<<  ရှေ့သို့

ပြကွက်(၉)တွင် ပြသထားသောပစ္စည်းများ



ကျမ်းအမည် ရွှေဆံတော်သမိုင်း
ကျမ်းပြုသူ ဆရာတော်ဦးမေဓါရေးသားပြုစုသည်
ကျမ်းပြီးနှစ် သာသနာတော်နှစ် (၂၃၈၉ ခုနှစ်)၊တပေါင်းလပြည့်ကျော်(၈)ရက်
ပေအမျိုးအစား ပေကြမ်း
စာကြောင်းအရေအတွက် ၉ကြောင်း
စာမျက်နှာ (-)အင်္ဂါ(၈၇)ချပ်(က-ဝ)
အရွယ်အစား ၅၀x၆စင်တီ
တိုက်ပိုင်အမှတ် ၂၀၂၂/၂၁/၁
ကျမ်းစကား နမောတဿ ဘဂဝါတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ။လူသုမ္ပားတို့၏ ပတ္တမြားဥသျှောင်၊ ကြင်ဖြစ်တော်မူသောမြတ်စွာဘုရားသဉ်။

ပေစာတွင်ပါရှိသောအကြောင်းအရာများအားဘာသာပြန်ဆိုခြင်း


စဉ် အက္ခရာစဉ် ဘာသာပြန်ဆိုချက်
၇၁ဘျဲ (ကျော)သောရတနာသည် အလွန်မြတ်၏။ ထို့ကြောင့် ငါသည် သိကြားမင်း၌ ဆံတော်ထည့်၍ ကြုတ်ကို ငါသွား၍ တောင်းချေအံ့ ဟုအကြံဖြစ်၏။ ထိုအခါ သိကြားမင်း၏နေရာ ကမ္ပလာကျောက်ဖျာသည် တုန်လှုပ်ခြင်း၊ ပူးခြင်းသို့ရောက်ကုန်၏။ သိကြားမင်းသည် ထိုအကြောင်းကိုဆင်ခြင်လတ်သော် ဧရာပထ နဂါးမင်းသည် မြတ်
၇၂ဘျော (ဝမ်း)ထောင်စဉ်ခုနစ်ထပ်၊ သီတာခုနစ်တန်၊ အိုင်ကြီးခုနစ်အိုင်၊ ဂင်္ဂါငါးမည်၊ မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာတို့၌ ရှာကြကုန်၏။ အချို့သောနတ်နဂါးတို့သည်၊ သမုဒ္ဒရာလေးစင်းစကြဝဠာတောင်တိုင်အောင် ရှာကြကုန်၏။ ထိုသို့ ရှာဖွေကြ၍မရသည်ရှိသော်၊ ညှိုးငယ်ပင်ပန်းနွမ်းခွေလျက်၊ မိန်မှိ
၇၃ဘျော (ကျော)ပြန့်ပွားတော်မူပေသနည်းဟုလျှောက်မေးလေသော်၊ ငါသည် မြတ်စွာဘုရား၏ ဆံတော်ဓာတ် လေးဆူတို့ကို တည်သွင်းရန်ကြုတ်ခုနှစ်လုံးတို့ကို၊ ဧရာဝနဂါးမင်းအားသွား၍ ပေးအပ်ချေသည်။ ဆံတော်ဓာတ်မြတ်ကို လည်း ပူဇော်ဖူးမျှော်ခဲ့သည်ဟု မိန့်တော်မူလျှင် အကျွန်ုပ်တို့သည်လည်း ရှိခိုးပူဇော်ဖ
၇၄ဘျော် (ဝမ်း)ကြကုန်၏။ ထိုအကြောင်းအရာများကို အကျယ်သိလိုကုန်သော သူတို့သည် ယတုပ္ပတ္ထိကျမ်းကို ကြည့်ကုန်ရာ၏။ အကျယ်ကို ယထုဗ္ဗတ္ထိကျမ်းတွင် ဆိုသည်။ ထိုအခါ အတိပစ္စယ ရမ္မာဝတီမြို့သား အဇ္ဇိက ဖလိက ကုန်သည်ညီနောက်နှစ်ယောက်တို့သည် သင်္ဘောတစ်ယောက်တစ်စင်းစီစီး၍ ဒါဝါနိစ္စဂါမယောနုက တိ
