<<  ရှေ့သို့

ပြကွက်(၉)တွင် ပြသထားသောပစ္စည်းများ



ကျမ်းအမည် ရွှေဆံတော်သမိုင်း
ကျမ်းပြုသူ ဆရာတော်ဦးမေဓါရေးသားပြုစုသည်
ကျမ်းပြီးနှစ် သာသနာတော်နှစ် (၂၃၈၉ ခုနှစ်)၊တပေါင်းလပြည့်ကျော်(၈)ရက်
ပေအမျိုးအစား ပေကြမ်း
စာကြောင်းအရေအတွက် ၉ကြောင်း
စာမျက်နှာ (-)အင်္ဂါ(၈၇)ချပ်(က-ဝ)
အရွယ်အစား ၅၀x၆စင်တီ
တိုက်ပိုင်အမှတ် ၂၀၂၂/၂၁/၁
ကျမ်းစကား နမောတဿ ဘဂဝါတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ။လူသုမ္ပားတို့၏ ပတ္တမြားဥသျှောင်၊ ကြင်ဖြစ်တော်မူသောမြတ်စွာဘုရားသဉ်။

ပေစာတွင်ပါရှိသောအကြောင်းအရာများအားဘာသာပြန်ဆိုခြင်း


စဉ် အက္ခရာစဉ် ဘာသာပြန်ဆိုချက်
၁၀၁ယျ (ကျော)ငါတို့သည်၊ ကမ္ဘာဦးက ဗြဟ္မာမျိုးနွယ်မပြတ်သော၊ အသမ္ဘိန္နှခတ္တိယ၊ မင်းရိုးမင်းနွယ် ဖြစ်လျက်၊ ငါတို့အားသာလျှင်၊ အခြားမင်းတို့ပေးသင့်သည် အခြားမင်းတို့အား ငါတို့မင်းမျိုးမပေးသင့်၊ မပေးသင့်ဘဲ၊ ငါတို့အားလာ၍၊ တောင်းပြန်၏။ မပေးနေသည်ဖြစ်အံ့ ငါတို့နှင့်စစ်ဘက်ရလတ္တံ့ဟ
၁၀၂ယျာ (ဝမ်း)သူကြီးအရာကိုပေး၏။ ထို့နောက် ခမည်းတော် အဘိရာဇာမင်း နတ်ရွာစံတော်မူ၏။ အိမ်ရှေ့ဖြစ်သော ကံရာဇာကြီးသည်၊ ဤသို့အကြံဖြစ်၏။ ငါ၏ခမည်းတော်နတ်ရွာစံပြီး မယ်တော်လည်းနတ်ရွာစံပြီး။ ငါ၏ညီအငယ်ကို ငါပြုပြင်မှဖြစ်တော့မည်။ ငါပင်အမိ။ ငါပင်အဖ။ ငါပင်အစ်ကို။ သို့ဖြစ်၍ ဤတိုင်းဤပြည်
၁၀၃ယျာ (ကျော)နှိပ်စက်ခြင်းငှာမရှိပြီ၊ အားလုံး ယုံမှားသံသယကင်းပြီဟု ဝမ်းမြောက်တော်မူ၏။ တိုင်းသူပြည်သားတို့လည်း၊ ငါတို့အမျိုးကို ဤအဘိရာဇာမင်းသည် သင်းခွဲ၍ သွားလေပြီ။ နောက်၌ ပဉ္စာလရာဇ်မင်း၏ ရန်သူကဲ့သို့ ပေါ်ရှိညားသော်လည်း ငါ့တို့မကြောက်မရွံပြီဟု တိုင်းသူပြည်သားတို့လည်း ဝ
၁၀၄ယျား (ဝမ်း)သီတိုင်းပြည်မြို့သို့‌ရောက်လေ၏။ ဦးရီးတော်ရသေ့သမီး ဘေဒါရီသည် အလွန်လှပတင့်တယ်ခြင်းရှိ၏။ လူတို့အဆင်းကိုလွန်လျက် နတ်တို့ကိုလည်းမမှီရှိ၏။ ငါးပါးသောကောင်းခြင်းဟုဆိုအပ်သော ကေသာ ကလျာဏ၊ ဆဝိကလျာဏ၊ မံသကလျာဏ၊ အဌိကလျာဏ၊ ဝယကလျာဏ၊ တည်းဟူသော၊ ငါးပါးသော
