<<  ရှေ့သို့

ပြကွက်(၉)တွင် ပြသထားသောပစ္စည်းများ



ကျမ်းအမည် ရွှေဆံတော်သမိုင်း
ကျမ်းပြုသူ ဆရာတော်ဦးမေဓါရေးသားပြုစုသည်
ကျမ်းပြီးနှစ် သာသနာတော်နှစ် (၂၃၈၉ ခုနှစ်)၊တပေါင်းလပြည့်ကျော်(၈)ရက်
ပေအမျိုးအစား ပေကြမ်း
စာကြောင်းအရေအတွက် ၉ကြောင်း
စာမျက်နှာ (-)အင်္ဂါ(၈၇)ချပ်(က-ဝ)
အရွယ်အစား ၅၀x၆စင်တီ
တိုက်ပိုင်အမှတ် ၂၀၂၂/၂၁/၁
ကျမ်းစကား နမောတဿ ဘဂဝါတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ။လူသုမ္ပားတို့၏ ပတ္တမြားဥသျှောင်၊ ကြင်ဖြစ်တော်မူသောမြတ်စွာဘုရားသဉ်။

ပေစာတွင်ပါရှိသောအကြောင်းအရာများအားဘာသာပြန်ဆိုခြင်း


စဉ် အက္ခရာစဉ် ဘာသာပြန်ဆိုချက်
၁၅၁လူ (ကျော)စကြာဝဠာသို့ ဗြဟ္မာတို့ကား ဆောင်ယူသည်ကိုသွား၍ တောင်းတော်မူ၍ ရာဇာရတနစေတီတော်တွင် ထည့်သွင်းဌာပနာတော်မူသည်။ ထိုသုံးဆူသော စေတီတော်တို့သည် ဓါတ်တော်ကြီးမဟုတ် ခြေသည်းတော်၊ လက်သည်းတော်၊ အံသွားတော်တို့ကို ဌာပနာတော်မူကုန်၏။ ထိုအရပ်၌ ရဟန္တာအရှင်မြတ်တို့သည် တပည့်တစ်ထေ
၁၅၂လေ့ (ဝမ်း)ယူလေသည်။ လေဆယ်သော သွားတော် မွေတော် ဆံတော်တို့ကို တစ်ခုတစ်ခုသော စကြဝဠာ၌နေကုန်သော တန်ခိုးကြီးနတ်ဗြဟ္မာတို့ဆောင်ယူ၍ ကိုးကွယ်ကုန်၏။ အလောင်းတော်တို့သည် ခုနှစ်ရက်မီးလောင်၍၊ ဓာတ်တော် တို့သည် ဖြစ်ကုန်၏။ မဟန္တာမောဂ္ဂပမာဏာ၊ မဇ္ဇိမတာဏ္ဍုလဘိန္နာ၊ ခုဒ္ဓကသာ၊ သပ္ပမတ္တာဟ
၁၅၃လေ့ (ကျော)ကေသလောမိကာ၊ စတ္တာသဒိန္န - ပသတိနှခါ၊ ဧကစက္ကပါဠိပရမ္မရာဒေဝါ ဟရိသုံ၊ သတ္တုနော၊ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်တေ၊ ပရိနိဗ္ဗာန်ပြုတော်မှုသည်ရှိသော်၊ ကေသာစ၊ သုံးကုဋေခြောက်သန်းသော၊ ဆံတော်ဓာတ်တော်တို့သည်လည်းကောင်း၊ လောမာစ ရှစ်သောင်းသော မွေတော်တို့သည်လည်းကောင်း၊ စတ္တာ
၁၅၄လဲ (ဝမ်း)ရှစ်ယောက်သော၊ မင်းတို့အား၊ ဝေမည်ကြကုန်၏။ ကုဿိနာရုံပြည်မင်းတို့က၊ ဤသို့ဆို၏။ ကျွန်ပ်တို့သည်၊ အလုံးစုံကိုမပေး၊ တစ်ဝက်သော ဓာတ်တော်တို့ကိုသာဝေအံ့ဟု ဆိုလတ်သော်၊ အရှင်မဟာကဿပသည်၊ မလ္လာမင်းတို့၊ သင်တို့ထံ၌၊ မြတ်စွာဘုရားပရိနိဗ္ဗာန်ဝင်သည်။ သင်တို့အားလည်းကောင်း၊ ခပ်
