Toggle navigation
ပင်မစာမျက်နှာ
သမိုင်း
စွယ်တော်
ထင်ရှားသောနေရာများ
ပဌမံဘိုးဘိုးအောင်
ပြတိုက်
ပွဲတော်များ
ဖူးမြော်ရန်လမ်းညွှန်
ဓါတ်ပုံများ
ဆက်သွယ်လှူဒါန်းရန်
<< ရှေ့သို့
ပြကွက်(၉)တွင် ပြသထားသောပစ္စည်းများ
ကျမ်းအမည်
ရွှေဆံတော်သမိုင်း
ကျမ်းပြုသူ
ဆရာတော်ဦးမေဓါရေးသားပြုစုသည်
ကျမ်းပြီးနှစ်
သာသနာတော်နှစ် (၂၃၈၉ ခုနှစ်)၊တပေါင်းလပြည့်ကျော်(၈)ရက်
ပေအမျိုးအစား
ပေကြမ်း
စာကြောင်းအရေအတွက်
၉ကြောင်း
စာမျက်နှာ
(-)အင်္ဂါ(၈၇)ချပ်(က-ဝ)
အရွယ်အစား
၅၀x၆စင်တီ
တိုက်ပိုင်အမှတ်
၂၀၂၂/၂၁/၁
ကျမ်းစကား
နမောတဿ ဘဂဝါတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ။လူသုမ္ပားတို့၏ ပတ္တမြားဥသျှောင်၊ ကြင်ဖြစ်တော်မူသောမြတ်စွာဘုရားသဉ်။
ပေစာတွင်ပါရှိသောအကြောင်းအရာများအားဘာသာပြန်ဆိုခြင်း
စဉ်
အက္ခရာစဉ်
ဘာသာပြန်ဆိုချက်
၂၁
ကံ (ကျော)
နှာမြင်လျှင် အနိစ္စရောက်၍ ရှင်ရသေ့သမီး ပဲသီတာကို မိဖုရားအရာမြှောက်၏၊ သက္ကရာဇ် ၆၆ ခုနှစ်တွင် သန္ဓေစွဲ၍ ခုနှစ်လရှိလျှင် မဟာသမ္ဘဝ အနိစ္စရောက်၏။ ထိုမဟာသမ္ဘဝမင်းသားသည် အိမ်နိမ့် ၂၀၊ စည်းစိမ် ၆ နှစ်၊ နှစ်စု၊ နှစ်ဆယ့်ခြောက်နှစ်တွင် အနိစ္စရောက်၏။ နတ်တော် တနင်္လာ
၂၂
ခ (ဝမ်း)
ပါသည်ဟုပြောလျှင် အမတ်တို့မင်းကြီးကို လျှောက်ပေ၏၊ မင်းကြီးကြားတော်မူလျှင် ယခုတပေါင်းလပင် ဖြစ်သည်။ ယခုနေ့ပင် ဘိက္ခူနီမကျောင်းပါး၌ ဝတ်ဖြူစင်ကြယ်နှင့် သင်ဖြူးခင်း၍ ကမ္မဌာန်းဘာဝနာ စီးဖြန်းလျက် နားထောင်ပါ အမိန့်တော်ရှိလျှင် အမတ်တို့ (မင်းကြီးကို လျှောက်ပေ၏၊) စေ
၂၃
ခ (ကျော)
မင်းသီဟပတေ့သည် သရေ၄ချပ်ရာကို ပတ်လည်သေးလှအောင်လှီး၍ သရေ၄ချပ်ရာကို မြို့တည်၏။ ထို့ကြောင့် သရေအစဆိုသည်၊ ကျုံး၊ မြောင်း၊ ပစ္စင်၊ ရင်းတား၊ သူရဲခိုအစရှိသော မြို့၏အင်္ဂါခုနစ်ပါးကို လည်းကောင်း၊ ရတနာခုနစ်ပါးတို့ကိုလည်းကောင်း၊ တိုက်ခုနစ်တိုက်ကိုလည်းကောင်း၊ စီရင်တော
၂၄
ခါ (ဝမ်း)
တံခွန်ပြ၏ နတ်တော်ကြာသပတေးသားတည်း သာသနာတော်သက္ကရာဇ် ၅၈၃ ခု သော် ထိုမင်းညီတော် ဘေရိန္ဓမင်း ဖြစ်တော်မူ၏။ ထိုမင်းကား တက္ကသိုလ်ပြည်သို့ သွား၍ အတတ်ပညာသင်လေသောကြောင့် ဆေးဝါးမန္တရားဗေဒင်တတ်လှစွာ၏။ အိမ်နိမ့် ၂၄၊ စည်းစိမ် ၁၅၊ သက်တော် ၃၆ သော် အနိစ္စ ရောက်တော်မူ၏။ ရ
