကထာ၊ သမန္တပါသာဒိက အဋ္ဌကထာ၊ ဝိနည်း မဟာဝါ အဋ္ဌကထာတို့၌ သိအပ်ကုန်၏။ ယခုဆိုအပ်ခဲ့ပြီးသည်ကား အကျဉ်းမာတိကာသာတည်း၊ ဇမ္ဗူဒိပ်ဟုဆိုအပ်သော နိဗ္ဗာန်ကူးဆိပ်၊ သပြေပင်ရိပ်သို့ ရောက်တော်မူလျ