<<  ရှေ့သို့

ပြကွက်(၉)တွင် ပြသထားသောပစ္စည်းများ



ကျမ်းအမည် ရွှေဆံတော်သမိုင်း
ကျမ်းပြုသူ ဆရာတော်ဦးမေဓါရေးသားပြုစုသည်
ကျမ်းပြီးနှစ် သာသနာတော်နှစ် (၂၃၈၉ ခုနှစ်)၊တပေါင်းလပြည့်ကျော်(၈)ရက်
ပေအမျိုးအစား ပေကြမ်း
စာကြောင်းအရေအတွက် ၉ကြောင်း
စာမျက်နှာ (-)အင်္ဂါ(၈၇)ချပ်(က-ဝ)
အရွယ်အစား ၅၀x၆စင်တီ
တိုက်ပိုင်အမှတ် ၂၀၂၂/၂၁/၁
ကျမ်းစကား နမောတဿ ဘဂဝါတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ။လူသုမ္ပားတို့၏ ပတ္တမြားဥသျှောင်၊ ကြင်ဖြစ်တော်မူသောမြတ်စွာဘုရားသဉ်။

ပေစာတွင်ပါရှိသောအကြောင်းအရာများအားဘာသာပြန်ဆိုခြင်း


စဉ် အက္ခရာစဉ် ဘာသာပြန်ဆိုချက်
၁၄၁ရော (ကျော)ပြည်သူပြည်သားတို့လည်း အထူးထူးသော ပူဇော်သက္ကာရကို ပြုကြကုန်၏။ ဣဿိနာဂရပြည် အလုံး သည် ထီးတန်း ကုက္ကား မလေး ကြက်လျှာ ပန်းပေါက်ပေါက် ရေချမ်းတို့ ရာဇမတ် ငှက်ပျောပင် ကြံပင် ဆီမီး သဲ မွေ့ရာ ပန်း စသည်တို့ဖြင့် ကြဲဖြန့်ကြကုန်၏ အခိုးနံ့သာပြောင်း နံ့သာခိုး နံ့သာမှုန့
၁၄၂လာျ (ဝမ်း)သုံးဆယ့်နှစ်ပါးသော ‌ယောကျ်ားမြတ်တို့ထက်၊ လက္ခဏာတော်ကြီးတို့ဖြင့်လည်းကောင်း၊ အသီယာနုဗျဉ္စနာ၊ ရှစ်ဆယ်သော လက္ခဏာငယ်တို့ဖြင့် လည်းကောင်း၊ သမ္ပန္နရသီမိယာ၊ ခြောက်သွယ်သောရောင်ခြည်တော် တို့ဖြင့် လည်းကောင်း၊ နဘုတ္ထရဝရစက္ကံ၊ တရားရှစ်ကွက်စက်လက္ခဏာတို့ဖြင့်လည်းကောင်း
၁၄၃လာျ (ကျော)ဖြတ် ထွက်လတ်သော လျှင်မဲနယ်ရောင်ကဲ့သို့ သမန္တာ၊ ထက်ဝန်းကျင်မှ သမ္ပဇ္ဇလိတံ၊ ထိုမှ ဤထွန်းတောက် ပသော ရောင်ခြည်တော်တို့ဖြင့် နိက္ခမိတွာ၊ ထွက်ပြေးလေ၍၊ ဂန္တာနိ၊ ထိုငယ်တော်တို့ကို၊ ပဒက္ခိဏ၊ လက်ျာရစ်လှည့်သည်ကို၊ ကတွာ၊ ပြု၍၊ သဗ္ပံ၊ အလုံးစုံသော ကိုယ်တော်ကို ပရိတ္တေတ
၁၄၄လား (ဝမ်း)ပိုလျှံသည်၊ ထိုစကားတို့ကို၊ ညှိနှိုင်း၍၊ မကျဉ်းလွန်း၊ မကျယ်လွန်း၊ သူတော်ကောင်းတို့ မှတ်နာစေခြင်းငှာ၊ စီရင်ထားသည်။ အပဿာနံဝါ၊ ပသာဒါယပဿာနံဝါဘိ၊ ယောတာဝါရယ၊ ဝေပုလ္လာယ၊ ဟူ၍ ပါရာဇိကံ၊ ပါဠိတော်လာသည်နှင့်အညီ၊ မကြည်ညိုကုန်သော သူတို့ကို၊ ကြည်ညိုစေခြင်းငှာ၊ ကြည်ညိုပြ
