<<  ရှေ့သို့

ပြကွက်(၉)တွင် ပြသထားသောပစ္စည်းများ



ကျမ်းအမည် ရွှေဆံတော်သမိုင်း
ကျမ်းပြုသူ ဆရာတော်ဦးမေဓါရေးသားပြုစုသည်
ကျမ်းပြီးနှစ် သာသနာတော်နှစ် (၂၃၈၉ ခုနှစ်)၊တပေါင်းလပြည့်ကျော်(၈)ရက်
ပေအမျိုးအစား ပေကြမ်း
စာကြောင်းအရေအတွက် ၉ကြောင်း
စာမျက်နှာ (-)အင်္ဂါ(၈၇)ချပ်(က-ဝ)
အရွယ်အစား ၅၀x၆စင်တီ
တိုက်ပိုင်အမှတ် ၂၀၂၂/၂၁/၁
ကျမ်းစကား နမောတဿ ဘဂဝါတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ။လူသုမ္ပားတို့၏ ပတ္တမြားဥသျှောင်၊ ကြင်ဖြစ်တော်မူသောမြတ်စွာဘုရားသဉ်။

ပေစာတွင်ပါရှိသောအကြောင်းအရာများအားဘာသာပြန်ဆိုခြင်း


စဉ် အက္ခရာစဉ် ဘာသာပြန်ဆိုချက်
၁၃၁ရီ (ကျော)ခြောက်ကြိမ်သော၊ ဉပေါသထံ ဉပုသ်ကို၊ ဥပိဿေယျ သုံးရာ၏၊ ဗာဟီရကပန သာသနာတော် အပ၌ကား၊ ဧကမာသံ၊ တစ်လ၌၊ ဆဝါရိကပေါသထံ ခြောက်ကြိမ်သောဉပုသ်တို့ကို၊ ရက္ခေရာယျ သာသနာတွင်စောင့်ရှောက်ကုန်၏။ တိရစ္ဆာန်နာနဉ္စ တိရစ္ဆာန်တို့အားကား စတုဝါရိ လေးကြိမ်စီလျှင်၊ ရက္ခေယျ စောင့်ရှောက်က
၁၃၂ရု (ဝမ်း)သင်္ကန်းတော်၊ ကဿပဘုရား ခါးပန်းတော်တို့ကို ဌာပနာသည်ဟု စာတန်းရှိ၏။ ရှိအံ့လော၊ မရှိအံ့လောဟု ဆင်ခြင်သော်၊ မရှိ။ ဝေတပ္ပိုလ်ဗြဟ္မာတို့ဆောင်ယူ၍ ဗြဟ္မာပြည်၌ ရှိသည်ကို မြင်တော်မူ၏။ ဘုရားငါးဆူတို့ ပရိက္ခရာရှစ်ပါးတို့ကား ကမ္ဘာဦးက ကြာငါးခိုင်တွင် တစ်ပွင့် ပရိက္ခရာတစ်
၁၃၃ရု (ကျော)ဆွဲလျက်နေကြကုန်၏။ ရတနာသုံးပါးတို့၌လည်း မတုန်မလှုပ်ကြည်ညိုကုန်သည်ဖြစ်၍ တစ်နေ့ တစ်နေ့လျှင် တစ်သိန်းတစ်သိန်းသော ဉစ္စာတို့ကိုစွန့်၍ပေးကုန်၏။ ပဉ္စမီ၊ အဌမီ၊ စတုဒ္ဓသီ၊ ဝန္နရသီ ဉပုသ်တို့ကိုလည်း လဆန်းလဆုတ်အားထုတ်ကုန်၏။ ပကတိဉပုသ်၊ ပထိစာဂိရ၌ဉပုသ်၊ ပါဒီဟာ ရိဓာဉပုသ်တိ
၁၃၄ရူ (ဝမ်း)လေးဆူ၊ ငါးဆူ၊ ခြောက်ဆူ၊ ခုနစ်ဆူ၊ ရှစ်ဆူ၊ ကိုးဆူ၊ ဆယ်ဆူ၊ ဆယ့်တစ်ဆူ၊ ဆယ့်နှစ်ဆူဖြစ်၏။ ခြောက်သွယ်သောရောင်ခြည်တော်တို့သည် ထိုမှဤမှ ပြေးသွားကြကုန်၊ များစွာသော နတ်နဂါး ဘီလူးတို့ပူဇော်ကြကုန်၏။ မင်းလည်းပြည်တော်သို့ပြန်တော်မူ၏။ ဤအရပ်၌ သမိုင်းစာတွင် ဖွတ်မင်းဖြစ်သော
