Toggle navigation
ပင်မစာမျက်နှာ
သမိုင်း
စွယ်တော်
ထင်ရှားသောနေရာများ
ပဌမံဘိုးဘိုးအောင်
ပြတိုက်
ပွဲတော်များ
ဖူးမြော်ရန်လမ်းညွှန်
ဓါတ်ပုံများ
ဆက်သွယ်လှူဒါန်းရန်
<< ရှေ့သို့
ပြကွက်(၉)တွင် ပြသထားသောပစ္စည်းများ
ကျမ်းအမည်
ရွှေဆံတော်သမိုင်း
ကျမ်းပြုသူ
ဆရာတော်ဦးမေဓါရေးသားပြုစုသည်
ကျမ်းပြီးနှစ်
သာသနာတော်နှစ် (၂၃၈၉ ခုနှစ်)၊တပေါင်းလပြည့်ကျော်(၈)ရက်
ပေအမျိုးအစား
ပေကြမ်း
စာကြောင်းအရေအတွက်
၉ကြောင်း
စာမျက်နှာ
(-)အင်္ဂါ(၈၇)ချပ်(က-ဝ)
အရွယ်အစား
၅၀x၆စင်တီ
တိုက်ပိုင်အမှတ်
၂၀၂၂/၂၁/၁
ကျမ်းစကား
နမောတဿ ဘဂဝါတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ။လူသုမ္ပားတို့၏ ပတ္တမြားဥသျှောင်၊ ကြင်ဖြစ်တော်မူသောမြတ်စွာဘုရားသဉ်။
ပေစာတွင်ပါရှိသောအကြောင်းအရာများအားဘာသာပြန်ဆိုခြင်း
စဉ်
အက္ခရာစဉ်
ဘာသာပြန်ဆိုချက်
၃၁
ခု (ကျော)
ဝင်တော်မှု၍၊ နတ်တို့သင်္ဂြိုလ်လေသည်ဟု နားတော်လျှောက်၏။ မင်းကြီးလည်း မဟုတ်သောစကားကို လျှောက်သည်ဟု နှလုံးမသာဖြစ်၍ ဆိတ်ဆိတ်နေတော်မူ၏။ အမတ်ဗိုလ်ပါတို့လည်း မင်းကြီးအမျက်တော် ထွက်လတ္တံ့သည်ကို ကြောက်သဖြင့်ထက်ဝယ် တောတစ်ထောင်ပြည်ရှိသော အဌဝီသ ၂ ကျိပ်ရှစ်ဆူသော ဘုရား
၃၂
ခေ (ဝမ်း)
ဘုရားဆုကိုရကြပါစေ။ ဤစာပန္နက်ထားရှိသည့်အတိုင်း မှတ်သားတိုက်တွန်းနှိုးဆော်ကြသည်ဖြစ်စေသော် သာသနာတော်စောင့်နတ်များတို့ သက္ကရာဇ် ၁၁၇၆ ခု အမရပူရရွှေပြည်ကို ရွှေထီးရွှေနန်းနှင့်တကွ သိမ်းမြန်းစံပယ်တော်မူသော ဘုရားသားတော် ပြည်စားအရှင်လက်ထက် ဘုရားဘိုးတော် အလောင်းမင်
၃၃
ခေ (ကျော)
ဦးတွင်။ မင်းလှော်ကားဘွဲ့ကို ခံသူငတိုးကြွယ်။ ရန်အောင်ကျော်ခေါင်ဘွဲ့ခံသူ လက်ယာသွေးသောက်ကြီး ငစံရာ၊ ရာန်အောင်ကျော်ထင်ဘွဲ့ခံသူ လက်ဝဲသွေးသောက်ကြီး ငထွေးတို့နှင့် လူပေါင်း ၁၆ သားတွင် ဖွားမြင်ပွားစီးသည့်လူများကို အမှုတော်ကိုယ်ရင့် မြန်မာခိုင်ခံ့တည်ကြည် လိုက်လံထမ
၃၄
ခဲ (ဝမ်း)
ဘုရားဂူကျောင်းတန်ဆောင်းဇရပ်မြို့၏အင်္ဂါ၊ ပစ္စင် ရင်တား၊ တံခါး၊ ကျုံးမြောင်း၊ နန်းမြို့နန်းရာ အကျယ် အကျဉ်း အကွာအဝေးများကို ဂဏန်းသင်္ချာပါသည့်အတိုင်း နောက်နောင် လူတို့အယူလွယ်ကာ သိစေခြင်းငှာ ဆိုခဲ့ပြီးသောစကားတွင် အရင်းပထမထား၍ ရသေ့မြို့ အနောက်မြောက်တောင်ဘုရား