၇၅ဘျော် (ကျော)ပဏ္ဍုကဗ္မလာကျောက်ဖျာအပြင်၌ လူ၏အရေအတွက် အစနှစ်ရက်နတ်တို့ပူဇော်အထူးကို ခံတော်မူပြီးလျှင် အလိုအလျှောက်ကြွတော်မူ၍ သင်္ဂသနဂိုရ်ပြည်သို့သက်တော်မူရာ စောင်းတန်းဦးတည်လတ္တံ့သောနေရာ၌ အထက်ကောင်းကင် ထန်းခုနှစ်ဆင့်မြင့်သောနေရာ၌ ထုအတွက်ခုနှစ်ရက်တိုင်တိုင် နေတော်မူ၏။ နတ်
၇၆ဘျံ (ဝမ်း)အချင်းတို့ သာသနာတော်ကိုချီးပင့်သင့်သော၊ သာသနာဒါယကာဖြစ်ပေလျှင်၊ ဆံတော်ဓာတ်မြတ်သည်၊ သင်တို့ရွှေပန်းတောင်း၌နားလတ္တံ့၊ သင်တို့ ဓိဋ္ဌာန် သစ္စာပြုလေလော့ဟု၊ ဆိုကြကုန်၏။ ညီနောင် နှစ်ယောက်တို့သည်၊ ရွှေပန်းတောင်းကိုယ်စီရွက်ပြီးလျှင်၊ အောက်ကနေ၍ရှိခိုးလျက် လျှောက်တေ
၇၇ဘျံ (ကျော)ငါးယောက်သော အဆွေခင်ပွန်းတို့သည်၊ လူမင်း၏အသွင်သို့ဖန်ဆင်းပြီးလျှင်၊ မေးလှာကြကုန်၏။ သင်တို့၏အမည်သည်၊ အသို့ခေါ်ဝေါ်ကြကုန်သနည်းဟု မေးလတ်ကြလတ်သော် အကျွန်ုပ်တို့၏၊ အမည်သည်၊ အဇ္ဇိက ဖလိကဟုဆိုကြကုန်၏။ အချင်းတို့၊ ထိုသို့တပြီးတကား၊ မြတ်စွာဘုရား ဆံတော် ဓာတ်လေးဆူတို့
၇၈မျါ (ဝမ်း)ဧရာပထ နဂါးမင်းအား ဆံတော်ဓာတ်မြတ်ကိုပေးပြီးလျှင် အဇ္ဇိက ဖလိက တို့အားအပ်ပေးပြီးလျှင် သုဒဿနဂီရိကုန်း၌ တည်လေလော့ဟု မိန့်တော်မူခြင်းသည်ကား ထိုအဇ္ဇိက ဖလိက ညီနောင်တို့သည် နောင်သောအခါ သာသနာတော်တစ်ရာတစ်ဆယ့်ခြောက်နှစ်မြောက်အခါ သီရိခေတ္တရာမတိုင်း ဧဿိနဂရ ပြည်ကြီးကို
၇၉မျါ (ကျော)သတ္တဝါအပေါင်းတို့သည် အဘုသအစ္ဆရိယံ စသည်ဖြင့်ချီးမွမ်းအံ့ဩကြကုန်၏။ အချင်းတို့ အဝိညာဏက ဖြစ်သော ဆံတော်ဓာတ်သည် အံ့ဩချီးမွမ်း၍ မကုန်နိုင်ရာ၊ သိဝိညာဏကဖြစ်သော ကိုယ်တော်မြတ်ဖြစ်လျှင် မူ အဘယ် ဆိုဖွယ်ရာရှိအံ့နည်းဟု ချီးမွမ်းထောပနာကုန်၏။ ထိုအခါ ဧရာပထ နဂါးမင်း၊ သမ္ဘုလ
၈၀များ (ဝမ်း)ထေရ်၏တရားကိုနာရသဖြင့် ရဟန္တာနှစ်သောင်းဖြစ်၏။ ဝါနိစ္စဂါမ၊ ယောနကတိုင်းဟူသည်ကား ရှေးအမည်‌ ဟောင်းတည်း။ မြတ်စွာဘုရားကြွတော်မူသည်မှစ၍ ကောင်းသောအကျင့်အကြံရှိသည်ကို အကြောင်းပြု၍ သုနာပရန္တတိုင်းတွင်၏။ သီရိခေတ္တရသေ့ မြေးမြစ်သော၊ ရသေ့နှစ်သောင်းလက်ထက် မြတ်စွာဘုရား၊ ပ