၁၃၅ရူ (ကျော)ဆံတော်တည်သော သုဒဿနဂီရိတောင်၌၊ ဆံတော်မွေရှင်တော်၊ နိသိတိုင်တော်၊ ဘုရားသုံးဆူတို့၏ ပရိက္ခရာတော်ရှိမှန်းကိုလည်းမသိ၊ လူအဆက်လည်းမမှီး၊ မြို့ရွာလည်းမရှိသေးဖြစ်၍ တိမ်မြုပ်၍ နေလေ၏။ တန်ခိုးကြီးသော နတ်နဂါး၊ ဂန္ဓပ္ပနတ်တို့သည်လျှင် ဓာတ်တော်တို့ကို ဖူးမြော်ရ၏။ သုဒဿနဂီ
၁၃၆ရေ (ဝမ်း)ဘုံတွင်ရှိ၏။ ကဿပမြတ်စွာဘုရား ခါးပန်းတော်သည် သုသကိဏ္ဏဘုံတွင်ရှိ၏။ ထိုဒုကုဋ်တော်၊ အံသကိုက်သင်္ကန်းတော်၊ ခါးပန်းတို့ကို သင်ဆောင်ယူချင်သလော ဟုဆို၏။ ညီတော်လည်း အားရှိ သောယောက်ျားသည် ခွေသောလက်ကိုဆန့်သကဲ့သို့၊ ဆန့်သောလက်ကိုခွေသကဲ့သို့ အဂ္ဂနိဌ ဗြဟ္မာ့ပြည်၌ ဗြဟ္မာ
၁၃၇ရေ (ကျော)ဆံတော်ဓာတ်လေးဆူ မွေရှင်တော်ဓာတ်ရှစ်ဆူ၊ ကကုသန်၊ ဂေါဏဂုံ၊ ကဿပ၊ ဂေါတမ ဘုရားလေးဆူတို့၏ ဒုကုဋ်တော်၊ အံသကိုက်သင်္ကန်းတော်၊ ခါးပန်းတော်၊ နိသိတိုင်တော်ထားသော ရွှေအိမ်လေးဆူတို့ကိုလည်း တန်ခိုးအားဖြင့်ထုတ်တော်မူ၏။ ထိုလေးဆူသော ရွှေအိမ်တို့တွင် သုံးဆူသော ဘုရားရှင်တို့
၁၃၈ရဲ (ဝမ်း)ကို၊ ဗြဟ္မာတို့ သုဓမ္မာဇရပ်အတွင်း၌ ဗြဟ္မာမင်းတို့နှင့် စကားပြောစဉ် လက်ဝဲဖက်ကို ရှည်အောင် ဖန်ဆင်းတော်မူ၍ စေတီကိုလှပ်၍ တိုက်နံရံကို ဖွင့်၍ယူ၏။ ဗြဟ္မာတို့လည်း ပူဇော်ခြင်းကိုပြု၏။ မထေရ်လည်း ခွေသောလက်ကို ဆန့်သကဲ့သို့ ပရိသတ်အလယ်၌ ဒုကုဋ်၊ အံသကိုက်၊ သင်္ကန်း၊ ခါး
၁၃၉ရဲ (ကျော)ငါတို့ အနှစ်ငါးထောင်မျှ ကိုးကွယ်လိုသည်၊ ငါ့အားအပ်ပေးလော့ဟုဆို၏။ ဝေဟပ္ပိုလ်ဗြဟ္မာကြီး တို့သည် ယူဇနာသုံးရာရှိသော မီးပုံကြီးကဲ့သို့ ရဲရဲပြောင်ပြောင်တောက်လောင် ဘနန်းရှိသော စေတီ ကြီးကိုတည်၏။ အလျားအနံထု သုံးယူဇနာရှိသော တိုက်နံရံအတွင်း၌ထား၏။ ဗြဟ္မာတို့လည်း သင်ရလ
၁၄၀ရော (ဝမ်း)ထိုသည်။ အချင်းချင်းထိခိုက်ကြလျက် သည်းစွာသော အသံတို့ထွက်ကုန်၏။ အခိုးအလျှံလည်း ကောင်းကင်သို့ တက်ကြကုန်၏။ မြေကြီးတို့သည် ကွဲပြိုသကဲ့သို့ ဖြိုးဖြိုးဖျစ်ဖျစ် ပဲ့တင်ထပ်လျက် မြည်ကုန်၏။ ကြီးစွာသော မုန်တိုင်းလေပြင်းဖြစ်ကုန်၏။ ကြီးစွာသော အာကာ၊ လမေဂဓ ဖြစ်၍ ရွာကုန်၏။