<<  ရှေ့သို့

ပြကွက်(၉)တွင် ပြသထားသောပစ္စည်းများ



ကျမ်းအမည် ရွှေဆံတော်သမိုင်း
ကျမ်းပြုသူ ဆရာတော်ဦးမေဓါရေးသားပြုစုသည်
ကျမ်းပြီးနှစ် သာသနာတော်နှစ် (၂၃၈၉ ခုနှစ်)၊တပေါင်းလပြည့်ကျော်(၈)ရက်
ပေအမျိုးအစား ပေကြမ်း
စာကြောင်းအရေအတွက် ၉ကြောင်း
စာမျက်နှာ (-)အင်္ဂါ(၈၇)ချပ်(က-ဝ)
အရွယ်အစား ၅၀x၆စင်တီ
တိုက်ပိုင်အမှတ် ၂၀၂၂/၂၁/၁
ကျမ်းစကား နမောတဿ ဘဂဝါတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ။လူသုမ္ပားတို့၏ ပတ္တမြားဥသျှောင်၊ ကြင်ဖြစ်တော်မူသောမြတ်စွာဘုရားသဉ်။

ပေစာတွင်ပါရှိသောအကြောင်းအရာများအားဘာသာပြန်ဆိုခြင်း


စဉ် အက္ခရာစဉ် ဘာသာပြန်ဆိုချက်
၈၁များ (ကျော)မြေပြင်လည်းရှိသည်ဖြစ်၍ တစ်ခုသောအရပ်၌ သင်္ကန်းကျောင်းပြု၍ သံဃာနှစ်သောင်းသော ရသေ့တို့နှင့် နေကုန်သည် ထိုသီရိခေတ္တရသေ့၏ သားမြေးမြစ်တိုင်အောင် သုံးဆယ့်ငါးနှစ်တိုင်လျှင် ရသေ့ပြုလေ၏။ နှစ်သောင်း နှစ်သောင်းသော သူတို့သည်အတူလိုက်၍ ရသေ့ပြုလေ၏၊ ထိုသီရိခေတ္တရသေ့ ကျောင
၈၂မျိ (ဝမ်း)ဆယ့်နှစ်တောင် တစ်ဖက်ကရွှေရောင် တစ်ဖက်ကပဲနောက်စေ့ အရောင်ရှိသောကျောက်ကို မာတလိ နတ်သား ဆောင်ယူလေ၏။ ထို့နောက်နဝရတ်အိုင်မှသည် ဆင်၊ ခြင်္သေ့၊ မြင်း နွားတို့မှထွက်လေသော အာဝဋ္ဋဂင်္ဂါ၊ ဗလဂင်္ဂါ၊ ကဏှဂင်္ဂါ၊ ဥမှင်္ဂဂင်္ဂါ၊ အာကာသဂင်္ဂါဟု ဆိုအပ်သော ဂင်္ဂါငါးပါးတို့တွင
၈၃မျိ (ကျော)တို့ကိုတည်ထွင်ရန် အလျားအနံလေး ...... ရတနာဆယ်ပါးဖြင့်ပြီး ...... ကဲ့သို့ ...... တထိန်ထိန် တောက်ထွန်းသော ရတနာအတိပြီးသော ရွှေအိမ်ကိုသိကြားနှင့်တကွ နတ်နဂါးဘီလူး အပေါင်းစီရင်ကုန်၏။ ထိုအခါ အချင်းယူဇနာသုံးထောင် အဝန်းယူဇနာကိုးရာအမြင့် ယူဇနာငါးရာမြင့်သော ဟိမဝန္တာတ
၈၄မျီ (ဝမ်း)မရှိ အတူတူခြည်းတည်း အထက်ဆုံးသတ္ထမတိုက်တွင် ကက္ကုသန်ဘုရားရွှေအိမ်၊ ဆဌတိုက်တွင် ဂေါဏဂုံ မြတ်စွာဘုရား၏ ရွှေအိမ် ပဥ္စမတိုက်တွင် ကဿပမြတ်စွာဘုရားရွှေအိမ် စတုတ္ထတိုက်တွင် နိသိတိုင်ထား သော ငါတို့မြတ်စွာဘုရားရွှေအိမ် တတိယတိုက်တွင် ရတနာညောင်စောင်းနှစ်ခုခင်း၏။ ထိုညေ
