<<  ရှေ့သို့

ပြကွက်(၉)တွင် ပြသထားသောပစ္စည်းများ



ကျမ်းအမည် ရွှေဆံတော်သမိုင်း
ကျမ်းပြုသူ ဆရာတော်ဦးမေဓါရေးသားပြုစုသည်
ကျမ်းပြီးနှစ် သာသနာတော်နှစ် (၂၃၈၉ ခုနှစ်)၊တပေါင်းလပြည့်ကျော်(၈)ရက်
ပေအမျိုးအစား ပေကြမ်း
စာကြောင်းအရေအတွက် ၉ကြောင်း
စာမျက်နှာ (-)အင်္ဂါ(၈၇)ချပ်(က-ဝ)
အရွယ်အစား ၅၀x၆စင်တီ
တိုက်ပိုင်အမှတ် ၂၀၂၂/၂၁/၁
ကျမ်းစကား နမောတဿ ဘဂဝါတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ။လူသုမ္ပားတို့၏ ပတ္တမြားဥသျှောင်၊ ကြင်ဖြစ်တော်မူသောမြတ်စွာဘုရားသဉ်။

ပေစာတွင်ပါရှိသောအကြောင်းအရာများအားဘာသာပြန်ဆိုခြင်း


စဉ် အက္ခရာစဉ် ဘာသာပြန်ဆိုချက်
၁၁ကု (ကျော)တော၊ တထာပိပစ္ဆာ သမနေနဧကေနာပိဘိက္ခုနာ၊ အနာဂန္တာ ဧကေကောဝ အာဂန္တာပိဝုတ္တံ ဟူ၍ မိန့်တော်မူ သတည်း၊ ထိုမှသည် ဘုရားဖြစ်တော်မူ၍ ရှစ်နှစ်တို့၏ ပြည့်ကြောင်းဖြစ်သောနှစ်၌ မဟောဒရ အမည်ရှိသော နဂါးမင်း၊ ဦးရီးဖြစ်သော မျက်စိ စိမ်းစိမ်းညိုညိုရှိသော မျက်လုံးရှိသောကြောင့် မဏိ
၁၂ကူ (ဝမ်း)သည်ဖြစ်၍ အမရပူရ အမည်ရှိသော နိဗ္ဗာန်ရွှေပြည်တော်မြတ်သို့ ရောက်စိမ့်သောဌာ အများကိုးကွယ်ရာ ဆံတော်ဓာတ်ကို စေတီပုထိုးတည်ပါမည်။ တပည့်တော်အား သနားတော်မူပါဟု လျှောက်တောင်းပန်၏။ ဘုရားသခင်လည်း သင်အားငါမပေး အဇ္ဇိက ဖလိက ကုန်သည်ညီနောင်တို့အား ပေးအပ်ရမည် အမိန့်တော်ရှိ
၁၃ကူ (ကျော)အခိုက်ကို ကြွလှာလျှင်လည်း နှိုးပါမည် ကတိထား၍ စောင့်ကြ၏၊ ပွေးမ အလှည့်စောင့်သောအခါ မကြွလှာ၍ ပွေးဖိုနောက်မှ စောင့်ပြန်၏၊ အဖိုစောင့်ရာတွင်မှ ဘုရားသခင်ကြွတော်မူလှာ၍ အလွန်ဝမ်းမြောက်ဝမ်းသာ သဒ္ဓါသောစိတ်ဖြင့် မြေကြီးကို ဆန်၊ ပန်း၊ ပေါက်ပေါက်အမှတ်ဖြင့် မြောက်၍ ဤသို
၁၄ကဲ (ဝမ်း)တောင်ဟုတွင်၏။ ထိုတောင်နှင့် မနီးမဝေးသောအရပ်၌ ဖွတ်မင်းသည် အချွေအရံများစွာနှင့် နေ၏။ ထိုဖွတ်မင်း မင်းနေရာအရပ်ကို ဖွတ်တွင်းတောင်ဟု တွင်၏။ ထိုဖွတ်မင်းသည် ရသေ့ကျောင်းကို အခြွေအရံ များနှင့်တကွ နေ့ညမပြတ် ရှိခိုးပူဇော်လေ၏။ ထိုတောင်ကိုလည်း ဖွတ်ဝတောင်တွင်၏။ တစ်နေ့သ