၃၅
ခဲ (ကျော)
၂၊ ၁၊ ငှက်မနားလက်သစ်အရှည် ၂ိ ၄ိ၊ ဗြက် ၁ိ ၄ိ၊ ၁၂၀၀ ပြည့်၊ တန်ခူးလဆန်း ၂ ရက်နေ့ ညတစ်ချက်တီးကျော်အချိန်တွင် မြေငလျင်ပြင်းစွာလှုပ်၍ ဇွန်းရိုး ၂ ဘုံ၊ အထက် ၃ ဘုံတွင် ငှက်မနားပါ သံတိုင် ၂၁ိ၄ိ ကကျိုးပြီးလျှင် စေတီတော်အထက်ပစ္စယံပေါ်တွင် သက်သည်၊ စေတီတော်မှာ အရှေ့ဘက
၃၆
ခေါ (ဝမ်း)
အကွာ တာ ၂၁၀ ဆိုခဲ့ပြီးသော ကျောက်မှာ အလယ်ကျောက်ကား မြေပေါ်အရပ် င်္၅၊ ဗြက်၎င်၊ ဒု ၁ိ၊ အရှေ့ကျောက်ကား မြေပေါ်အရပ် ၄င်၊ ဗြက် င်္၃၊ ဒု ၁ိ၊ အနောက်ကျောက်ကား မြေပေါ်အရပ် င်္၃၂ိ၊ ဗြက် င်္၃၊ ဒု ၁ိ၊ အနောက်ကျောက်ကာနှင့် အလယ်ကျောက်ကား အကြား င်္၁၊ အရှေ့ကျောက်ကာနှင့် အ
၃၇
ခေါ (ကျော)
၈၀၊ မုဌောဘုရားမြောက်၊ ဘုရားမာဘုရားနှင့် မုဌောဘုရားအကွာ တာ ၁၁၁၄၊ ရသေ့မြို့အရှေ့မြောက်၊ ဘုရားမာဘုရားနှင့် ရသေ့မြို့အကွာ တာ ၁၂၉၊ ဘုရားမာဘုရားအနောက် ဘုရားကြီးနှင့်ဘုရားမာအကွာ တာ ၁၅၀၀၊ ကျဉ်းကျယ်နီးဝေး၊ အရေးပုံမှာ သည်အတိုင်း မြို့ပြင်ဥပစာကို ဆိုဦးအံ့၊ ရသေ့မြို့
၃၈
ဗျ (ဝမ်း)
ကး။ လည်း ဧရာပထနဂါးမင်း အမှူးရှိသော နဂါးကုဋေတစ်သိန်း၊ သမ္ဘုလ္လ ဘီလူးအမှူးရှိသော ဘီလူးတစ်သိန်း၊ အဘီမုခဘီလူး အမှူးရှိသော ဘီလူးမတစ်သိန်း၊ ဝေသာမိတ္တဘီလူး၊ ဣဒ္ဓမန္တ၊ ဗေလုကန္တ ဘီလူး အမှူးရှိသော ဘီလူးသုံးထောင်၊ ဝေသာမိတ္တဘီလူး မယားဖြစ်သော စန္ဒမုခိ၊ ဣဒ္ဓိမန္တ ဘီလူး
၃၉
ဗျ (ကျော)
မင်းအဖြစ်၊ ယုန်မင်းအဖြစ်၊ ကြက်မင်းအဖြစ်၊ ဟင်္သာမင်းအဖြစ်တို့၌ ထိုသုဒဿဂီရိမည်သောတောင်၌ နေခဲ့ဖူးသည်ကို မြင်တော်မူ၍ နဂါးမင်း ဤနေ့မှစ၍ ငါးဆယ့်ကိုးရက် ရောက်လျှင် အဇ္ဇိက၊ ဖလိက ကုန်သည် ညီနောင်နှစ်ယောက် ရောက်လာလတ္တံ့။ ထိုသူနှစ်ယောက်တို့အား အပ်ပြီးလျှင် ထိုသူတို့န
၄၀
ဗျား (ဝမ်း)
မဂ္ဂသီထေသုစ၊ ပဉ္စသီတို့ထံ၌လည်ကောင်း၊ ပထိဌာပေတွာ၊ တည်စေ၍၊ သမ္ဘုလ္လ၊ ဝေသာမိတ္တ၊ ဣဒ္ဓိမန္တ၊ ဝေလုကန္တက္ခာ၊ သမ္ဘုလ္လနတ်၊ ဝေသာမိတ္တနတ်မင်း၊ ဣဒ္ဓိမန္တနတ်မင်း၊ ဝေလုကန္တနတ်မင်း၊ ဟုဆိုအပ်ကုန်သော၊ တေယက္ခာ၊ ထိုလေးယောက်သော တောင်စောင့်နတ် ဘီလူးတို့ကို၊ အဘိပုဇိတုံ၊ ပူဇေ
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
<<