၈၅မျီ (ကျော)ခင်းထားအပ်သော အလျားယူဇနာခြောက်ဆယ် အနံယူဇနာငါးဆယ် ထုတစ်ဆယ့်ငါးယူဇနာရှိသော ပဏ္ဍုကမ္ပလာကျောက်ဖျာ၏ အရှေ့ခတွန်၌ရှိသော အလျား အနံ အတောင်လေးဆယ် ထုအတောင် နှစ်ဆယ်အတွင်းကား လယ်ခေါင်ရမ်းပန်းအဆင်း ပြင်၌ကား ဣန္ဒနီလာကျောက်အဆင်းရှိသော ကျောက် ကို ယာမနတ်မင်းဆောင်ယူ၍လာ၏။ ထိ
၈၆မျု (ဝမ်း)ကုန်၏။ ရတနာတံခွန်၊ ရတနာတန်ဆောင်၊ ရတနာပြဿဒ်၊ ရတနာပန်းခိုင် တို့ကိုစိုက်၏။ သမ္ဘူလလည်း ဥဏ္ဏလုံမွေရှင်တစ်ချောင်း၊ သုပုပ္ပီကံမွေရှင်တော်တစ်ချောင်း ထိုနှစ်ချောင်း ထိုနှစ်ချောင်းတို့ကို ပလ္လင်ပေါ်တွင် ကြုတ်နှစ်ခုနှင့်ထား၏။ ဝေသာမိတ္တ၊ ဣဒ္ဓိမန္တ၊ ဝေသာဂီရိ ထိုသုံးယ
၈၇မျု (ကျော)ရွှေပြဿဒ်၊ ငွေပြဿဒ်၊ ပတ္တမြားပြဿဒ်၊ ရွှေပန်း၊ ငွေပန်း၊ ပတ္တမြားပန်းတို့ဖြင့်လည်းကောင်း ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်၊ ပတ္တမြားပေါက်ပေါက်တို့ဖြင့်လည်းကောင်း ကြဲဖြန့်ကုန်၏။ ဧရာပထ နဂါးမင်းလည်း မိမိလည်းဝတ်ဆင်သော အလုံးစုံသော ဣစ္ဆာသယအလိုကို ပေးတတ်ပေသော မနောမယ ပ
၈၈မျူ (ဝမ်း)စီအဆင်းရှိ၏။ ပြင်ပိန္နဲဆူး လက်ပံဆူးတို့ကဲ့သို့ အဆူးတစ်ထောင် လက်ရှစ်သစ်ရှိ၏။ ထိုကျောက်ဖျာလေးချပ် ကို ဝိရူပက္ခနဂါးမင်း၊ ဧရာပထ နဂါးမင်း၊ ဆဗျာဗုဒ္ဓနဂါးမင်း၊ ဂဏှာဂေါတမနဂါးမင်း လေးယောက်တို့သည် စကြဝဠာတောင်၌ အသုရာပြည်တို့၌လည်းကောင်း ဆောင်ယူကြလေ၍ ပြင်ထပ်အလျားအတောင
၈၉မျူ (ကျော)ငါးရာသော ဆင်းတုတော် ပစ္စေကဗုဒ္ဓါငါးရာ သတ္တဌာနံနေတော်မူဟန် ပဉ္စဝဂ္ဂီငါးယောက်တို့အား ဓမ္မစကြာ ဟောတော်မူဟန် ဖွားတော်မူသည့်နေ့မှစ၍ ဘုရားဖြစ်တော်မူသည့်တိုင်အောင်ရှိ၏။ ပဌမတိုက်၌ လေးခန်း ထားသည် သတ္တဌာနတစ်ခန်း၊ ပစ္စေကဗုဒ္ဓာငါးရာတစ်ခန်း၊ ဖွားတော်မူသည်မှစ၍ ဓမ္မစကြာ
၉၀မျေ (ဝမ်း)မဟာရာဇ်နတ်မင်းကြီးလည်း ဟရမည်သောနတ်မင်း၊ ဟရဟရိယမည်သောနတ်မင်း၊ ပါပမည်သောနတ်မင်း၊ မိင်္ဂလမည်သောနတ်မင်း၊ ထိုနတ်မင်းလေးယောက်တို့ကို၊ မိမိကိုယ်စား နဂါးဂဠုန်တစ်သိန်းစီနှင့် အနောက် အရပ်က စောင့်စေကုန်၏။ ကုဝေရဟူသောအမည်၊ ဝေသဝဏ္ဏဟူသောအမည်၊ နှစ်ပါးကိုရသော လောကပါလ စတု