<<  ရှေ့သို့

ပြကွက်(၉)တွင် ပြသထားသောပစ္စည်းများ



ကျမ်းအမည် ရွှေဆံတော်သမိုင်း
ကျမ်းပြုသူ ဆရာတော်ဦးမေဓါရေးသားပြုစုသည်
ကျမ်းပြီးနှစ် သာသနာတော်နှစ် (၂၃၈၉ ခုနှစ်)၊တပေါင်းလပြည့်ကျော်(၈)ရက်
ပေအမျိုးအစား ပေကြမ်း
စာကြောင်းအရေအတွက် ၉ကြောင်း
စာမျက်နှာ (-)အင်္ဂါ(၈၇)ချပ်(က-ဝ)
အရွယ်အစား ၅၀x၆စင်တီ
တိုက်ပိုင်အမှတ် ၂၀၂၂/၂၁/၁
ကျမ်းစကား နမောတဿ ဘဂဝါတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ။လူသုမ္ပားတို့၏ ပတ္တမြားဥသျှောင်၊ ကြင်ဖြစ်တော်မူသောမြတ်စွာဘုရားသဉ်။

ပေစာတွင်ပါရှိသောအကြောင်းအရာများအားဘာသာပြန်ဆိုခြင်း


စဉ် အက္ခရာစဉ် ဘာသာပြန်ဆိုချက်
၁၂၁ယျော် (ကျော)ရသေ့အား များစွာသောပူဇော်သက္ကာရပြု၍ သားအမိနှစ်ယောက် စစ်အင်္ဂါလေးပါးနှင့်တကွ ခမည်းတော် တကောင်းမင်းထံလာ၏။ ခမည်းတော်လည်းမသိသည်ဖြစ်၍ ထွက်၍စစ်ခံ၏။ သားအမိနှစ်ယောက်ဝင်၍ အလုံးစုံကိုပြောလတ်သော် သမီးကိုပိုက် မြေကိုဝန်းရံလျက်သာ အမိမြေးအဖိုးငိုကြွေးခြင်းကိုပြုကုန်၏။ တ
၁၂၂ယျံ (ဝမ်း)ညိ၍နေလေ၏။ နှုတ်၍ မရနိုင်ရှိ၏။ ဇနသိဒ္ဓိလုလင်သည် သံလျှက်ဖြင့် သုံးပိုင်းပိုင်း၍ နဂါးမီးတို့သေလေ၏။ ထိုအရာ၌ တကောင်းရာဇဝင်တွင် မင်းနှင့်မိဖုရားပုစ္ဆာ မေးကြဖွက်ကြသည်ဟု ဆို၏။ ထိုဇနသိဒ္ဓိလုလင်ကို သတိုးနဂါးဟုတွင်၏။ သတိုးရွှေမင်း၏ သားဝက်ကြီးကိုလိုက်သည်ကား သာသနာတော
၁၂၃ယျံ (ကျော)စီးခင် သုံးပြည်ထောင်ကိုပင်ဆိုသည် မင်းသားတို့၏ အတတ်တစ်ဆယ့်ရှစ်ပါးသောအတတ်တို့ကို တက္ကသိုလ် ဆရာထံသင်၍ အတတ်အပြီးသို့ရောက်လျှင် မိဘထံပြန်လတ်သော်၊ ရှေးကံစေသောနှိုးသဖြင့်၊ နတ်လှည့်ဖြား ၍ တကောင်းပြည်သို့ရောက်လေလျှင်၊ တကောင်းပြည်၌ မင်းလုပ်လိုလျှင်လုပ်လှည့်ဟု မြို့
၁၂၄ရ (ဝမ်း)လေဦးတော့ဆို၏၊ ဘီလူးမလည်း၊ ကာမဂုဏ်ကိုပေးပေတတ်သော နှစ်ယောက်သောသူတို့ နှင့် ကွေကွင်းသော် စိုးရိမ်ပူဆွေးငိုကြွေးလျက်၊ ကိုယ်ဝန်ကိုစောင့်ရှောက်ခြင်းငှာ မိဘတို့နေရာ (လင်္ကာဒီပသို့မသွားဘဲ၊ ဂုမ္ဘဝတီပြည်တွင် တောစိမ်းအရပ်၌ ရခုတောင်ဟုတွင်၏၊ ညောင်ကြပ်ပင် ကိုမှီ၍၊ ကိုယ
