<<  ရှေ့သို့

ပြကွက်(၉)တွင် ပြသထားသောပစ္စည်းများ



ကျမ်းအမည် ရွှေဆံတော်သမိုင်း
ကျမ်းပြုသူ ဆရာတော်ဦးမေဓါရေးသားပြုစုသည်
ကျမ်းပြီးနှစ် သာသနာတော်နှစ် (၂၃၈၉ ခုနှစ်)၊တပေါင်းလပြည့်ကျော်(၈)ရက်
ပေအမျိုးအစား ပေကြမ်း
စာကြောင်းအရေအတွက် ၉ကြောင်း
စာမျက်နှာ (-)အင်္ဂါ(၈၇)ချပ်(က-ဝ)
အရွယ်အစား ၅၀x၆စင်တီ
တိုက်ပိုင်အမှတ် ၂၀၂၂/၂၁/၁
ကျမ်းစကား နမောတဿ ဘဂဝါတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ။လူသုမ္ပားတို့၏ ပတ္တမြားဥသျှောင်၊ ကြင်ဖြစ်တော်မူသောမြတ်စွာဘုရားသဉ်။

ပေစာတွင်ပါရှိသောအကြောင်းအရာများအားဘာသာပြန်ဆိုခြင်း


စဉ် အက္ခရာစဉ် ဘာသာပြန်ဆိုချက်
၉၁မျေ (ကျော)ကုန်သည်။ ဒရတ္တလည်းတစ်ယောက်၊ ဒတ္ထရဌလည်းတစ်ယောက်၊ ထိုသူနှစ်ယောက်တို့သည်ကား ကာလ နဂါးမင်း၏တူတို့တည်း အရံတစ်ထောင်စီနှင့် စောင့်ကုန်၏။ သေဌလည်းတစ်ယောက်၊ ကပ္ပလသေဌလည်း တစ်ယောက် ထိုသူနှစ်ယောက်တို့သည် ကာလနဂါးမင်းသားတို့တည်း အရံတစ်ထောင်စီနှင့် စောင့်ကုန်၏။ ထိုလေးယောက
၉၂မျဲ (ဝမ်း)ငွေအုတ်တစ်ရာ၊ မြအုတ်တစ်ရာ၊ စိန်အုတ်တစ်ရာ၊ ပုလဲအုတ်တစ်ရာ၊ သန္တာအုတ်တစ်ရာ၊ ကျောက်မျက်ရွဲ အုတ်တစ်ရာ၊ ဣဒ္ဓနီလာအုတ်တစ်ရာ၊ ပတ္တမြားအုတ်တစ်ရာ၊ ပယင်းအုတ်တစ်ရာ၊ ရတနာအုတ်တစ်ထောင် တည်ကုန်၏ ဝေသာမိတ္တ၊ ဣဒ္ဓိမန္တ၊ ဝေသာဂီရိ ထိုသုံးယောက်သောသူတို့သည် ရတနာအုတ်တစ်ရာစီ တည်ကု
၉၃မျဲ (ကျော)၏။ အနောက်ဘက် ဝေသာဂီရိဘီလူးမင်းသည် အရံတစ်ထောင်စီနှင့်စောင့်၏။ မြောက်အရပ်က ဣဒ္ဓိမန္တဘီလူးသည် အရံတစ်ထောင်နှင့်စောင့်၏။ ဧရာပထ နဂါးမင်းသည် အောက်အရပ်က ဝိရုပက္ခ၊ ဆဗျာဗုဒ္ဓ၊ ဂဏှာဂေါထမ နဂါးမင်းလေးပါး၊ အဂ္ဂိမုက္ခ၊ ကထမုက္ခ၊ ပုတိမုက္ခ၊ ဒုမသိခ၊ အသိဝိသ၊ အဂ္ဂိဒတ္ထ၊ ထိုန
၉၄မျေါ (ဝမ်း)လူတို့သည် ဘုရားသခင်ဂုဏ်ကျေးဇူးတော်တို့ကို ပြောဆိုသည်ကို ထိုပွေးဖို ပွေးမတို့သည် တွင်၌ နေရာက ကြားကုန်၏။ ပွေးဖိုနှင့်ပွေးမသည် ကတိကဝတ်စကားကို ဆိုကြကုန်၏။ မြတ်စွာဘုရားကြွရောက်လျှင် သင်ဦးစွာသိလျှင် ငါ့ကိုပြော ငါဦးစွာသိလျှင်သင့်ကိုပြောမည်ဟု ကတိကဝတ်ပြုကြလျက် ကို