၁၀၅ယျား (ကျော)လည်းသားကြီးရှိလျှက်သားငယ်ကိုပေးသည်ဟူ၍ ပြည်သူတို့ကဲ့ရဲ့တော့မည်ဖြစ်သည်ဟု ခမည်းတော် မသိုး ထမင်း၊ မသိုးဟင်းစီရင်၍ ဗောင်းယာဉ်ကြော့နှင့် မျှောလိုက်လေ၏။ မယ်တော်လည်း ငိုကျွေးမြည်တမ်း လျက်ရှိ၏။ သားတော်တို့လည်း ငိုကျွေးလျက်မျှောလေ၏၊ စစ်ကိုင်းမြို့တွင် သစ်ပင်တစ်ခုလဲ
၁၀၆ယျိ (ဝမ်း)သည်။ သစ်သီးသစ်ရွက်သစ်ဥစသည့်ဖြင့်ရှာမှီးသော ခြေရာကို မြင်သဖြင့်၊ ဤအရပ်တွင် လူရှိ၏ဟု ခြေရာ အစဉ်အားဖြင့်လိုက်လေသော်၊ သီရိခေတ္တရာရသေ့နေသော ကျောင်းသို့ ရောက်သဖြင့်၊ အိမ်ရှေ့မင်းဟူသော အမှတ်၊ ဝက်ကိုလိုက်ခြင်းဟူသော အကြောင်းတို့ကို ပြောဆိုလတ်သော်၊ သီရိခေတ္တရသေ့လည်
၁၀၇ယျိ (ကျော)တည်ကြကုန်သည်။ သည်မှကြွင်းသောပြည်တို့သည် မရှိကုန်သေးဖြစ်သည်။ ထို့ကြောင့် ယက္ခဝတီတိုင်း၊ ဓညဝတီပြည်သားကို နော်တော်ဖြစ်၍၊ ဗြဟ္မာကြီးဟုဆိုကုန်၏။ ရဋ္ဌပူရသောမနဿတိုင်း၊ တကောင်း၊ သံသယ၊ သင်းတွဲပြည်သားကိုဗြဟ္မာငယ်လူမျိုးဟုဆိုစကုန်၏။ ထိုရဋ္ဌပူရသောမနဿတိုင်း၊ တကောင်း၊
၁၀၈ယျီ (ဝမ်း)အခါ၊ မြတ်စွာဘုရားသာသနာတော်သည်၊ အနှစ်လေးဆယ်ရှိပြီ။ ဘုရာဘိုးတော်အဥ္စနမင်း၊ သီဟဟနုမင်း တို့သည်၊ ဒေဝီလရဿေ့၊ ဥပကအာလာရ၊ မာဒင်္ဂပစ္စေကဗုဒ္ဓါတို့သည်၊ နဝစန္ဒကိန်းဖြင့် ရှစ်ထောင့် ခြောက်ရာလေးဆယ်ကို အကုန်ချေ၍ပစ်သည်။ ကိန်းထားတော်မမူ၊ မြတ်စွာဘုရားလွန်တော်မူ လေးလ မြောက
၁၀၉ယျီ (ကျော)ရာဇပုတ္တံ၊ မင်းသား၊ ပုညံ ကုသိုလ်ကောင်းမှုသည် သုခံ၊ ချမ်းသာခြင်းကို၊ ဇနေတိ၊ ဖြစ်စေတတ်၏။ အပုညံ၊ မကောင်းမှုသည် ဒုက္ခံ၊ ဆင်းရဲခြင်းသို့၊ ပါပုဏာတိ၊ ရောက်၏။ တသ္မာဟိတသ္မာဧဝ၊ ထို့ကြောင့်သာလျှင်၊ ပုညံ၊ ကုသိုလ်ကောင်းမှုကို တွံ၊ သင်သည် ကရံကရတု၊ ပြုလော့၊ အပုညံ၊ မကောင
၁၁၀ယျု (ဝမ်း)တိုင်ပင်ကြကုန်၏။ အဆွေ ငါတို့နှစ်ယောက်တော၌ နေသည်ဖြစ်အံ့၊ အကျိုးမရှိကုန်၊ တကောင်းမင်း တွင်လည်း သမီးခုနှစ်ယောက်ရှိသည်။ ဝင်္ဂရာဇ်မင်းတွင်လည်း သားခုနှစ်ယောက် ရှိသည်။ ထိုမင်းသား မင်းသမီးတို့နှစ်စုံဘက်မိကြမူ ငါတို့နှစ်ယောက် ချမ်းသာရတော့မည်ဟု ကြံစည်ကြ၍ နေ့ရက်ချိန