၁၂၅ရ (ကျော)အငယ်ဆုံး ဘတ္တာနုဝတီမင်းသမီးသည် အကျွန်ုပ်တို့၏ မယ်တော်တည်း။ ခမည်းတော် ဇနသိဒ္ဓိ အမည်ရှိသော သတိုးနဂါးနိုင်မင်းသည် အကျွန်ုပ်တို့၏အဘတည်း၊ ဘိုးတော် ရတ္ထာပူရ တကောင်း ပြည်ကိုအစိုးရသော တကောင်းမင်းကြီးဝင်္ဂရာဇ်မင်းကြီး၊ ဘွားတော်စန္ဒသီရိဒေဝီတည်း၊ ဘိုးတော် ရနတ္တပုရ တ
၁၂၆ရာ (ဝမ်း)ဆယ့်တစ်ရောက်လတ်သော် နတ်ရွာစံ၏။ သားတော်ဒွတ္တပေါင်မင်းသည် သာသနာတော် တစ်ရာ့တစ်ခုတွင် ဘိုးတော်ရသေ့နှှင့်တကွ ရသေ့နှစ်သောင်းတို့နှင့် သိကြား၊ နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ စန္ဒီ၊ ပရမီသွာရ စသောနတ်တို့နှင့်တကွ သီရိခေတ္တရာမတိုင်း ဣသိနဂရပြည်ကြီးကို ခုနှစ်ရက်နှင့် တည်၍ပြီ
၁၂၇ရာ (ကျော)ဆိုဘွယ်ရာမရှိ၊ ဆံထုံးတို့သည် အလုပ်အကြွေးမျှသာတည်း၊ ဇမ္ဗူဒိတ်တွင် ယောက်ျားရှားသမို့လား ဟုဆို၏။ အဘက်မရှိပါဟု ဆိုပြန်၏။ ငါ့တွင်လည်း တကောင်းပြည်က အိမ်ရှေ့လောင်းဖြစ်သော ငါ၏တူတော်နှစ်ယောက်တို့သည် ငါ့ထံလာရောက်သည်ဟု တူနှစ်ယောက်ကို ပြလေလျှင် နတ်လုလင်ကဲ့သို့ လှပတင့
၁၂၈ရိ (ဝမ်း)ဘုရားခွင့်ပေးတော်မမူသည်ဖြစ်၍ ရဟန်းမပြုအပ်ဟု ပယ်တော်မူ၏။ ဘေစန္ဒီမိဖုရားလည်း နဂါး တစ်သိန်းတို့နှင့်နှလုံးမသာ ငါတို့သည် သာသနာတော်အတွင်း၌ ကြုံကြိုက်ရသော်လည်း ရဟန်း အဖြစ်ကိုမရပါလေဟု ငိုကြွေးမြည်တမ်းကြကုန်ကြလျက်လျှင် နေကြကုန်၏။ ဘေစန္ဒီမိဖုရားလည်း အရှင်ဘုရားရဟန်
၁၂၉ရိ (ကျော)ရှင်ဓမ္မရက္ခိတထေရ်သည် တေမိဇာတ်တော်ကို ဟော်တော်မူလတ်သော်၊ အရဟတ္တဖိုလ်သို့ ရောက်တော်မူ၏။ ပိဿတိုးမိဖုရားသားတော် ဒွတ္တရာဇ်မင်းသားသည် အရှင်စိန္တထေရ်၏ အနမနက္က သုတ္တန်ကိုနာ၍ အရဟတ္တဖိုလ်သို့လူပျိုတော်တစ်ထောင်စီနှင့်ချည်း ရောက်တော်မူကြ၏။ ဒွတ္တစံ မင်းသားသည် ရဟန္တာဖ
၁၃၀ရီ (ဝမ်း)ဆူး၊ ဝတ်လဲတော်တွဲပြုကို၊ မိဘုရားထုလုပ်သည်လည်းကိုးဆူ၊ ဤသို့ကုသိုလ်တော်တို့ကို လုပ်ပြီးလျှင်၊ သီရိခေတ္တရာမတိုင်း ဣသိနဂရပြည်ကြီးတွင် ပျူမင်းပြု၏။ သီရိခေတ္တရာတိုင်း ဟူသည်ကား သီရိခေတ္တတပဿ၊ ဝသဌာန်၊ သီရိခေတ္တရဌနာမဟု စာတန်း၌ဆိုသောကြောင့်၊ သီရိခေတ္တရသေ့၏ သင်္ခမ်းက