၂၅
ခါ (ကျော)
အပြီးတိုင်အောင်တက်တော်မူ၏၊ ဘုန်းတန်ခိုးအာနုဘော်ကြီး၏၊ ငြိမ်သက်ဆေးလေးတည်ကြည်တော်မူ၏၊ မင်းကျင့်တရားဆယ်ပါးနှင့်လည်း ပြည့်စုံတော်မူ၏။ ပြည်သူလူရဟန်းတို့အားလည်း ဝမ်းထွက်သားကဲ့သို့ သနားကြင်နာတော်မူ၏၊ အိမ်နိမ့် ၃၅၊ စည်းစိမ် ၁၅၊ သက်တော် ၅၀ သော် အနိစ္စရောက်တော်မူ၏။
၂၆
ခိ (ဝမ်း)
ကနန္ဓာအရပ်ကား ကျောက်စကားဟုတွင်၏။ ထိုအရပ်၌ သိကြားမင်း နတ်မင်းသည် မဟလ္လကပုဏ္ဏား အယောင်ဆောင်၍ ၆၂၂ ခုကို ဖြို၍ သက္ကရာဇ်တိုဒွေး ၂ ခုဟု ကျောက်ဖျာထက် သိကြားမင်းရေးခဲ့၏။ သီရိရာဇ်မင်း ဖြိုလေသည်ကား လက်လည်းမမြောက် ဖြိုကိန်းလည်း မသင့်သောကြောင့် သာသနာတော် အရေအတွက်သို့
၂၇
ခိ (ကျော)
မူ၏။ ရောက်လိုသော် မြို့ဝန်းကျင်ငလျင်လှုပ်၍ မြေကြီးအစိတ်စိတ်ကွဲ၏၊ ရေလည်းထွက်၏၊ နေနှင့်လလည်း တစ်လတည်းတွင် သရပကြပ်ကြပ်သွား၏၊ နတ်တော်စနေသားတည်း၊ သာသနာတော်သက္ကရာဇ် ၆၉ ခုသော် ထိုမင်းညီတော် တနုပင်ဖြစ်တော်မူ၏၊ အိမ်နိမ့် ၁၀၊ စည်းစိမ် ၁၊ သက်တော် ၁၁ သော် အနိစ္စ ရောက
၂၈
ခီ (ဝမ်း)
ဘုန်းကြီးသောအရှင် ဆင်မြင်းဗိုလ်ပါ ညောင်းညာကျပြီး နေပြည်တော်သို့ အလျင်ပြန်တော်မူလော့ဟု နားတော်လျှောက်ကြ၏။ မင်းကြီးလည်း ဤသို့မိန့်တော်မူ၏။ ငါသည် ဤဘုရားရှင် ရုပ်ထုတော်ကိုခွာ၍ သွားအံ့သော်ငှာမတတ်နိုင် ဤဘုရားရှင် ရုပ်ထုတော်ကို ရတနာဖောင်ကြီးစွာစီရင်၍ ဖောင်ထက်တင်
၂၉
ခီ (ကျော)
ကိုယ်တော်တည်း၊ သားတော်မျောက်ဖြစ်၍ပြေးခဲ့လျှင် နန်းတော်မှဆင်း၍ လိုက်လေ၏။ သားတော်ကို မြင်တော်မူသော် အလောင်းချစ်သား လာလော့ဟုမိန့်တော်မူ၏။ ထိုအရပ်ကို လောင်းသားချောင်းဟူ၍ ယခု တိုင်အောင်တွင်၏။ ထိုမင်းကား အိမ်နိမ့် ၁၉၊ စည်းစိမ် ၃၊ သက်တော် ၂၂ သော် အနိစ္စ ရောက်တော
၃၀
ခု (ဝမ်း)
၍သမုတ်တော်မူသောသိမ်ပေါင်း ၁၀ အရှင်သုမန၊ အရှင်ဗဒ္ဓ၊ ရဟန္တာ၊ ၎င်းအရှင်မြတ်နှစ်ပါး သမုတ်ပြုစုတော်မူသောသိမ် ရွှေသင်္ကန်းကြီးသိမ် သင်္ကန်းကြီးကုန်းတွင် ရှိ၏။ အရှင်သုမန၊ အရှင်ဘဒ္ဓိယ၊ ရဟန္တာ၊ ၎င်းအရှင်မြတ်နှစ်ပါး သမုတ်ပြုစုတော်မူသောသိမ် ရွှေသင်္ကန်းကြီးတောင် မဟာ
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
<<