၁၅ကဲ (ကျော)တည်း၊ အပေါင်းစေတီတော် သံတောင် င်္၄ ၂ိ။ ရွှေထီး ခုနှစ်ဆင့်၊ ကြက်လျာ တစ်ဆူ ထပ်၍တည်ပေ၏။ သင်္ဘောတွင် ပါပါသမျှ စပါးကို ဆန်ပြု၍ အနုမောဒနာ ၇ နှစ်ရက်လည်အောင် ပွဲသဘင်ကြီးစွာခံပေ၏။ ညီနောင်နှစ်ပါး သင်္ဘောသားတို့သည် ရွှေတန်ဆောင်း၊ ငွေတန်ဆောင်း၊ ရွှေပန်း၊ ငွေပန်း၊ ရွှ
၁၆ကော (ဝမ်း)ဟုတွင်၏။ ထိုမှလိုက်ပြန်သော် အရှေ့တောင်အရပ်သို့ ပြေးလေ၏။ ဝက်လည်သည်ကို ဝက်လဲတောင်ဟု တွင်၏။ ဝက်သေ၍ ပုတ်စပ်ရှိသည်အရပ်ကိုဝက်ပုတ်တောင် တွင်၏။ ထိုမင်းယောက်ဖဖြစ်သောသူသည် သံဝေဂသဘောအနိစ္စဓမ္မဖြစ်၍ လေး၊ မြားလက်နက်ကြီးကိုစွန့်၍ ရသေ့ရဟန်းပြုပြီးလျှင် ဆံတော်ကျိန်းဝပ် ရ
၁၇ကော (ကျော)လောင်း ဖွတ်မင်းလည်း အသိုက်ထဲသို့ ဝင်၍ပြေးသည်ကို ဖွတ်သိုက်တောင်ဟုတွင်၏။ ရသေ့လည်း တူးဆွ၍ လိုက်၏။ ဖွတ်မင်းက ကယ်ပေါက်ကထွက်၍ လည်တိုင်ကို အမြီးတို့ဖြင့် ရိုက်၏။ သင်ငါ့ကို ဝန်ချလော့ ဆိုသည်ကို ဝန်ချတောင်တွင်၏။ ကယ်ပေါက်မှလည်၍ မြီးတို့ဖြင့်ရိုက်၍ ဝန်ချစိမ့်သောငှာ တ
၁၈ကော် (ဝမ်း)သို့ရသောကြောင့် ထိုအရပ်ကိုရွာလင်းတွင်၏။ မြေထဲသို့ရောက်လျှင် မြေကားအထဲ၊ မိုးကား အဘုံဟု မင်းသားတို့ဆိုသည်ကို ယခုမြေထဲမိုးဘုံတွင်၏။ ကုန်းရွာလင်းသို့ရောက်လျှင် ဤကုန်းလင်းလင်းရှိသည်ဟု ဆိုသည်ကို ကုန်းရွာလင်းဟုတွင်၏။ ထိုမှ စုံကဲသည်ရှိသော် မင်းသားတို့သည် ရှင်ရသေ့
၁၉ကော် (ကျော)စားဖွယ်သောက်ဖွယ် အမြိန်အရသာအမည်အစုံနှင့် မျှောလိုက်လေ၏၊ ထိုမင်းသားတို့ မျှော၍လာရာသစ်ပင် တစ်ခုရေပေါ်၌ ကိုင်း၍ရှိ၍ ထိုသစ်ပင်၌ ဘီလူးမစောင့်၍ နေ၏။ မင်းသားတို့ ထိုသစ်ပင်အောက်သို့ ရောက် လျှင် ဝဲလှည့်တလည်လည်ရှိ၏။ ဘီလူးမလည်းမင်းသားတို့ စားဖွယ်သောက်ဖွယ်များကို မြင
၂၀ကံ (ဝမ်း)တစ်ယူဇနာ၊ အဝန်းအားဖြင့် သုံးယူဇနာ၊ တံခါးကြီး ၃၂၊ တံခါးငယ် ၃၂၊ နှစ်စု ၆၄ ရှိသော သီရိခေတ္တရာပြည်ကြီးကို တပေါင်းလပြည့်နေ့တွင် တည်၏။ မြို့အရှေ့မြောက်တွင်လည်း နဂါးသည် ဂဋ္ဌုန်ကိုမြင်၍ တွန်သည်တွင်လည်း မြို့ ၃ တန်တွန့်၏။ ကျုံး၊ မြောင်း၊ ရင်တား၊ ခုလဲလောက်လွှဲ၊ တုရ