၉၅မျေါ (ကျော)ခု။ တပေါင်းလဆန်း တစ်ဆယ့်သုံးရက်နေ့ ဓာတ်တော်တိုက်နှင့်တကွ အစပြု၍တည်သည်။ လဆန်း တစ်ဆယ့်လေးရက်နေ့ ဗုဒ္ဓဟူးနေ့ ဘုရားတစ်ဆယ့်နှစ်ဆူ ကောင်းကင်တွင်ထက်ဝယ်ဖွဲ့၍နေသည်ကို နတ်လူ နဂါးသိကြားဗြဟ္မာတို့မြင်ကုန်သည် တစ်နေ့ပါတ်လုံးရောင်ခြည်တော်ပြကုန်သည်။ လဆန်း တစ်ဆယ့် ငါးရက်၊
၉၆မျေါ် (ဝမ်း)ကူ၍လာသော် အလွန်နှလုံးမွေ့လျော်ရာဖြစ်သော အရပ်ကိုမြင်၍ မြို့တည်အံ့‌သောငှာ လျောက်ပတ် မြက် ထင်း ရေတို့ဖြင့်လည်းရလွယ်၏။ လယ်ယာကန်ချောင်း၊ အင်းအိုင်၊ ထုံးမြောင်းတို့နှင့် ပြည့်စုံ၏။ ထိုအရပ်၌ မြို့တည်ခြင်းငှာ လျောက်ပတ်၏ဟု မြို့ရာနှင့်ပြီးလျှင် မြို့တည်၏။ ထီးနန်းစ
၉၇မျေါ် (ကျော)ကိုလည်းကြည့်တော်မူလျှင် ရေပေါ်တွင်နွားချေးခြောက် ပမာဏရှိသောဒိုက်ငယ်သည် ရေပေါ်၌ပေါလော ပေါ်လျှက်ရှိ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤသို့မိန့်တော်မူပေ၏။ အာနန္ဒာ ငါ့ဘုရားပရိနိဗ္ဗာန်လွန်တော်မူ သည်နောက် ငါ၏သာသနာတော် တစ်ရာ့တစ်ခုနှစ်ရောက်လတ်သော် ဤဒွတ္ထမည်သောပွေးသည် မျက
၉၈မျံ (ဝမ်း)မင်းနှင့်တကွတောင်းပန်ပြန်လျာ၏။ မင်းနှစ်ပါးတို့လည်း သင်တို့လိုရာကိုရှာ၍ မင်းပြုကြလေကုန် ငါတို့ မလိုက်လိုပြီ ရသေ့ရဟန်းသာပြုကြအံ့ဟု သုံးဆယ့်ငါးနှစ်သက်တော်ရှည်လတ်သော် သားတော်အား ထီးနန်းကိုအပ်၍ သီရိခေတ္တရာမင်းလည်း ရသေ့ပြုလေ၏။ တစ်သောင်းသောသူတို့သည်လိုက်၍ ရသေ့ပြ
၉၉မျံ (ကျော)လေးယောက်သောဗိုလ်ထုနှင့် သွားလေသော် သီရိခေတ္တရာမင်းလည်း ဗိုလ်ထုနှင့်ဆီး၍ကြိုလာပြီးလျှင် မိမိနေရာ နဝဝါသီသို့ ဆောင်ယူပြီးလေ၍ ရောက်သောအခါ စစ်သူကြီးအရာကို ပေးလေ၏။ အလ္လကပ္ပ မင်းသားက ဤသို့ဆို၏ ငါတို့တိုင်းသားသည် ရေကိုအလိုရှိကြကုန်၏။ တစ်နေ့လျှင်သုံးခါစွတ်သောဆံသုံ
၁၀၀ယျ (ဝမ်း)တော်၊ ရှစ်သောင်းနှစ်ထောင်သော၊ မင်း၏ထိုဖြစ်စ ကပ္ပီလဝတ် ဒေဝဒဟကောလိယ၊ ဖြစ်ကြောင်းကို၊ ရာဇဝင်၌ အစဉ်လာသည်ကို ထောက်၍ ဤဇမ္ဗူဒိပ်ကျွန်းလည်း အလွန်ကျယ်ဝန်းပါသည်ဖြစ်၍ အကျွန်ုပ် လည်းသာကီဝင်မင်းမျိုးတို့၏ အနွယ်အဆက် ပွားများစေခြင်း၊ အခွန်အတုတ်လည်းများပြားစေခြင်း၊ ရန်သ