<<  ရှေ့သို့

ပြကွက်(၉)တွင် ပြသထားသောပစ္စည်းများ



ကျမ်းအမည် ရွှေဆံတော်သမိုင်း
ကျမ်းပြုသူ ဆရာတော်ဦးမေဓါရေးသားပြုစုသည်
ကျမ်းပြီးနှစ် သာသနာတော်နှစ် (၂၃၈၉ ခုနှစ်)၊တပေါင်းလပြည့်ကျော်(၈)ရက်
ပေအမျိုးအစား ပေကြမ်း
စာကြောင်းအရေအတွက် ၉ကြောင်း
စာမျက်နှာ (-)အင်္ဂါ(၈၇)ချပ်(က-ဝ)
အရွယ်အစား ၅၀x၆စင်တီ
တိုက်ပိုင်အမှတ် ၂၀၂၂/၂၁/၁
ကျမ်းစကား နမောတဿ ဘဂဝါတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ။လူသုမ္ပားတို့၏ ပတ္တမြားဥသျှောင်၊ ကြင်ဖြစ်တော်မူသောမြတ်စွာဘုရားသဉ်။

ပေစာတွင်ပါရှိသောအကြောင်းအရာများအားဘာသာပြန်ဆိုခြင်း


စဉ် အက္ခရာစဉ် ဘာသာပြန်ဆိုချက်
၁၁၁ယျု (ကျော)ကြည့်လတ်သော် သတို့သမီးငယ်ကိုမြင်၍ ကောက်ယူပြီးလျှင် ငါ၏သမီးဖြစ်လျှင်မူ ငါ၏လက်ညိုး၌ နို့ရည် ထွက်စေသတည်းဟု သစ္စာဓိဌာန်ပြု၏၊ လက်ညိုးကိုစောင်းသည်ရှိသော် လက်ညိုး၌ နို့ရည်ထွက်၏၊ ခွက်ငယ်ဖြင့်ခံယူပြီးလျှင် သတို့သမီးငယ်ကိုမွေးပြုခြင်းကိုပြု၏၊ တကောင်းပြည်ကိုအစိုးရသေ
၁၁၂ယျူ (ဝမ်း)အလွန်သာယာသည်ဖြစ်၍လည်ကောင်း အလွန်ချမ်းအေးသောအရိပ်ရှိသည်ဖြစ်၍လည်းကောင်း တောင့်တ လာသော လေညင်းကိုခံကုန်လျက် အိပ်ခြင်းနေခြင်းကိုပြုကြကုန်၏ နာဂရူပအိုင်၌လည်း ဆင်မြင်းလူသူ အပေါင်းတို့သည် ဆင်းကြ၍ ချိုးကုန်သောက်ကုန်၏၊ ကြာရိုးကြာသွယ်တို့ကိုလည်း နှုတ်ချိုး၍ကစားကုန်၏၊
၁၁၃ယျူ (ကျော)တကောင်းပြည်သို့ပြန်လိုလတ်သော် ငါ့သားတော်တကောင်းပြည်သို့ပြန်လတ်ကြသော် လမ်းတွင် သုံးယူဇနာ မြင့်သော ဂေါမိဿကတောင်၊ ဇေသလာဂီရိတောင်၊ မောရာဂီရိတောင်ဟူ၍ တောင်ထွတ်သုံးခုသို့တက်၍ သွားရလတ္တံ့ ထို ဂေါမိဿကတောင်ထိပ်၌ နိဂြောဓ မဟာရုက္ခ အမည်ရှိသော ပညောင်ပင်သည် ရှိသတတ်၊ ထိ
၁၁၄ယျေ (ဝမ်း)တောကြီးထဲတွင် တစ်ယောက်အထီးတည်းနေရလေ၏၊ မင်းသမီးတစ်ယောက်အထီးတည်း တောကြီး၌ လင်လည်းသေ မိုးလည်းစွေသောအခါ ပန်းတော၌ သားတော်ဖွားပြန်ခဲ့၏ မိုးစွေသောအခါ ပန်းတော၌ ဖွားသည်ကိုအကြောင်းပြု၍ ပုပ္ပဒေဝသတို့သားဟု သားတော်ကို ရွှေဘွဲ့ပေးတော်မူ၏၊ တရံရောအခါ သားကို ရင်၌ တဘက်နှင