၁၄၅လား (ကျော)ဗုဒ္ဓကာလေ၊ ဗောဓိသတ္တကာလမှိ ဇာတံဣထိအယံ၊ ပရိဟာယော၊ တောအာစရိယံ၊ အို့ဆရာ၊ စူဠာမုနိယဉ္စ၊ စူဠာမုနိစေတီလည်းကောင်း၊ ဒုဿစေတီယဉ္စ၊ ဒုဿစေတီလည်းကောင်း၊ ဣမေဒွေစေတီယေ၊ ဤနှစ်ဆူသော စေတီတော်မြတ်တို့သည်၊ ပဌမဒုထိယံ၊ ပဌမစေတီ၊ ဒုတိယစေတီဟူ၍ ဝုတ္ထံနနု၊ ဟောတော်မူသည် မဟုတ်တုံ လော
၁၄၆လီ (ဝမ်း)ကြွတော်မူ၍ သာသနာအနုသာအားဖြင့် လုပ်ကျွေးထိုက်သော သတ္တဝါတို့ကို ဆုံးမသည်ကို အကြောင်းပြု၍၊ အမည်ဟောင်းအမည်သစ်တို့ကို စွန့်၍၊ တစ်ပါးသော အမည်ဖြစ်သည်ကို အကြောင်းပြု၍၊ အပရန္တတိုင်းဟု တွင်၏၊ မဟာသုဒဿနသုတ်၊ မဟာသတိပဌာန်သုတ်၊ အဌကထာ၌၊ အပရန္တတိုင်းစမ္ပာဟု ဆိုသည်။ သုဒဿနစ
၁၄၇လီ (ကျော)မင်းပြိုင်၏၊ ဤကားမင်းပြိုင်၊ တတိယသင်္ဂါယနာတင်ပြီးနောက်၊ အသီးသီးဇဗ္မူဒိပ်ကျွန်း၌၊ သာသနာ မထင်ရှား၊ မထွန်းပ၊ ရှေး၌ ထွန်းပ၏၊ နောက်၌ မထွန်းပြသောအရပ်ဟု ဆိုအပ်သော၊ ကိုးတိုင်းတိုင် ထိုဌာန သာသနာပြု အသစ်လွှတ်တော်မူကုန်သည်။ မဇ္ဇန္တိကမထေရ်ကို ကသိရဂန္ဓာရတို့သို့ လွှတ်
၁၄၈လု (ဝမ်း)ဗေါဗေါ၊ ညေညေ၊ ဆေးဆေး၊ ယောယော၊ သောကျမာ၊ သရမ္မာ၊ မြင်ပါဟု၊ မြသီးတံ၊ မြသိန်းတံ၊ ဤကိုးဆူတို့၌၊ ဓာတ်တော်တစ်ဆူစီ ဌာပနာသွင်း၍၊ တည်တော်မူ၏။ ဣဿိနဂရအရှေ့မြောက်၌၊ မင်္ဂလာစေတီဟု သမုတ်၍ တည်၏။ မြို့အနောက်မြောက်၌၊ မဟာစေတီဟု သမုတ်၍ တည်ကုန်၏။ မြို့အရှေ့တောင်ရာဇရတနာစေတီဟု
၁၄၉လု (ကျော)အရှင်မဟိန္နထေရ်ကို၊ သီဟနုဒီပ၊ လင်္ကာဒီပ၊ ထပ္ပနိဒီပ၊ ယာမဒီပဟု ဆိုအပ်သော၊ လေးပါးသော အမည်ရှိသော၊ သီဟိုဠ်ကျွန်းသို့ စေတော်မူ၏။ စေတော်မူငြားသော်လည်း၊ တစ်ပါးတည်းမဟုတ်၊ ငါးပါးစီ၊ ပဉ္စဝဂ္ဂီမြောက် အောင်၊ ကိုးတိုင်းကိုးဌာနလွှတ်တော်မူသည်။ ထိုအခါ၊ သရေခေတ္တရာမတိုင်း၌၊
၁၅၀လူ (ဝမ်း)သားတော် အဘယ်အရှင်မြတ်၏၊ ဓာတ်တော်နည်းဟု လျှောက်လတ်သော်၊ ခမည်းတော်မင်းကြီး၊ ဓာတ်တော် မဟုတ်၊ မွေတော်ရှင်တည်းဟု ဆို၏။ ငါ့သားတော်အရှင်ဘုရား၊ မွေတော်နှင့်၊ ဓာတ်တော်သည်၊ ပသို့တူပါ သနည်းဟု လျှောက်လတ်သော်၊ ခမည်းတော်မင်းကြီး နာတော်မူလော့။ မြတ်စွာဘုရားသည်၊ သက်တော် ရ