၁၅၅လဲ (ကျော)ကို မီးမလောင်ကုန် မီးသွေးပြာလည်းမရှိကုန်၊ လည်ဆစ်တော်မှ အောက်ဖြစ်ကုန်သော၊ ဓာတ်တော်တို့သည် ထုတ်ပိုးသကဲ့သို့ဖြစ်၏။ ထိုရွှေပုဆိုးတို့၏ အတွင်း၌နုလှစွာသော ပိတ်သည်တို့ဖြင့် ထုတ်ပိုးသကဲ့သို့၊ လည်ဆစ်တော်မှ၊ အထက်သီသဓာတ်တော်၊ နှစ်စရွတ်တို့သည်၊ အသီးအခြားဖြစ်ကုန်၏။ ထိ
၁၅၆လော (ဝမ်း)ဝ်အောင်၊ တန်းခိုးတော်တို့သည် ဖြစ်စေသတည်းဟုဒိဌာန်သစ္စာပြုလတ်သော်၊ စေတီမှ အလျံကြီးစွာ ထွက်လတ်၍ ပြင်းစွာသောအသံကို ပြုလျက်၊ တိုင်းအလုံးကို ချောက်ချားစေ၍၊ စေတီတော်သည်၊ အိုးထိန်းစက်ကဲ့သို့၊ ပတ်ပတ်သွင်သွင်လည် လည်လျက်၊ ခြောက်ပါးသောရောင်ခြည်တို့ကို ပြတော်မူ၏။ တစ်ထ
၁၅၇လော (ကျော)ဓာတ်တော်သည်၊ ပတ္ထနီအဆင်း၊ မျက်နက်တော်၌ ဖြစ်သောဓာတ်တော်သည်၊ ဣန္ဒနီလာအဆင်း၊ ဦးနှောက်တော်၌ဖြစ်သော၊ ဓာတ်တော်သည်ပုလဲအဆင်း၊ စိန်အဆင်း၊ ကျောက်မျက်ရွဲအဆင်း အထူးထူးသော အဆင်းသဏ္ဌာန်ပမာဏတို့သည်ရှိသည်ဖြစ်၍၊ လူတို့ပြစ်မှားတတ်၏။ ခမည်းတော်မင်းကြီး၊ ဤခုနှစ်ဆူသော မွေတော်တ
၁၅၈လေါ် (ဝမ်း)မြသိန်းတန်၊ ဣဒံသပ္မကေ၊ သထူပစေတီယံ၊ တုပ္ပတ္ထိဒွေဘာထိကေဟိ၊ ရညောဗျှာကာသိ၊ ဤဣဓံသပ္ပ၊ ဤအလုံးစုံဖြစ်သော၊ ထူပစေတီယတုပ္ပထ္ထိယာ၊ ရွှေဆံတော်စေတီတော်မြတ်၏ အကြောင်းတော်ကို၊ ဒွေဘာဒိကေဟိ၊ ညီနောင်ဖြစ်ကုန်သော၊ ထေရေဟိ၊ အရှင်စန္ဒသီရီ၊ အရှင်စန္ဒာဂရာဇ်ဟု ဆိုအပ်သော၊ အရှင်နှစ်
၁၅၉လေါ် (ကျော)ဆောင်ယူခဲ့၍၊ ထိုမဟာစေတီ၌တည်၏။ ထို့ကြောင့်၊ ဝဇီရာယံဘဂဝတော၊ ပတ္ထောဒုဏ္ဍဥ္စစီဝရံ၊ နိဝါသနံကုလ ဂရေ၊ ပမ္မတ္တရဏံ၊ သိလဝယေ၊ ပါတလဝုတ္တဓူရမှ၊ ကရဏံကာယနံ၊ ဗန္ဓနံ၊ စမ္မာယံဥဒဏံသာဋဥ္စ၊ ဥဏှလောမဥ္စကောသလေ၊ ကာသာဝဗြဟ္မလောကေ၊ စဝေဌနံ၊ တိဒသေပူရေနိ၊ သိဒနံအဝတိသု၊ ဒေဝရတ္တေအတ္တရဏံတဒ
၁၆၀လံ (ဝမ်း)ထိလေဟိ၊ ဝါနိစ္စေ၊ ပဥ္စသဟာရိကေ၊ ပဌမံ၊ ဌဝိတံ၊ သဇ္ဇောဟိကံ၊ ဥပေါသထဒိဝသံ၊ ဥပေါသထံဒိဝသံ၊ ဆရံသ္မီရံ၊ ထုပဝရံသီရသံ၊ အဟံဝန္ဓာမိ၊ အဇ္ဇိကဖလိကေဟိ အဇ္ဇိကဖလိကအမည်ရှိကုန်သော၊ ‌ဒွေဘာဒိကေဟိ၊ ညီနောင် ဖြစ်ကုန်သော၊ ဝါနိစ္စေဟိ၊ ကုန်သည်တို့သည်၊ ပဥ္စသဟာရိကေ၊ ငါးယောက်သော အဆွေခင်ပ