၁၁၅ယျေ (ကျော)တို့ကိုဘီလူးစားကုန်၏ ဘီလူးနဂါးတို့လည်း မင်းသားမင်းသမီး အကောင်ကို မတွေ့သော် ခြေရာအစဉ် အတိုင်း ပညောင်ပင်သို့လိုက်ကြကုန်၏၊ ပညောင်စောင့်နတ်အား တောင်းကြကုန်၏ ဘီလူးခြေရာ နှစ်ခုတို့ သည် ဤညောင်ပင်ရင်း၌ ပျောက်၏၊ ထိုသူတို့ကို အရှင်နတ်မင်းပေးအပ်ရမည်ဟု ဘီလူးနဂါးတို့
၁၁၆ယျဲး (ဝမ်း)လျှက်နှင့်ခုတ်၍ အမြီးပြားသာရလိုက်၏။ သည်ကြွင်းသောနဂါးတို့မှာ သေ၍ကုန်လေပြီ။ ဘီလူးတို့လည်း ကြောက်ရွံ၍ ပြေးလေကုန်ပြီ။ အချို့လည်းသေလေကုန်၏ဟု မယ်တော်အားပြော၏။ နဂါးမီးတို့လည်း ထိုအကြောင်းကိုသိလတ်သော် ဖိန့်ဖိန့်တုန်လျက် ကြောက်ရွံ၏။ မင်းသားကျောင်းသို့သွားသောအခါမှ
၁၁၇ယျဲး (ကျော)ကြား၏။ မယ်တော်ငါသည် ဘီလူးနဂါးတို့ကိုနိုင်ဆေးမန္တရားတို့ကို ငါတတ်ပြီ။ ငါ့ဘ ငါ့မိကြီး ငါ့ဘကြီးတို့ကို သတ်သောနဂါးထီးတို့ကို ငါသတ်အံ့ဟုဆို၏။ မယ်တော်လည်းမသွားလေ မသတ်လေနှင့်ဟု အကြိမ်ကြိမ် မြစ်တားသော်လည်းမနိုင်သည်ဖြစ်၍ နာဂရုဝအိုင်တွင်ရေချိူးခြင်း အံဒကုလှိုဏ်တွင်
၁၁၈ယျော (ဝမ်း)မယ်တော်တို့မသိရအောင်သွား၍ ကြာသုံးမျိုး၊ တောင်ကြားရေ၊ တောင်ထိပ်မီး၊ ညောင်ရွက်၊ နဂါးပြွက်တို့ကို ဆောင်ယူသော်လည်း၊ တစ်စုံတစ်ခုမျှ အနရာယ်မရှိ၊ အလုံးစုံကိုရလေ၏။ ရသေ့ပေးသော နတ်ဆေး အနည်းငယ်ဖြင့်၊ ဖက်၍ကြိတ်လတ်သော်၊ သာ၍ပင် ရှေ့ထက်ဘုန်းတန်ခိုးကြီးခြင်း၊ ဣစ္ဆာသယ အလ
၁၁၉ယျော (ကျော)ထိုဒဒွိနာဂတောင်သည် သံလိုက်ရှိ၏၊ တောင်ချင်းကြိတ်၏၊ ခွတ်၏ အတွင်းမှ ရေအိုးရှိ၏၊ ကျေးငှက်မှ မလွတ်ရ၊ အတွင်းသို့ဝင်လျှင် ကြိတ်မိ၍ သေ၏၊ အဂ္ဂိသေလာမည်သောတောင်၌ တောင်ထွတ်ဖျား၌ မီးတောက်ရှိ၏၊ လျှပ်ရှိ၏။ အဂ္ဂိဝါရနတ်ဘီလူးစောင့်၏။ မီးကိုယူလျှင်ဘီလူးစား၏၊ ဒေဝရက္ခနိဂြောဓ
၁၂၀ယျော် (ဝမ်း)လည်း ခုနှစ်ရက်မျှသာ ကြာကုန်၏။ ယောကျာ်းပေါင်းများစွာ သေကုန်၏။ မင်းလုပ်လိုသောသူ မရှိကုန်။ လုပ်လိုညားသော်လည်း ဆွေမျိုးတို့ တားဖျက်ကြလေကုန်၏။ ထိုအခါ သာကီဝင်မင်းရိုး ဇနသိဒ္ဓိလုလင်သည် ဂန္ဓာလရာဇ်တိုင်း တက္ကသိုလ်ပြည်မှ အတတ်ပညာသင်၍လာ၏။ ထိုဇနသိဒ္ဓိလုလင်သည် သာကီဝင်